သီချင်းသစ်တစ်ပုဒ်ထဲနဲ့ ရှိသမျှ streaming နေရာတွေကို အပိုင်သိမ်းပစ်ခဲ့တဲ့ ကောင်မလေး

Instagram- @olivia.rodrigo

“Drivers License” ဆိုတဲ့ သီချင်းကိုတော့ ဆယ်ကျော်သက်နဲ့ ၂၀ ကျော်သီချင်းချစ်သူတွေနဲ့ အနည်းဆုံး တစ်ကြိမ်လောက်တော့ နားထောင်ဖူးကြမှာပါ။ သီချင်းဟာ ဇန်နဝါရီလ ၇ ရက်နေ့တုန်းက music video ပါ တစ်ခါတည်း ထွက်လာခဲ့တာပါ။

အခု ၁ ပတ်တောင်မပြည့်သေးတဲ့အချိန်မှာပဲ YouTube မှာ viewer ပေါင်း 22,796,270 တောင် ရနေခဲ့ပါပြီ။ သူမက ဘယ်သူလဲ၊ ဘယ်ကလဲစတဲ့ စိတ်ဝင်စားဖွယ် အကြောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

View this post on Instagram

 

A post shared by Olivia Rodrigo (@olivia.rodrigo)

သူမနာမည်ကတော့ Olivia Rodrigo ပါ။ အသက် ၁၇ နှစ်သာရှိနေသေးပြီးတော့ ဖိလစ်ပိုင်-အမေရိကန်သွေးနှောလေးတစ်ယောက်ဖြစ်ပါတယ်။ Olivia ဟာ ယနေ့ခေတ်လူငယ်တွေကြားထဲမှာ တက်လမ်းအများဆုံးသော အနုပညာရှင်တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံနေရတာပါ။

 

View this post on Instagram

 

A post shared by Olivia Rodrigo (@olivia.rodrigo)

သူမကို လူတွေစသိခဲ့တာကတော့ High School Musical: The Musical ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသမီးအဖြစ် အရွေးခံရတုန်းကပါပဲ။ နောက် Olivia အနေနဲ့ သီချင်းတွေပါ ဆိုနေခဲ့ပြီးတော့ (၂၀၀၀) ခုနှစ်ဖွား လူငယ်ပရိသတ်သတ်တွေကြားမှာ ခေတ်စားလာခဲ့တာပါ။

 

View this post on Instagram

 

A post shared by Olivia Rodrigo (@olivia.rodrigo)

အခုလည်း Olivia ရဲ့ သီချင်းသစ် Driver License ဟာ Apple music မှာလည်း နားထောင်ကြတဲ့လူတွေ များနေပြီးတော့ Taylor Swift ရဲ့ သီချင်းနဲ့တောင်မှပဲ ရှေ့ဆင့်နောက်ဆင့်ဖြစ်နေခဲ့ကြပါတယ်။ အဲဒါကြောင့် Taylor Swift ကတောင်မှပဲ Instagram မှာ ပေါ်တင်ကို ချီးမွမ်းခဲ့ပါသေးတယ်။

 

View this post on Instagram

 

A post shared by Olivia Rodrigo (@olivia.rodrigo)

ဒါကတော့ Driver License သီချင်းလေးပါ။

READ
မြန်မာဝတ်စုံနဲ့ အလှပုံလေးတွေ တင်လိုက်တဲ့ သင်ဇာဝင့်ကျော်

penny

SHARE