၂၀၂၀ခုနှစ်ရဲ့ ကမ္ဘာ့လူသန်ကြီးပြိုင်ပွဲမှာ စံချိန်ချိုးအောင်မြင်ခဲ့တဲ့ ယူကရိန်းအမျိုးသား

instagram/novikov_strong

Covid-19 ကပ်ရောဂါကြောင့် ယခုနှစ်ရဲ့လူသန်ကြီးပြိုင်ပွဲဟာ ၆လတာနောက်ဆုတ်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း ကမ္ဘာ့အသန်မာဆုံးအမျိုးသားကြီးရဲ့သရဖူဆွတ်ခူးမှုကိုတော့ မတားနိုင်ခဲ့ပါဘူး။ ယူကရိန်းနိုင်ငံက Oleksii Novikov ဟာ ပြီးခဲ့တဲ့တနင်္ဂနွေမှာ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့အသန်မာဆုံးလူဘွဲ့ကိုရခဲ့တာဖြစ်ပါတယ်။ ယခုနှစ်ဟာ သူ့ရဲ့ ဒုတိယမြောက်ပါဝင်ယှဉ်ပြိုင်တဲ့နှစ်လည်း ဖြစ်ပါတယ်။

 

View this post on Instagram

 

A post shared by Olexii Novikov (@novikov_strong)

Novikov ဟာ partial deadlift ကမ္ဘာ့မှတ်တမ်းစံချိန်ကိုချိုးပြီး ဖလော်ရီဒါပြည်နယ် Bradenton မှာကျင်းပတဲ့ ကမ္ဘာ့အသန်မာဆုံးလူသားပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တာပါ။ Novikov ဟာ ပြိုင်ပွဲထဲ ၁၉၈၄ ခုနှစ်ကစလို့ အနိုင်ရသူတွေထဲမှာ အသက်အငယ်ဆုံးအမျိုးသားဖြစ်ပါတယ်။ သူ့အသက်က ၂၄နှစ်ပဲရှိပါသေးတယ်။ “ဒါ မယုံနိုင်စရာပဲ။ ဒါကို ခံစားကြည့်ဖူးမှနားလည်နိုင်မယ်။ ဒီခံစားချက်ကို ကျွန်တော်ရှင်းမပြတတ်ဘူး။” လို့ Novikov က USA TODAT Sports ကိုပြောပြခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Olexii Novikov (@novikov_strong)

ယခုနှစ်ပြိုင်ပွဲကတော့ ပြိုင်ပွဲဝင်တွေအနေနဲ့ ပေါင် ၃၅၀ ဝိတ်အလေးရှိတဲ့တိုင်ကြီးတွေကို တတ်နိုင်သလောက်ကြာကြာထမ်းထားရတဲ့ Hercules Hold ၊ ဘီးအကြီးကြီးနှစ်လုံးကို အလယ်ကနေသံတိုင်ခံပြီး သယ်ရတဲ့ Giants Medley ပြိုင်ပွဲစတာတွေပါဝင်ပါတယ်။ Novikov ကတော့ partial deadlift ဝိတ်အလေးမပြိုင်ပွဲမှာ အနိုင်ရခဲ့တာပါ။ သူဟာ ဝိတ်အလေးတွေကို မြေပြင်အထက် အကြမ်းဖျင်း ၁၈လက်မအထိရောက်အောင် မခဲ့တာ ဖြစ်ပါတယ်။

 

View this post on Instagram

 

A post shared by Olexii Novikov (@novikov_strong)

Novikov ကတော့ သူဟာ ဝီရီယအပြည့်နဲ့ကြိုးစားခဲ့ပေမယ့် စံချိန်ချိုးဖို့တော့ စိတ်မကူးမိခဲ့ကြောင်းဆိုပါတယ်။ သူကတော့ ပြီးခဲ့တဲ့လတွေအတွင်းမှာလည်း သူဟာ training session တစ်ခုထဲအတွက်ပဲ ကြိုးစားလုပ်ဆောင်ခဲ့ကြောင်းလည်း ပြောပါတယ်။ ဒီပြိုင်ပွဲမှာ အစတုန်းကတော့ မေလမှာကျင်းပပြုလုပ်ဖို့လျာထားခဲ့ကြတာပါ။ ဒါပေမဲ့လည်း Covid-19 ကပ်ရောဂါဖြစ်လာလို့ တခြားပြိုင်ပွဲတွေလိုပဲ နောက်ဆုတ်ခဲ့ရတာဖြစ်တယ်လို့လည်း usatoday  အရ သိရပါတယ်။

ShweMom

SHARE