ဟိုတလောတုန်းက Shwemom မှာပဲ သီချင်းတွေနဲ့ရန်ဖြစ်နေကြတဲ့ ဟောလိဝုဒ်ရဲ့နာမည်ကြီး သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆယ်လီသတင်းတစ်ပုဒ်တင်ခဲ့ဖူးပါတယ်။ အဲဒီဇာတ်လမ်းကတော့ Olivia Rodrigo, Joshua Bassett နဲ့ Sabrina Carpenter ဆိုတဲ့ လူငယ်အနုပညာရှင်လေး ၃ ယောက်ကြားထဲက အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ကိုတော့ အပေါ်က အပြာရောင်စာသားလေးကိုနှိပ်ပြီး အသေးစိတ်ပြန်ပြီးဖတ်နိုင်ပါတယ်နော်။
အကျဉ်းချုပ်ပြန်ပြောရမယ်ဆိုရင်တော့ သုံးယောက်သားဟာ Highschool Musical ဇာတ်လမ်းတွဲသစ် ထဲမှာ အတူတူပါခဲ့ကြရင်း ရင်းနှီးခဲ့ကြပါတယ်။ ဒါပေမဲ့ Olivia Rodrigo နဲ့ Joshua Bassett ကတော့ ခေါင်းဆောင်မင်းသမီး၊ မင်းသားအဖြစ်သရုပ်ဆောင်ရင်းနဲ့မှ ရင်းနှီးပြီးတော့ ချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။ Disney ကုမ္ပဏီနဲ့ ချုပ်ထားတဲ့ စာချုပ်စည်းမျဉ်းတွေအရ လူသိရှင်ကြားချစ်သူဖြစ်ကြောင်း ၀န်ခံလို့တော့ မရခဲ့ပါဘူး။ Olivia နဲ့ Joshua တို့ တိတ်တိတ်လေး တွဲပြီးကာမှ Sabrina Carpenter တစ်ယောက် ဝင်ရောက်လာတဲ့အတွက် Olivia နဲ့ Joshua တို့ ပြတ်သွားခဲ့ကြပါတယ်။
View this post on Instagram
View this post on Instagram
ဒီဖြစ်ရပ်တွေအကုန်လုံးကို Olivia က သူမရဲ့ Billboard နံပါတ်တစ် Drivers License ဆိုတဲ့သီချင်းထဲ ထည့်ဆိုကာ ဖွင့်ချခဲ့ပါတယ်။ အဲဒီသီချင်းကြောင့်ပဲ ပရိသတ်သတ်တွေလည်း သုံးပွင့်ဆိုင်ဇာတ်လမ်းကို လုံးဝနားလည်သဘောပေါက်ရင်း တတိယလူဟာ Sabrina Carpenter ဆိုတာကို သိသွားခဲ့ကြတာပါ။
Sabrina Carpenter တစ်ယောက်ကတော့ ဒါကို သိပ်ပြီးမကျေနပ်တဲ့ပုံပါပဲ။ ဘာကြောင့်လဲဆိုတော့ သူမကိုယ်တိုင်ဟာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက Skin ဆိုတဲ့ သီချင်းတစ်ပုဒ်ကို တင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ YouTube မှာ လူကြည့်အများဆုံး နံပါတ် ၉ နေရာမှာ ရောက်နေခဲ့တာဖြစ်ပါတယ်။
View this post on Instagram
ဒီသီချင်းထဲ Olivia ကို တည့်တိုးတွေ ဆိုထားခဲ့တာကို အားလုံးက ရိပ်မိနေခဲ့ကြပါတယ်။ ဥပမာဆိုရရင် “နင်နဲ့ငါ နောက်ဘဝမှာတွေ့ရင်တော့ သူငယ်ချင်းဖြစ်ကောင်းဖြစ်နိုင်မယ်” တို့၊ “ရွှေရောင်ဆံပင်နဲ့က ငါတစ်ယောက်ပဲ ရှိတာလား” တို့၊ “ကောင်လေးက ငါ့ကိုထိနေချိန် နင်ကတော့ အသည်းတွေကွဲပေါ့” စသဖြင့်ပေါ့။
အခု Twitter မှာတော့ ဒီသီချင်းနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ထိုးတက်နေပါပြီ။
penny