မွေးနေ့ဗီဒီယိုမှာ ဂိုက်ပေးအကြမ်းလွန်ပြီး ဒုက္ခရောက်မလို ဖြစ်ခဲ့ရတဲ့ မင်းသမီး Olivia Munn

[email protected]

Olivia Munn လို့ ပြောလိုက်တာနဲ့ “Love Wedding Repeat” ဆိုတဲ့ ဇာတ်ကားလေးကို တော်တော်များများ ပြေးမြင်ကြမှာပါပဲ။ Olivia ဟာ အဲဒီဇာတ်ကားတစ်ကားတည်းသာမကပဲ The Predator, X-Men: Apocalypse, Iron Man 2, Big Stan အစရှိတဲ့ နာမည်ကြီးဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ နာမည်ကြီး မင်းသမီးတစ်ဦးပဲ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ကတော့ Olivia ရဲ့ အသက် ၄၀ ပြည့်နှစ် မွေးနေ့ပဲ ဖြစ်ပါတယ်။ အဲဒီနေ့မှာ Olivia ဟာ ရေတံခွန်တစ်ခုကို ရောက်နေခဲ့တာဖြစ်ပြီး သူမရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ လက်ကလေးနှစ်ချောင်းထောင်ကာ ပို့စ်ပေးနေတဲ့ ဗီဒီယိုဖိုင်လေးတစ်ခုတောင် သူမရဲ့ ပရိသတ်တွေအတွက် အမှတ်တရဖြစ်အောင်  သူမရဲ့ Instagram ကနေ တင်ခဲ့သေးကြောင်း Today သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

READ
Love Equation ရုပ်ရှင်ကန်တော့ပွဲမှာ အတူတွေ့ရတဲ့ သက်မွန်မြင့်နဲ့ ဖွေးဖွေး

https://www.instagram.com/p/CCM5hImArdc/?utm_source=ig_embed&utm_campaign=embed_video_watch_again

ဗီဒီယိုထဲမှာတွေ့ရတဲ့အတိုင်း ပို့စ်ပေးပြီး သိပ်မကြာခင်မှာပဲ Olivia ဟာ အနောက်ကို ခြေထောက်ဆုတ်လိုက်တဲ့အချိန် ခြေချော်ပြီး ခြေချင်းဝတ်နဲ့ ကျောက်တုံးကို တိုက်မိခဲ့ပါတယ်။ တော်တော်လေးတော့ နာသွားတဲ့ပုံပါပဲ။ မျက်နှာခေလးကို ရှုံ့မဲ့သွားပြီး သူ့ကိုယ်သူ အသံတိတ်ဆဲနေခဲ့ပါသေးတယ်။ အဲဒီဗီဒီယိုဖိုင်ကိုတော့ “၂၀၂၀ ကတော့ ငါ့ကို ဆောင့်ကန်လိုက်ပြန်ပြီဟေ့။ ဘာပဲဖြစ်ဖြစ် မွေးနေ့မှာ ဆုတောင်းပေးတဲ့ လူတွေကို ကျေးဇူးတင်ပါတယ်” ဆိုတဲ့ caption နဲ့ သူမရဲ့ Intagram မှာ ဗီဒီယိုဖိုင် တင်ခဲ့ပါသေးတယ်။

https://www.instagram.com/p/B-saKR5g-jW/

အဆိုပါ ဗီဒီယိုရဲ့ အောက်မှာတော့ Olivia ရဲ့ ပရိသတ်တွေကလည်း သူမအတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြသလို နာမည်ကြီးအကသမားတစ်ဦးဖြစ်တဲ့ Amanda Kloots, ဖက်ရှင်ဒီဇိုင်းနာတစ်ဦးဖြစ်တဲ့ Rachel Zoe, အနုပညာရှင်တော်တော်များများရဲ့ ဆံပင်အလှပြုပြင်သူ Chad Wood တို့ကလည်း Olivia အတွက် မွေးနေ့ဆုတောင်းတွေ ရေးသားခဲ့ကြပါတယ်။

READ
ရင်အေးစရာအလှလေးနဲ့ တွေ့ရတဲ့ နော်ဖောအယ်ထား

https://www.instagram.com/p/B5EHJ35AfYj/

Pyi Hein Kyaw

SHARE