ဝေဖန်မှုတွေကြားက ရှေ့နေ့ရုံးမှာ အလုပ်ရခဲ့တဲ့ လမ်းဘေးကြောင်ကလေး

instagram/Dr_Leon_Advogato

လူတွေဟာ လမ်းဘေးကြောင်တွေဆိုရင် သိပ်မနှစ်သက်ကြပါဘူး။ ဒါပေမယ့် ဘရာဇီးနိုင်ငံက ကြောင်လေးတစ်ကောင်ကတော့ ထူးထူးခြားခြား ကံကောင်းလွန်းတဲ့ ကြောင်လေးလို့ဆိုရမှာပါ။ ဘာကြောင့်လည်းဆိုတော့ သူက တစ်နေ့ ရှေ့နေရုံးတစ်ရုံးထဲ ၀င်ပြီး မိုးခိုခဲ့ရာကနေ အဲ့ဒီရုံးမှာပဲ ရှေ့နေအလုပ်လေးတစ်ခု ရခဲ့တာကို Boredpanda သတင်းကနေ သိရပါတယ်။ သူ့ရဲ့နာမည်ကိုတော့ ဒေါက်တာလီယွန်လို့ ခေါ်ပါတယ်။

instagram/Dr_Leon_Advogato

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ဘရာဇီး အမာဇိုးနီးယားပြည်နယ်မှာ မိုးတွေသည်းထန်စွာ ရွာသွန်းနေခဲ့ပါတယ်။ ဒီအချိန်မှာပဲ ဒေါက်တာလီယွန်ဟာ ဘရာဇီးရှေ့နေ့များရုံး Order of Attorneys of Brazil (OAB) ကို ရောက်လာခဲ့ပါတယ်။ မိုးတွေခြိမ်း၊ မိုးကြိုးတွေပါပစ်တော့ ဒေါက်တာလီယွန်ဟာ ခိုနားစရာနေရာလေးတစ်နေရာရဖို့ OAB ကို ရောက်လာခဲ့တာပါ။

instagram/Dr_Leon_Advogato

ရုံးမှာရှိတဲ့ ရှေ့နေတွေက သူ့ကို ကျွေးမွေးလာခဲ့တာ ဒီလိုနဲ့ တစ်ပတ်လောက် ကြာလာပါတယ်။ နေစရာသေတ္တာလေးတစ်လုံးပေး၊ အစာရေစာကျွေးမွေးရင်းနဲ့ပါ။ အဲ့ဒီတုန်းက ဒေါက်တာလီယွန်ကို တရားရုံးဆီလာတဲ့သူတွေက သိပ်မကြိုက်လှပါဘူး။ ဒေါက်တာလီယွန်က အရွယ်လည်းသေးတော့ သူ့ကို တက်နင်းမိလိုက်မှာကို လူတွေက စိုးရိမ်ကြပါတယ်။

READ
အကဲပိုလွန်းသူတွေဟာ လုပ်လေ့လုပ်ထရှိတဲ့ ပေါက်ပေါက်ရှာရှာ ပုံရိပ်များ
instagram/Dr_Leon_Advogato

ဒေါက်တာလီယွန်နဲ့ ပတ်သက်ပြီး ဧည့်သည်တွေရဲ့ခုလို ဝေဖန်တာတွေကို ကြားရတဲ့အခါမှာတော့ OAB ရဲ့ ဥက္ကဌက ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါတယ်။ အဲ့ဒါက ဒေါက်တာလီယွန်ကို တရားဝင်ဝန်ထမ်း အနေနဲ့ ရုံးမှာအလုပ်ခန့်ဖို့ပါ။ ဒါဆိုရင်တော့ ဒေါက်တာလီယွန်ကို ကြည့်မရတဲ့သူတွေ ဘယ်လိုမှ ဝေဖန်နိုင်တော့မှာ မဟုတ်ဘူးလို့ ဥက္ကဌက ယူဆပါတယ်။

instagram/Dr_Leon_Advogato

ဒေါက်တာလီယွန်မှာ ၀န်ထမ်းကတ်လည်း ရှိသလို အလုပ်ဝတ်စုံလည်း ရှိပါတယ်။ အစတုန်းကတော့ ရုံးထဲမှာ ဒေါက်တာလီယွန်နဲ့ မတည့်တဲ့သူတွေရှိပေမယ့် အခုတော့ သူက အားလုံးနဲ့ အဆင်ပြေနေပါပြီ။ သူနဲ့မတည့်တဲ့ ၀န်ထမ်းတွေနဲ့တောင်မှ သူက ဆော့တတ် စတတ်နေပါပြီ။ သူအကြိုက်ဆုံးနေရာကတော့ ဥက္ကဌ အိုရီးနေးရဲ့ ဆိုဖာပါပဲ။ အဲ့ဒီဆိုဖာပေါ်မှာတော့ သူက အရုပ်တွေနဲ့ ကစားလေ့ရှိပါတယ်။ ရုံးမှာတော့ ဒေါက်တာလီယွန်က ဧည့်ကြိုခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ဧည့်သည်တွေလာတယ်၊ လူသစ်တွေလာတယ်ဆိုရင် သူကပဲ ဆီးကြိုနှုတ်ဆက်တဲ့တာဝန်ကို ယူလေ့ရှိကြောင်းလည်း သိရပါတယ်။

READ
အကြီးဆုံးအိမ်မွေးကြောင်မျိုးစိတ်ဖြစ်တဲ့ ဧရာမ Maine Coon ကြောင်ကြီးတွေရဲ့ အလှ
instagram/Dr_Leon_Advogato
instagram/Dr_Leon_Advogato

လင်းလင်း (ShweMom)

SHARE