လက်တလော လူငယ်တွေကြားထဲမှာ ခေတ်စားနေတဲ့ ဟောလိဝုဒ်က သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးတစ်ခုရှိနေပါတယ်။ အဲဒါကတော့ Olivia Rodrigo, Joshua Bassett နဲ့ Sabrina Carpenter တို့ကြားထဲက ဇာတ်လမ်းလေးပါ။ အရင်ဆုံး သူတို့ ဘယ်သူလဲဆိုတာ မိတ်ဆက်ပေးပါရစေ။
Olivia Rodrigo ကတော့ Drivers License နဲ့ Apple Music တို့ Billboard တို့မှာ hit ဖြစ်နေခဲ့တဲ့ သရုပ်ဆောင်-အဆိုတော်မလေးဖြစ်ပါတယ်။ သူမရဲ့အကြောင်းကိုလည်း Shwemom မှာ ဖော်ပြပြီးတာကြောင့် ဒီမှာနှိပ်ပြီး ဖတ်နိုင်ပါတယ်။ Olivia ဟာ Taylor Swift နဲ့တောင် Apple Music မှာ ရှေ့ဆင့်နောက်ဆင့် နာမည်ကြီးနေခဲ့တာဖြစ်ပြီး Taylor Swift ကိုယ်တိုင်ရဲ့ ချီးကျူးခြင်းကိုလည်း ခံနေရတဲ့သူလေးပါ။
View this post on Instagram
သူမနဲ့ Joshua Bassett တို့ဟာ High School Musical ဇာတ်လမ်းတွဲအသစ် ရိုက်ကူးနေတဲ့အထဲ ခေါင်းဆောင်မင်းသမီးနဲ့ မင်းသားတွေအဖြစ် ပါဝင်နေခဲ့ကြတာပါ။ ဇာတ်လမ်းထဲမှာလည်း နှစ်ယောက်သား မေတ္တာသက်ဝင်သွားတဲ့ပုံစံမျိုး ရိုက်ရင်း အပြင်မှာပါ ချစ်သူတွေဖြစ်သွားခဲ့ကြတာ ပရိသတ်တွေအသိပါပဲ။
ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်တုန်းက Olivia ဟာ သူမရဲ့ Tiktok မှာ Joshua နဲ့ပြတ်သွားပြီဆိုပြီး ပရိတ်သတ်တွေကို အသိပေးခဲ့ပါတယ်။ စစချင်း ပရိတ်သတ်တွေက ဘာမှန်းမသိခဲ့ပေမယ့်လို့ Joshua တစ်ယောက် Common Sense တို့ Anyone Else တို့ စတဲ့ သီချင်းတွေထဲ သူကပဲ Olivia ကို မပြတ်နိုင်သလို၊ ပြန်လိုချင်သလိုလို၊ Olivia ကပဲ နောက်ကောင်လေးတွေ့ပြီး ဖောက်ပြန်သလိုတွေ လုပ်လာခဲ့တဲ့အတွက် လူတွေက Olivia ကြောင့်ပဲ ပြတ်တယ်လို့ ထင်ခဲ့ကြတာပါ။
View this post on Instagram
အခုကျတော့မှ Olivia ရဲ့ Drivers License ဆိုတဲ့ သီချင်း ဇန်နဝါရီလ ၇ ရက်နေ့မှာ ထွက်တာတော့မှပဲ ပရိတ်သတ်တွေအားလုံး အဖြစ်အပျက်တွေအကုန်လုံးကို ဆက်စပ်မိသွားခဲ့ပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ Drivers License သီချင်းထဲ “And you’re probably with that blonde girl/ Who always made me doubt/ She’s so much older than me/ She’s everything I’m insecure about,” ဆိုတဲ့ စာသားကြောင့်ရယ်ပါ။ Joshua နဲ့ ဖောက်ပြန်ခဲ့တဲ့ တတိယမြောက်လူဟာ သူမထက် အသက်ကြီးတယ်၊ ရွှေအိုရောင်ဆံပင်ရှိပြီးတော့ သူမနဲ့ ပုံစံ လုံးဝမတူဘူးစတဲ့ အချက်တွေကြောင့် ဘယ်သူလဲဆိုတာ ပရိသတ်တွေ သိသွားခဲ့တာပါ။
Olivia ရည်ရွယ်တဲ့ သူကတော့ သရုပ်ဆောင် အဆိုတော်မလေး Sabrina Carpenter ပဲဖြစ်ပါတယ်။ သူမဟာ Olivia ထက် အသက် ၃ နှစ်ကျော် ၄ နှစ်နီးပါးလောက်ရှိနေပြီးတော့ ရွှေရောင်ဆံပင် (Blonde Hair) ပိုင်ရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ Sabrina Carpenter ကိုတော့ PUBG ဂိမ်း ပရိသတ်အများစုက သိမယ်ထင်ပါတယ်။ PUBG အတွက် ရည်ရွယ်ထားတဲ့ On My Way သီချင်းကို Alan Walker , Farruko တို့နဲ့ ပူးပေါင်းပြီး ဖန်တီးခဲ့သူက Sabrina Carpenter ပါ။
View this post on Instagram
အခုတော့ Olivia နဲ့ Joshua ကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ပရိတ်သတ်တွေလည်း သဘောပေါက်သွားခဲ့ပါပြီ။ Olivia လေးကိုတော့ လူတိုင်းက သနားနေကြတာပေါ့။ ကိုယ်တွေ့ဖြစ်ရပ်တွေနဲ့ ဆိုထားခဲ့တဲ့ Drivers License လေးကိုလည်း နားထောင်ပေးကြပါဦး။
penny