အရောင်နဲ့ တက်တူးတွေ ထိုးခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ကြောက်စရာ ဆိုးကျိုးအကြောင်း

Shutterstock/David Tadevosian

တကယ်လို့ သင်ဟာ ရောင်စုံ Tattoo တွေ ထိုးဖို့ စဉ်းစားနေတဲ့သူဆိုရင်တော့ ဆုံးဖြတ်ချက်မချခင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ လေ့လာစမ်းသပ်မှုတွေအရ Tattoo ထိုးတဲ့အခါမှာ ထိုးတဲ့ ပင်အပ်လေးတွေကနေတဆင့် Tattoo ထိုးသူရဲ့ သွေးရည်ကြည်လေးတွေထဲကို သံအမှုန်စလေးတွေကဝင်ရောက်သွားတာ တွေ့ရှိခဲ့ရပါတယ်။

ယူကေက နာမည်ကျော် မီဒီယာ Daily Mail မှာ ဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်အရ ပြင်သစ်နိုင်ငံ Grenoble မြို့အခြေစိုက် European Synchrotron Radiation Facility (ESRF)  သုတေသနအဖွဲ့က စမ်းသပ်ခဲ့တဲ့ ရလဒ်မှာဆိုရင် အရောင်ဆိုးဆေးတစ်ခုခုကို အသားထဲ ထိုးသွင်းလိုက်တဲ့အခါမှာ ဓာတ်မတည့်မှုကို ဖြစ်စေနိုင်တဲ့ နီကယ်နဲ့ ခရိုမီယမ်တွေပါ သွေးရည်ကြည်ထဲ စီးဝင်သွားတာကို တွေ့ခဲ့ရပါတယ်။

Shutterstock/UfaBizPhoto

ဒီကမ္ဘာပေါ်မှာ သံနဲ့ ဓာတ်မတည့်သူတွေ တော်တော်များများရှိပါတယ်။ အဲ့လိုလူတွေက သံကို ထိလိုက်တာနဲ့ အရေပြားကို ကောင်းကောင်းဒုက္ခပေးပါတယ်။ အဲ့တော့ အရေပြားထဲကို ဝင်သွားတယ် ဆိုရင် ဘယ်လောက် ဆိုးဝါးမလဲတွေးကြည့်နိုင်ပါတယ်။

READ
မြို့ထဲမှာ သေဆုံးခွင့်မပေးဘဲ တားမြစ်မိန့်ထုတ်ပြန်ထားတဲ့ နော်ဝေမြို့ကလေး

Tattoo ဆရာတွေက အပြာ၊ အစိမ်း၊ အနီလိုမျိုး အရောင်တောက်တောက်တွေ ထိုးပေးတော့မယ်ဆိုရင် Titanium dioxide ပါတဲ့အရောင်ချယ်ဆေးတွေ သုံးကြပါတယ်။ သုတေသနပြုသူတွေက ဒီအရောင်ချယ်ဆေးတွေက ခန္ဓာကိုယ်နဲ့ အရေပြားကို ဆိုးဆိုးဝါးဝါးထိခိုက်စေတယ်လို့ ပြောကြပါတယ်။

ESRF သုတေသန အဖွဲ့အနေနဲ့ Tattoo ထိုးထားတဲ့သူတွေရဲ့ သွေးရည်ကြည်ထဲမှာ သံမှုန်စတွေတွေ့ပြီးတဲ့နောက် ဒါက Tattoo နဲ့ ဘယ်လိုဆက်စပ်နေတယ်ဆိုတာကိုဆက်ပြီး သုတေသနလုပ်နေကြပါတယ်။ သူတို့က Tattoo ထိုးတဲ့နေရာမှာ သုံးတဲ့ မှင်ကို X-Ray အောက်မှာ ကြည့်လိုက်တော့ Titanium dioxide ကိုတွေ့ရှိခဲ့ပါတယ်။ ဒီဓာတုပစ္စည်းက အပ်ကိုလည်း ပါးသွားစေတာကို ထပ်ပြီးတွေ့ခဲ့ရပါတယ်။

Shutterstock/Rock and Wasp

ဒီနေရာမှာ အရေးကြီးတာက Tattoo ဆိုင်ရဲ့ နေရာ သန့်ရှင်းမှုတွေ၊ ပိုးသတ်ထားမထားဆိုတာတွေ၊ ဆေးခြယ် မှင်တွေတင်မကပါဘူး သုံးတဲ့ အပ်ကလည်း Tattoo ထိုးသူကိုရဲ့ ခန္ဓာကိုယ်ကို အကျိုးသက်ရောက်မှုတွေ ရှိနေတာပါ။

READ
ကော်ပတ်ရုပ်ခေါင်းတွေထဲ အပင်ထည့်စိုက်ထားကြတဲ့ ခြောက်ခြားစရာပန်းအိုးများ

လေ့လာမှုတွေအရ Tattoo ထိုးထားသူရဲ့ ခန္ဓာကိုယ်ထဲမှာတွေ့ရတဲ့ သံမှုန်စက ၅၀ နာနိုမီတာကနေ ၂ မိုက်ခရိုမီတာအထိ ရှည်ပါတယ်။ ဒါက ဘက်တီးရီးယား ဆဲလ်တစ်ခုအရွယ်ရှိပါတယ်။ ဒီသံမှုန်စလေးတွေက မြန်မြန်ပျံ့နိုင်လို့ ပိုကြီးတဲ့ သံမှုန်စထက် အဆိပ်အတောက် ပိုဖြစ်စေနိုင်ပါတယ်။

လက်ရှိမှာတော့ သုတေသနပညာရှင်တွေက Tattoo ကြောင့် အဆိပ်အတောက်ဖြစ်တာနဲ့ပတ်သက်ပြီး တိကျသေချာတဲ့ အဖြေကို ဆက်လက်ပြီးရှာဖွေနေဆဲဖြစ်ပါတယ်။

LWIN MIN

SHARE