ကင်ဆာဝေဒနာသည်မိခင်ကို စောင့်ရှောက်ဖို့အတွက် ကျောင်းထွက်ခဲ့တဲ့ လူငယ်လေး

လျိုရှင်းဟုန်ဟာ အသက်(၂၀) နှစ်အရွယ်သာ ရှိသေးတဲ့ အမျိုးသားလေးတစ်ဦးပါ။ အသက်ငယ်ငယ်လေး ဖြစ်ပေမယ့် သူဟာ ဆေးရုံနဲ့ အနေမစိမ်းပဲ မိခင် ကင်ဆာဝေဒနာသည်ကြီးကို ပြုစုပေးနေတာ ဖြစ်ပါတယ်။ လျိုရှင်းဟုန်ရဲ့ မိခင်ကတော့ parotid ကင်ဆာလို့ခေါ်တဲ့ အဓိက တံတွေးဂလင်းကြီးမှာ ကင်ဆာရောဂါဖြစ်နေတာပါ။ လွန်ခဲ့တဲ့ တစ်နှစ်ကစပြီး လျိုရှင်းဟုန်ရဲ့ ဘ၀ဟာ အပြောင်းလဲကြီး ပြောင်းလဲခဲ့ပါတယ်။ သူဟာ ထိုအချိန်တုန်းက ထိုင်ဝမ် ယူလင်းကောင်တီက တက္ကသိုလ်တစ်ခုမှာ ပထမနှစ်တက်ရောက်ဖို့ ပြင်ဆင်နေတဲ့ အချိန်ပါ။

Credit: Facebook

အဲဒီအချိန်မှာပဲ မိခင်က ကင်ဆာဖြစ်နေပြီး ကင်ဆာကြိတ်တွေဟာ ကိုယ်ခန္ဓာအစိတ်အပိုင်းနေရာတော်တော်များများကို ပြန့်နှံ့နေပြီဆိုတဲ့ သတင်းဆိုးကို ကြားလိုက်ရတာပါ။ ဒါကြောင့် လျိုရှင်းဟုန်ဟာ သူ့အနေနဲ့ အကောင်းဆုံးဖြစ်နိုင်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပါတယ်။ သူရဲ့ဆုံးဖြတ်ချက်ကတော့ တက္ကသိုလ်ကထွက်ပြီး ဆေးရုံတက်နေရတဲ့ မိခင်ကြီးဘေးမှာ အချိန်ပြည့်စောင့်ရှောက်ဖို့ ဖြစ်ပါတယ်။

Credit: Facebook

လျိုရှင်းဟုန်က သူဟာ ပညာရေးကို အချိန်မရွေးဆက်လုပ်နိုင်ပေမယ့် မိခင်ကိုတော့ အစားထိုးလို့ မရပါဘူးလို့ ဆိုပါတယ်။ “ကျွန်တော့်မှာ အမေတစ်ယောက်ပဲ ရှိတယ်။ ပညာရေးကတော့ နောက်ကျမှ ဆက်လုပ်လည်း ရပါတယ်..” လို့ ဆိုပါတယ်။ လျိုရှင်းဟုန်ကတော့ သူ့ရဲ့ အနာဂတ်ပညာရေးကို စွန့်လွှတ်ပြီး မိခင်ကို အချိန်ပြည့်ပြုစုစောင့်ရှောက်နေရတဲ့အပေါ် နောင်တမရဘူးလို့ ဆိုလိုက်ပါတယ်။

READ
မိမိနဲ့ ထူးထူးခြားခြား သွင်ပြင်တူတဲ့ကြောင်လေးကို တွေ့ရှိခဲ့တဲ့ ကလေးငယ်
Credit: Facebook

“အမေက ကျွန်တော့်ကို အချိန်တွေအများကြီးပေးပြီး ပြုစုစောင့်ရှောက်ခဲ့တယ်။ ကျွန်တော့်အိမ်စာတွေနဲ့ အခြားအရာတွေကိုလည်း ကူပေးတယ်။ ကျွန်တော်ကတော့ အမေကို အချိန်သိပ်မပေးခဲ့ရဘူး။ ဒါကြောင့် အခုတော့ အမေအတွက် အချိန်ပြည့်ပေးချင်တယ်။ အမေက ဘယ်နေ့ ရုတ်တရက်ထွက်ခွာသွားမလဲဆိုတာ မသိနိုင်ဘူးလေ…” လို့ လျိုရှင်းဟုန်က မျက်ရည်အ၀ိုင်းသားနဲ့ ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ဖေ့စ်ဘုတ်ပို့စ်မှာလည်း သူက မိခင်ဖြစ်သူကို ချစ်တဲ့အချစ်တွေနဲ့ မိခင်ရဲ့ ကျေးဇူးတရားတွေကို ဖော်ပြခဲ့ပါတယ်။

Credit: Facebook

လျိုရှင်းဟုန်ဟာ မိခင်ဖြစ်သူ ကျန်းမာရေးကောင်းဖို့အတွက် ဘုရားဆီမှာ ဆုတောင်းဖို့လည်း မမေ့လျော့ခဲ့ပါဘူး။ နေ့စဉ်နေ့တိုင်း သူဟာ ဘုရားဆီမှာ မပျက်မကွက် ဆုတောင်းလေ့ရှိပါတယ်။ လျိုရှင်းဟုန်မှာ ညီလေးတစ်ယောက်နဲ့ ဖခင်လည်း ရှိပါသေးတယ်။ ဖခင်ဖြစ်သူကတော့ သူတို့ရဲ့ ဈေးဆိုင်လေးမှာ  ဆိုင်ထိုင်နေရပြီး ညီလေးကတော့ ကျောင်းကအပြန်မှာ အစ်ကိုဖြစ်သူ လျိုရှင်းဟုန်နဲ့ မိခင်ဆီ လာပြီး ကူညီလုပ်ကိုင်ပေးတတ်ပါတယ်။ လျိုရှင်းဟုန်ရဲ့ ဖခင်ကတော့ လျိုရှင်းဟုန်ဟာ မိသားစုအတွက် အားကိုးရသူတစ်ယောက်ဖြစ်တာကြောင့် သူ့အနေနဲ့ အမြဲတမ်းဂုဏ်ယူရကြောင်း ပြောပြခဲ့ပါတယ်။

READ
အမှိုက်ကောက်တာ ရှက်စရာမဟုတ်ကြောင်း သက်သေပြခဲ့တဲ့ ဘောလုံးပရိသတ်များ

လင်းလင်း (ShweMom)

Ref. en.goodtimes.my

SHARE