အပြေးသမား (၂၀၀)ကျော် ကလိမ်ကကျစ်လုပ်ခဲ့ကြလို့ ပွဲပျက်သွားခဲ့ရတဲ့ မာရသွန်ပွဲ

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တရုတ်နိုင်ငံ ရှန်ဇန်းမှာ ကျင်းပခဲ့တဲ့ မာရသွန်ပြိုင်ပွဲတစ်ခုကတော့ အားကစားသမားမပီသတဲ့ အပြေးသမားတွေကြောင့် ပွဲပျက်သွားခဲ့ပါတယ်။ (၁၃) မိုင်အကွာအဝေးရှိတဲ့ ပြေးလမ်းကြောင်းမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အပြေးသမားပေါင်း (၁,၀၀၀) ကျော်ပါဝင်ခဲ့ကြပြီး အဲဒီထဲက (၄) ပုံ (၁) ပုံလောက်ဟာ မသမာတဲ့နည်းလမ်းကို အသုံးပြုခဲ့ကြတယ်လို့ ပြိုင်ပွဲကျင်းပရေးကော်မတီက ဗီဒီယိုဖိုင်တွေနဲ့တကွ ထုတ်ပြန်လိုက်ပါတယ်။

AFP

မာရသွန်ပြိုင်ပွဲရဲ့ ပြေးလမ်းကြောင်းတွေဟာ U-Turn ပုံစံရှိကြပြီး ပြေးလမ်းတွေကြားမှာ သစ်ပင်တွေ ထူထူထပ်ထပ် ရှိနေခဲ့တာပါ။ အဲဒီအခြေအနေမှာ ပြိုင်ပွဲဝင်အပြေးသမား အချို့က ပြေးလမ်းတစ်ဝက်ကနေ အခြားတစ်ဖက်ကို သစ်ပင်တွေကြားထဲကနေ ကူးဖြတ်လာခဲ့ပြီး သူတို့ပြေးရမယ့် မိုင်အကွာအဝေးကို လျော့ချခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ဗီဒီယိုမှတ်တမ်းတွေအရ ပြိုင်ပွဲဝင်တွေဟာ (၁)မိုင်ခွဲကနေ (၂) မိုင်နီးပါးပြေးရမယ့် ပမာဏကို ဒီလိုနည်းနဲ့ လျော့ချနိုင်ခဲ့ပြီး သစ်ပင်တွေကြားကနေ ပြေးထွက်လာသူတွေကို ကောင်းကင်ကနေ ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းတွေမှာ တွေ့ခဲ့ရပါတယ်။

READ
တန်ဖိုးကြီးပစ္စည်းတွေထဲကမှ ဘီယာတွေကိုပဲ ကတ်လိုက် ရွေးခိုးသွားတဲ့ သူခိုး
Weibo

ရုပ်သံမှတ်တမ်းတွေထဲက ပုံရိပ်တွေကို ရေတွက်မှုအရ အပြေးသမား (၄၆) ဦးဟာ ဒီလိုနည်းနဲ့ အကြံအဖန်လုပ် ပြေးခဲ့ကြပြီး တခြား အပြေးသမား (၁၉၀)လောက်ကလည်း သူတို့ပြေးတဲ့ပုံစံအတိုင်း ပြေးခဲ့ကြတာပါ။

ပြိုင်ပွဲကျင်းပရေးကော်မတီက ဒီအခြေအနေနဲ့ ပတ်သက်လို့ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ရပြီး ဒီလိုနည်းလမ်းနဲ့ ပြေးခဲ့တဲ့ အပြေးသမားတွေကို ဘ၀တစ်သက်တာ ပြိုင်ပွဲဝင်ခွင့် ပိတ်သိမ်းသွားမယ်လို့ ကြေညာလိုက်ပါတယ်။ ဒီလိုနည်းလမ်းနဲ့ ပြေးနေကြသူတွေကို တွေ့ရှိခဲ့တဲ့အတွက်လည်း သူတို့ရဲ့ ဆုရွေးချယ်မှုတွေကို ရပ်နားထားလိုက်ရပြီး ပြန်လည်စိစစ်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။

တရုတ်နိုင်ငံတွင်း သတင်းဌာနဖြစ်တဲ့ ရှင်ဟွာ သတင်းဌာနက ဒီအဖြစ်အပျက်ဟာ ရှက်ဖွယ်သာဖြစ်ကြောင်းနဲ့ မာရသွန်ပြိုင်ပွဲရဲ့ ပုံရိပ်ကို ကျဆင်းစေကြောင်း ရေးသားဖော်ပြသွားခဲ့ပါတယ်။

Linn

Source : Dailymail

SHARE