ဆီးနှင်းတွေထဲမှာ ဓာတ်ပုံအလန်းတွေရိုက်ပြီးနောက် ဆေးရုံတင်လိုက်ရတဲ့ အဆိုတော်မမ

ရုရှားနိုင်ငံက ပေါ့ပ်အဆိုကျော်တစ်ယောက်ဟာ ဒူးလောက် နှင်းတွေဖုံးလွှမ်းနေတဲ့ တောင်ပေါ်မှာ ညှို့အားပြင်းတဲ့ ကိုယ်နေဟန်ထားတွေနဲ့ ဖိုတိုရှုတစ်ခု ရိုက်ကူးပြီးတဲ့ နောက်ချက်ချင်း ဆေးရုံတင်လိုက်ရပါတယ်။

ရင်သပ်ရှုမောဖွယ် အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ Olga Buzova ဟာ အသက် (၃၃) နှစ်အရွယ် ရှိပြီ ဖြစ်ပြီး အရင်က ရုရှားဘောလုံးသမား Dmitri Tarasov ရဲ့ ဇနီးဟောင်းဖြစ်ခဲ့ဖူးပါတယ်။ သူမက ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်းက Courchevel မှာရှိတဲ့ Alpine ဇိမ်ခံ အပန်းဖြေစခန်းမှာ ပျော်ရွှင်စွာနဲ့ ရှိနေခဲ့တာပါ။

CENTRAL EUROPEAN NEWS

ပေါ့ပ် အဆိုတော်လည်းဖြစ်၊ ရုပ်သံ ကျော်ကြားသူတစ်ယောက်လည်းဖြစ်တဲ့ သူမဟာ အင်စတာဂရမ်မှာဆို ပရိတ်သတ် (၁၄.၇) မီလီယံရှိတဲ့ ဆယ်လီတစ်ယောက်ဖြစ်တယ်။

CENTRAL EUROPEAN NEWS
CENTRAL EUROPEAN NEWS

သူမဟာ အခုလို ဓာတ်ပုံမျိုးတွေ အမြဲရိုက်ချင်နေခဲ့တာဖြစ်ကြောင်း၊ အခုတစ်ခေါက်မှာ တစ်ခုခုမှားယွင်းသွားခဲ့ကြောင်း ပြောပြပါတယ်။ Buzova ဟာ သူမ နှင်းတောစီး ဖိနပ်နဲ့ ရေကူးဝတ်စုံ ၀တ်ထားပြီး နှင်းတောမှာ ရှိနေပုံ ဗီဒီယိုကိုလည်း ဖော်ပြခဲ့တယ်။ သူမရောက်ရှိနေချိန်မှာ ရာသီဥတုက  သုညဒီဂရီကို ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။

READ
ကြည့်ရှုနှုန်း အရမ်းများနေတဲ့ မြင့်မြတ်နဲ့ K ညီတို့ရဲ့ အက ဗီဒီယိုဖိုင်
CENTRAL EUROPEAN NEWS
CENTRAL EUROPEAN NEWS

ပြည်တွင်း မီဒီယာတွေရဲ့ ဖော်ပြချက်တွေမှာတော့ Buzova က အဲ့ဒီကနေတစ်ဆင့် Latvia နိုင်ငံ Riga မြို့မှာ ကျင်းပမယ့် A Man In High Deman ဆိုတဲ့ရှိုးကို သွားတဲ့လမ်းမှာ ရုတ်တရက်ဖျားနာလာပြီး ဆေးရုံးပို့လိုက်ရတယ်လို့ တွေ့ရပါတယ်။ စိုးရိမ်စရာတော့ သိပ်မရှိပါဘူးလို့ သိရပါတယ်။

CENTRAL EUROPEAN NEWS

 

Ref: The Sun

READ
ဒီဇင်ဘာနောက်ဆုံးပတ်အတွင်း BILL BOARD TOP TEN ဝင် နိုင်ငံတကာ သီချင်းကောင်းများ
Matthew (ShweMOM)
SHARE