အနှိပ်သည်အဒေါ်ကြီးနဲ့ ပျော်ပါးခဲ့တယ်လို့ သတင်းတွေထွက်နေတဲ့ Zayn Malik

Zayn Malik နဲ့ပတ်သက်တဲ့ သတင်းတစ်ပုဒ်ကတော့ မီဒီယာတွေကြားမှာ အတော်လေးကို နာမည်ကြီးနေပါတယ်။ အဲ့ဒီ သတင်းကတော့ Zayn Malik ဟာ အသက် (၄၁)နှစ်အရွယ် အနှိပ်သည်အဒေါ်ကြီး တစ်ယောက်နဲ့ အတူ အိပ် ခဲ့တယ်ဆိုတဲ့ သတင်းပါ။Gigi Hadid နဲ့ မတ်လတုန်းက ပြတ်စဲပြီးနောက် အဲ့ဒီအဒေါ်ကြီးဆီမှာ လိင်ပိုင်းဆိုင်ရာ သာယာ မှုရှာခဲ့တာပါ။Enrica Petrongari ဆိုတဲ့ မိန်းမကတော့ One Direction အဖွဲ့ဝင်ဟောင်း Zayn Malik  က တင်ပါးကြီးတဲ့ မိန်းကလေးမျိုးကို ကြိုက်တယ်လို့ ပြောခဲ့တယ်လို့ သူမက ဆိုပါတယ်။ သူမဆီမှာ အနှိပ်ခံပြီးနောက် Sexy ပုံတွေ ပို့ပေး ဖို့ တောင်းဆိုခဲ့တယ်လို့ အဲ့ဒီအမျိုးသမီးက ပြောပါတယ်။နှိ ပ်တာကတော့ ပေါင်(၁၀)သန်းတန်တဲ့ Zayn ရဲ့ New York  က အခန်းမှာ နှိပ်ပေးခဲ့တာလို့ သိရပါတယ်။

pinterest
dailymail
pinterest

Zayn နဲ့ Gigi တို့ဟာ သူတို့ရဲ့ (၂)နှစ်ကြာ ချစ်ဇာတ်လမ်းကို မတ်လမှာ အဆုံး သတ်ခဲ့ပါတယ်။ ဒါပေမယ့် ဇွန်လမှာေ တာ့ ပြန်ပေါင်းထုတ်ခဲ့ပါတယ်။မကြာသေးခင်ကမှ Vogue cover  မှာ အတူတူ ပါဝင်ထားခဲ့ကြတာပါ။ စူပါ မော်ဒယ်နဲ့ အဆိုတော် တို့ စုံတွဲ Zayn နဲ့ Gigi တို့ကို ပရိသတ်တွေ ကပါ အရမ်းလိုက်ဖက်တဲ့ စုံတွဲ အဖြစ် သဘောတူ လက်ခံ ထားကြပါတယ်။ Zayn Malik  က သူမနဲ့ ပျော်ပါးခဲ့တယ်လို့ အတိအကျပြောနေတဲ့ Enrica  က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ တုန်းက The Sun ကို အခုလိုပြောခဲ့ပါတယ်။ Zayn ဟာ  Gigi နဲ့ပြတ်စဲပြီးနောက် သူမဆီမှာ အနှိပ်ခံခဲ့ကြောင်း၊ Zayn ရဲ့ လက်ထောက်က သူမနဲ့အနှိပ်ခံဖို့ ကြိုတင်ဘိုကင်ယူပေးခဲ့တာဖြစ်ကြောင်း၊Zayn ရဲ့ အခန်းကို နှစ်ပတ် သွားခဲ့ ရတယ်လို့ ဆိုပါတယ်။အနှိပ်ခံမယ့် သူက နာမည်ကြီး ဆယ်လီဆိုတာ လောက်ပဲ သိခဲ့ရပြီး Zayn  ဆိုတာကေ တာ့ သူမက မှတ်မိပြီး သိခဲ့တာလို့ ပြောပါတယ်။Zayn ရဲ့ အိပ်ခန်းထဲကို ရောက်တော့ အိပ်နေတဲ့ Zayn ကို တွေ့ ခဲ့ ကြောင်း၊(၂) နာရီ(၃) နာရီလောက် နှိပ်ပေးခဲ့ကြောင်း၊အဲ့ဒီနောက် နှိပ်လို့ပြီးတော့ မယ့် အချိန်မှာ Zayn  က သူမရဲ့ လက်ကို လာကိုင်ခဲ့တယ်လို့ Enrica ကပြောခဲ့ပါတယ်။

READ
"ကလေးပေးချင်လို့ပါ"ဆိုတဲ့စကားသံတွေ နေ့စဉ်နဲ့အမျှရှိနေတဲ့အကြောင်းပြောလာတဲ့ခိုင်နှင်းဝေ
dailymail
dailymail
dailymail

“Zayn က ကျမကိုသူလွတ်လွတ်လပ်လပ်ပဲ နေချင်ကြောင်း စိတ်အေးလက်အေးပဲ နေပါလို့ ပြောတယ် သူက တကယ်ပဲ ဆွဲဆောင်မှုရှိတယ်ဆိုတာ ကျမသိလိုက်ရတယ်..သူ့မှာ အရမ်းမိုက်တဲ့ Body ရှိတယ်….တင်ပါးကြီး တဲ့ မိန်းကလေးတွေကို ကြိုက်တယ်လို့ ပြောတယ်..ဒါပေမယ့် နောက်ပိုင်းမှာတော့ သူက ကျမကို အသုံးချယုံ သက်သပ် ဆိုတာ သိလိုက်ရတယ်…”လို့ Enrica  ကရင်ဖွင့်ခဲ့ပါတယ်။အနှိပ်ခံပြီးနောက် အချင်းချင်းဖုန်းနံပါတ်ပေးခဲ့ကြတယ်။ Sex Chat လုပ်ခဲ့ကြတယ်လို့ ပြောပါတယ်။Enrica ကတော့ အီတလီကနေ အမေရိကန်ကို ပြောင်းလာတာ ငါးနှစ် လောက်ရှိပါပြီ။ခင်ပွန်းဖြစ်သူနဲ့ ကွဲနေတာပါ။Zayn က သူမကို အီတလီရဲ့ နတ်ဖုရားမ ဆိုပြီး ချစ်စနိုးနဲ့ တင်စား ခဲ့တယ်လို့ လည်း Enrica က ပြောပါတယ်။Zayn ရဲ့ အခန်းထဲမှာရိုက်ထားတဲ့ ပုံကို IG မှာတင်လိုက် ပြီးနောက် Zayn  ဘက်ကနေ သူမကို အဆက်အသွယ်ဖြတ်သွားတာလို့ ဆိုပါတယ်။ Zayn  တစ် ယောက် North London က အိမ်ကို ရောင်းပြီး New York City ကိုပြောင်းနေတော့မယ်ဆိုတဲ့ သတင်းတွေ ထွက် နေချိန်မှာ အခုလို သတင်းတွေ ထွက်ပေါ်လာတာပါ။

READ
ပရိသတ်တွေနဲ့မခွဲချင်သေးလို့ မင်းမျိုးနွယ်ကို အတိတ်ပြန်မေ့ခိုင်းချင်နေတဲ့ စံမြန်း
dailymail
dailymail
dailymail

Source dailymail

SHARE