ဗီရာ ကို အနိုင်ယူပြီး ဘယ်လောက်တောင်ဆရာကျကြောင်း ပြသလိုက်တဲ့ အောင်လအန်ဆန်

Twitter / MMA

ဂျပန်နိုင်ငံမှာ ထိုးသတ်ခဲ့တဲ့ One Century ပြိုင်ပွဲမှာတော့ မြန်မာ့နာမည်ကျော် တိုက်ခိုက်ရေးသမား အောင်လအန်ဆန် က သူ့ထက် ၀ိတ်တန်းမြင့်တဲ့ ဖိလစ်ပိုင် ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန်ဗီရာ ကို အနိုင်ယူပြလိုက်ပါတယ်။

ဗီရာ ဟာ အောင်လအန်ဆန်ရဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံဆုကို စိန်ခေါ်ခဲ့တာဖြစ်ပြီး ဒီပြိုင်ပွဲဖြစ်လာဖို့ (၆)လအထိ အချိန်ယူခဲ့ရတာပါ။

 

ပွဲမစခင်ကတည်းက ပြောခဲ့တဲ့အတိုင်း အောင်လအန်ဆန်အနေနဲ့ သူ့အတွက် အခက်ခဲဆုံး ပွဲစဉ်တစ်ပွဲကို ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ဒုတိယအချီမှာ ဒိုင်ပွဲရပ်နဲ့အနိုင်ရရှိသွားခဲ့တာပါ။

ဗီရာ က အတွေ့အကြုံရှိတဲ့ တိုက်ခိုက်ရေးသမားပီပီ အောင်လအန်ဆန်ကို သူ့ရဲ့လက်သီးချက်တွေ၊ တံတောင်ရိုက်ချက်တွေနဲ့ အနိုင်ရဖို့ ကြိုးစားသွားခဲ့ပေမယ့် အောင်လအန်ဆန်ရဲ့ တံတောင်ရိုက်ချက်တစ်ချက်မှာ လဲကျသွားခဲ့ရပြီးအဆက်မပြတ်တဲ့ လက်သီးချက်တွေကို ကာကွယ်နိုင်ခြင်းမရှိခဲ့လို့ ဒိုင်လူကြီးက ဒိုင်ပွဲရပ်နဲ့ အနိုင်ပေးလိုက်တာပါ။

READ
(၃)နှစ်အရွယ် အစ်ကိုကြောင့် ကားဘရိတ်ပြုတ်ပြီး၊ (၁)နှစ် ညီမလေးကို တိုက်မိသေဆုံးစေခဲ့

ဒီပွဲကို အမေရိကန်အပါအ၀င် နိုင်ငံပေါင်း (၁၄၅)နိုင်ငံက တိုက်ရိုက်ထုတ်လွှင့်ခဲ့ကြလို့ အောင်လအန်ဆန်ရဲ့ ကျော်ကြားမှုက ပိုပြီး အရှိန်အ၀ါကြီးမားသွားခဲ့ပြီဖြစ်ပါတယ်။

Linn

SHARE