နိုင်ထက်စီးနင်းလုပ်တတ်တဲ့ နည်းပြတွေအကြောင်းကို ရင်ဖွင့်လာခဲ့တဲ့ အားကစားမယ်လေး

[email protected] _jessicayu_

လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါဖြစ်တာကြောင့် အားကစားပြိုင်ပွဲတော်တော်များများ ရပ်နားခဲ့ရသလို UFC ပွဲစဉ်တွေ၊ ဘောလုံးပွဲတွေနဲ့ ဘတ်စကတ်ဘောပွဲစဉ်တွေကတော့ ကွင်းပိတ်ပြီး ယှဉ်ပြိုင် ကျင်းပနေကြပြီ ဖြစ်ပါတယ်။ မကြာခင်လည်း ဂျပန်နိုင်ငံမှာ အိုလံပစ် ၂၀၂၀ ပွဲကြီး ကျင်းပမယ့်အချိန်က တဖြည်းဖြည်းနဲ့ နီးကပ်လို့လာပြီပဲ ဖြစ်ပါတယ်။ အခုလည်း စင်ကာပူနိုင်ငံရဲ့ အိုလံပစ်လက်ရွေးစင် အမျိုးသမီး စကိတ်စီးသူတစ်ဦးဖြစ်တဲ့ Jessica Yu ကတော့ အိုလံပစ်ကော်မတီအနေနဲ့ ကစားသမားတွေအပေါ် နိုင်ထက်စီးနင်းဆက်ဆံတတ်တဲ့ နည်းပြတွေကို အိုလံပစ်ပြိုင်ပွဲတွေမှ ထုတ်ပယ်သင့်ကြောင်း ပြောကြားခဲ့တယ်လို့ Channel New Asia သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

💃🏻❤️

A post shared by Jessica Shuran Yu (@_jessicayu_) on

အသက် ၂၀ ရှိပြီဖြစ်တဲ့ Jessica ဟာ တရုတ်နိုင်ငံမှာ ဖွားမြင်ခဲ့ပြီး လက်ရှိမှာတော့ စင်ကာပူနိုင်ငံရဲ့ အမျိုးသမီးလက်ရွေးစင် ရေခဲပြင် စကိတ်စီးသမားတစ်ယောက်ဖြစ်ပါတယ်။ Jessica ဟာ ၂၀၁၇ ခုနှစ်တုန်းကလည်း Southeast Asian Games ပြိုင်ပွဲတွေမှာ စင်ကာပူနိုင်ငံအတွက် ရွှေတံဆပ်ဆု တော်တော်များများ ဆွတ်ခူးပေးနိုင်ခဲ့တဲ့ ကစားသမားတစ်ယောက်ဆိုလည်း မမှားပါဘူး။

 

 

 

View this post on Instagram

 

#MOOD because I’ve got a (much needed) 4 day weekend 🙌 #senioryear

A post shared by Jessica Shuran Yu (@_jessicayu_) on

မကြာသေးခင်အချိန်ကလည်း Britain, New Zealand, France အစရှိတဲ့ နိုင်ငံတွေ က အိုလံပစ်ကစားသမားတွေဟာ သူတို့နည်းပြတွေဟာ သူတို့ကို လေ့ကျင့်နေတဲ့အချိန်တွေမှာ အရမ်းကို နိုက်ထက်စီးနင်းပြုမှုတွေ ပြုလုပ်ပြီး အနိုင်ကျင့်ကြောင်း IOC(International Olympic Committee) ကို တိုင်ကြားမှုတွေ ရှိခဲ့ပါတယ်။ “ဒီလိုနည်းပြဖြစ်သူတွေက အနိုင်ကျင့်နေရင် တော်တော်များများက နည်းပြတွေကို အပြစ်မမြင်ပါဘူး။ ကစားသမားတွေကိုပဲ အပြစ်ပြင်ကြတာများပါတယ်။ ပြိုင်ပွဲမှာ မနိုင်လို့ရှိရင်ကျတော့ ကစားသမား အသုံးမကျတဲ့ပုံစံတွေပဲ ဝေဖန်တတ်ကြပါတယ်။ အဲဒီပြိုင်ပွဲမတိုင်ခင် လေ့ကျင့်နေတဲ့အချိန်တွေမှာ နည်းပြတွေဆီက ဘယ်လောက်တောင် စိတ်ပျက်ပြီး တော်တော်စိတ်ညစ်ဖို့ကောင်းတဲ့ ပုံစံတွေနဲ့ ဆက်ဆံခံနေရလဲကျတော့ ဘယ်သူမှ မသိချင်ကြဘူး။ IOC အနေနဲ့ ဒီလို စိတ်ပျက်ဖို့ကောင်းတဲ့ နည်းပြတွေကို  အိုလံပစ်ပွဲတွေကနေ ထုတ်ပယ်ပြီး အရေးယူသင့်ပါတယ်”လို့ Jessica က ပြောကြားခဲ့ပါတယ်။

READ
တန်ချိန် 250၊ တောင်ပံအလျှား 385 ပေ အရှည်ရှိ ကမ္ဘာ့အကြီးဆုံး လေယာဉ်

 

 

View this post on Instagram

 

Spent this whole day in the sun without waterproof sunscreen so my chest was as red as my dress 😪

A post shared by Jessica Shuran Yu (@_jessicayu_) on

Pyi Hein Kyaw

SHARE