အရုပ်မရမချင်းအရုပ်ကောက်စက်ကို သွားဒုက္ခပေးနေတဲ့အန်တီကြီးရဲ့ဗီဒီယိုဖိုင်

Facebook-Stomp

အရုပ်ကောက်စက်တွေဟာ ကျွန်တော်တို့ငယ်ငယ်တုန်းကတော့ Game City တို့ Aladdin တို့မှာရှိခဲ့ပေမယ့်လို့ အခုခေတ်လောက်တော့ ခေတ်မစားခဲ့ဘူးလို့ ကျွန်တော်တို့ထင်မိတယ်ဗျ။ သူငယ်ချင်းတွေပဲကြည့်မလား၊ စုံတွဲတွေလား၊ ဟော.. ဒါမှမဟုတ် တစ်ယောက်တည်းလား၊ အရုပ်မကောက်ဖူးတဲ့သူ ဘေးနားမှာထိုင်မကြည့်ဖူးတဲ့သူဆိုလို့ မရှိလောက်ပါပဲ။

Asia One မှာ ဒီအရုပ်ကောက်စက်နဲ့ပတ်သက်ပြီး သတင်းတစ်ပုဒ်ဖတ်ခဲ့ရတယ်။ အဓိကကတော့ ဗီဒီယိုပေါ့။ အန်တီကြီးတစ်ယောက်ဟာ အရုပ်ကောက်စက်ထဲက အရုပ်မကျမချင်း စက်ကို သွားဒုက္ခပေးနေတဲ့ဗီဒီယိုတစ်ခုပါ။ ဖြစ်ပုံကဒီလို။

Facebook-Stomp

ောအက်တိုဘာ ရ ရက်နေ့၊ Lucky Plaza ရဲ့ မြေညီထပ်မှာ ဖွင့်ထားတဲ့ Bear Claw ထိုင်ဝမ်ဂိမ်းဆိုင်က စီစီတီဗီမှတ်တမ်းမှာ အဖြစ်အပျက်ကို ရိုက်ကူးထားမိခဲ့တာပါ။ မနက် ရ နာရီခွဲလောက်မှာဖြစ်သွားခဲ့တာပါ။ ဒါပေမဲ့ အရုပ်စက်တွေဟာ ၂၄ နာရီဖွင့်ထားတတ်တာကြောင့် ဆိုင်ရှင်ကတော့ ရောက်မလာသေးပါဘူး။ အစောကြီးလည်း အစောကြီးကိုး။ ဆိုင်ရှင်ရောက်လာတဲ့အချိန်မှာတော့ စက်ထဲကအရုပ်တွေက အရုပ်ကောက်ထားသလိုမျိုး ပွနေတာမဟုတ်ဘဲ စက်ထဲမှာမုန်တိုင်းဝင်ထားသလို ခြေဟန်လက်ဟန်တွေပျက်နေခဲ့တာပါတဲ့။ ဒါနဲ့ဆိုင်ရှင်က စီစီတီဗီလည်းပြန်ကြည့်ရော အခုလိုပဲတွေ့ခဲ့ရတာပါ။

READ
သုံးပြီးသားပစ္စည်းဟောင်းတွေကိုသာ တင်ရောင်းနေတဲ့ဆွီဒင်မှ စူပါမားကတ်
Facebook-Stomp

ကြည့်ရတာ အမျိုးသမီးကြီးဟာ အရင်ဆုံးစက်ကိုလှုပ်ရမ်းခဲ့တယ်၊ ပြီးမှ အကြွေစေ့ထည့်စော့ခဲ့ပေမယ့်လို့ ဘယ်လိုမှ ကောက်လို့မရတာကြောင့် ဒေါသထွက်ကာ စက်ကြီးကို လှုပ်ခါရမ်းခဲ့ပုံပါပဲ။ ဒါပေမဲ့လည်း စက်ရဲ့အလေးချိန်ဟာ ကီလိုဂရမ် ၂၀၀တောင်ရှိနောကြောင့် ပျမ်းမျှတွက်မယ်ဆို ပေါင် ၄၀၀ ကျော်လောက် လေးတဲ့စက်ကြီးပေါ့။ သူကောက်နေတဲ့ ဝက်ရုပ်ကလေးထွက်ကျလာကာမှ အရုပ်ကလေးကိုကောက်ကာ ထွက်သွားခဲ့တာပါ။

Determined auntie shakes 200kg claw machine at Lucky Plaza until stuffed toy drops out

Determined auntie shakes 200kg claw machine at Lucky Plaza until stuffed toy drops out https://bit.ly/33piMWw

Posted by Stomp on Monday, October 14, 2019

ဆိုင်ရှင်စိတ်ပူတာက သူ့စက်ကိုမဟုတ်ဘဲနဲ့ ၂ မီတာလောက်အမြင့်ရှိပြီး ပေါင် ၄၀၀ လောက်ရှိတဲ့ စက်ကြီးကို လှုပ်ရမ်းလိုက်လို့ အခန့်မသင့်လူပေါ်ပိခဲ့မယ်ဆိုရင် အဲဒီလူဟာ အန္တရာယ်ရှိနိုင်တာကြောင့် စိုးရိမ်မိတာပါတဲ့။

READ
အငြင်းပွားစရာဖြစ်လာနေတဲ့ (၁၆) နှစ်အရွယ် အီသိုယိုပီးယားအပြေးမယ်လေးရဲ့ ရုပ်ရည်

Penny

 

SHARE