လက်တစ်ဖက်တည်းနဲ့ တစ်ဘရိတ်တည်း အကုန်ထိုးပြသွားတဲ့ အမျိုးသား

တရုတ်နိုင်ငံက ဘိလိယက်ခုံ တစ်ခုမှာ လက်တစ်ဖက်မရှိတဲ့ အမျိုးသားတစ်ယောက်က သူရဲ့ ပြိုင်ဘက်ကို ပထမဆုံး တစ်ချက်သာပေးထိုးပြီး အကုန်လုံးကို တစ်ဘရိတ်တည်းထိုးပြီး အနိုင်ယူပြသွားခဲ့ပါတယ်။

အဲ့ဒီလူက သူရဲ့ သူငယ်ချင်းလို့ ယူဆရတဲ့ သူကို စထိုးခိုင်းခဲ့တယ်။ သူတို့နှစ်ယောက်က 8 ball ကစားနေကြတာပါ။ စထိုးတဲ့ သူကလည်း ကျူဘောကို ကျအောင်ထိုးလိုက်လို့ ဖောင်းဖြစ်သွားခဲ့တဲ့နောက်မှာ လက်တစ်ဖက်တည်းနဲ့ ထိုးမယ့်သူရဲ့ အခွင့်အခါကို ရောက်လာတယ်။

Unilad

သူများတွေလို လက်နှစ်ဖက်သုံးပြီး ထိုးရမယ့် နေရာမှာ တစ်ဖက်တည်းနဲ့ အကွက်အမျိုးစုံပြပြီး ထိုးသွားလိုက်တာ တချီတည်းနဲ့ ပွဲကိုပါသိမ်းပလိုက်တဲ့ထိပါပဲ။ သူ့ရဲ့ သူငယ်ချင်းဆိုရင် သူကစားနေတာကို ကြည်ပြီး အထင်ကြီးနေပုံပါပဲ၊ တစ်လုံးထိုး တစ်လုံးကျသွားတိုင်း သူ့ခများ မချင့်မရဲတွေ ဖြစ်နေတာကို ဆိုင်က ကင်မရာမှတ်တမ်းမှာ အရှင်းကြီးတွေ့နိုင်ပါတယ်။

READ
သားတွေရဲ့ လျှောက်ခြစ်လက်ရာကို Anime ဇာတ်ကောင်တွေအဖြစ် ပြောင်းလဲခဲ့သူ

လက်တစ်ဖက်တည်းရှိပေမယ့် အလွန်ပါရမီ ရင့်သန်ပုံရတဲ့ အဲ့ဒီအမျိုးသားဟာ တစ်လုံးချင်း ကျွမ်းကျင်ပိုင်နိုင်စွာ ထိုးပြသွားတာတွေ့ရမှာပါ။ ပါဝါအပြည့်နဲ့ ထိုးချက်တွေကို ပါထိုးပြသလို၊ တခြားသော ပညာတွေပါပြသသွားပါသေးတယ်။ သူရဲ့ လက်ခံပေးရမယ့် အစွမ်းတွေကို ဒီဗီဒီယိုမှာတွေ့ရမှာဖြစ်သလို အနိုင်ရသွားချိန်မှာလည်း စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေတာကိုလည်း တွေ့ရမှာပါ။

Source: Unilad

Matthew (ShweMOM)
SHARE