
ကော်ဖီဆိုတာကတော့ လူသားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ သောက်စရာတစ်ခုပါပဲ။ လူတော်တော်များများဟာ မနက်ခင်းမှာ အိပ်ရာနိုးနိုးချင်း ဒါမှမဟုတ် အလုပ်မသွားခင်လေးမှာတင် အနည်းဆုံးကော်ဖီလေးတစ်ခွက်တော့ သောက်ချင်တဲ့ အာသီသလေး ရှိတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကော်ဖီထဲမှာ ပါဝင်တဲ့ ကဖိန်းဓာတ်ဟာ လူသားတွေရဲ့ စိတ်ဓာတ်ကို လန်းဆန်းပြီး တက်ကြွစေလို့ပဲ ဖြစ်ပါတယ်။ အများစုကတော့ ကော်ဖီစက်ကလေးဝယ်ထားပြီး ကိုယ်တိုင်ကော်ဖီကို နှပ်ပြီးသောက်သုံးတတ်ကြပါတယ်။
အပေါ်ကပုံထဲမှာ မြင်ရတဲ့ ကော်ဖီကတော့ ဒီအတိုင်းကြည့်လိုက်ရင် သာမန်ကော်ဖီခွက်တစ်ခွက်လို့ပဲ မြင်နိုင်မှာပါ။ အမှန်တစ်ကယ်တော့ အဲဒီကော်ဖီတစ်ခွက်ဟာ အမေရိကန်ဒေါ်လာ ၆၄ ဒေါ်လာ(မြန်မာငွေ ၈ သောင်းခွဲနီးပါး)တန်ဖိုးရှိတဲ့ ကော်ဖီခွက်တစ်ထွက်ပဲ ဖြစ်ပါတယ်။ အဆိုပါကောဖီဟာ အင်္ဂလန်နိုင်ငံ၊ London မြို့တစ်မြို့ထဲမှာပဲရှိတဲ့ Queens of Mayfair လို့အမည်ရတဲ့ ကော်ဖီဆိုင်မှာပဲရတဲ့ ကော်ဖီဖြစ်သလို တစ်နေ့ကို ကော်ဖီ ၁၅ ခွက်ပဲရောင်းချတဲ့ ကော်ဖီဆိုင်ပဲ ဖြစ်ပါတယ်။
ဒီလိုမျိုး ကော်ဖီကို အရေအတွက် အကန့်အသတ် နဲ့ ရောင်းချတဲ့အတွက် Queens of Mayfair ကော်ဖီဆိုင်ဟာ ရောင်းမကောင်းဘူးလို့ မထင်လိုက်ပါနဲ့။ သူတို့ဆိုင်က ကော်ဖီတစ်ခွက်ကိုသောက်ရဖို့အတွက် အနည်းဆုံး ၂ လ ကနေ ၃ လအထိ စောင့်ဆိုင်းနေရတဲ့လူတွေ အများကြီးပါပဲ။ ဒါ့အပြင် သူတို့ကော်ဖီထဲမှာ ပါဝင်တဲ့ ကော်ဖီစေ့အမျိုးအစားဟာ ရှားပါးကော်ဖီမျိုးစေ့ဖြစ်ပြီး ၁ ကီလိုဂရမ်ပါတဲ့ ကော်ဖီအိတ်တစ်အိတ်ကို အမေ၇ိကန်ဒေါ်လာ ၂၆,၀၀၀ (မြန်မာငွေ သိန်း ၃၅၀ နီးပါး)တန်ဖိုးရှိပြီး ဒီလိုမျိုးကော်ဖီစေ့နဲ့ နှပ်ထားတဲ့ ကော်ဖီဟာ အဆိုပါဆိုင်မှာ Latte နဲ့ Flat white ကော်ဖီတွေသာရကြောင်း သိရပါတယ်။
Pyi Hein Kyaw