ကမ္ဘာတစ်ဝန်းရှိ ၀က်ကောင်ရေလေးပုံတစ်ပုံက ၀က်တုပ်ကွေးကြောင့် သေဆုံးလျက်ရှိနေ

Pixabay/Wired

ကမ္ဘာတစ်ဝန်းမှဝက်တွေရဲ့လေးပုံတစ်ပုံဟာ အာဖရိက၀က်တုပ်ကွေးကြောင့် သေဆုံးခဲ့ကြတာဖြစ်ပါတယ်။ Globali-zation ခေတ်ထဲမှာ ဒီရောဂါ လျင်မြန်စွာ ပျံ့နှံ့နေတာကို ထိန်းချုပ်ဖို့အတွက် အာဏာပိုင်တွေက လုပ်ဆောင်နေတယ်လို့ ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့အစည်းမှ ပြောပါတယ်။

ကမ္ဘာ့ဝက်အရေအတွက်ကို လျှော့ချမယ်ဆိုရင် အစားအစာရှားပါးမှုနဲ့ ၀က်သားဈေးနှုန်းမြင့်တက်လာ မှုတွေဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ၀က်ကထွက်တဲ့ ထုတ်ကုန်တော်တော်များများလည်း မလုံလောက်မှု တွေဖြစ်စေနိုင်တယ်လို့ ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့အစည်းမှ ဒေါက်တာ Mark Schipp ကပြောပါတယ်။

Twitter/Mark Schipp

ဒီရောဂါဟာ ပြီးခဲ့တဲ့နှစ်ကတည်းက တရုတ်နိုင်ငံအပါအ၀င် နိုင်ငံအတော်များများမှာ ပျံ့နှံ့လျက်ရှိ ပါတယ်။ တရုတ်နိုင်ငံမှာရှိတဲ့ ၀က်တွေရဲ့ထက်ဝက်နီးပါးလောက်ကို မီးရှို့ရှင်းလင်းမှုတွေလုပ်ခဲ့တဲ့အပြင် ဆစ်ဒနီမှာလည်းရှင်းလင်းမှုတွေလုပ်ဆောင်နေပြီဖြစ်တယ်လို့ Schipp ကပြောပါတယ်။

အလိုမျိုးဝက်တွေကို ဆုံးရှုံးရလိမ့်မယ်လို့မထင်ထားဘူး။ ဒါဟာ ၀က်တွေကိုစီးပွားဖြစ်မွေးမြူထားတဲ့ သူတွေအတွက်တော့ ကြီးမားတဲ့ခြိမ်းခြောက်မှုကြီးတစ်ခုပဲဖြစ်တယ်လို့ Schipp ကဆက်လက်ပြောခဲ့ပါတယ်။

ဒီအာဖရိက၀က်တုပ်ကွေးကြောင့် ၀က်တွေသေဆုံးနိုင်ပေမယ့် လူတွေကိုတော့ ခြိမ်းခြောက်မှု မဖြစ်စေပါဘူး။ဒါပေမယ့် အာရှနိုင်ငံတော်တော်များများမှာတော့ ၀က်တွေကို ရှင်းလင်းမှုတွေလု ပ်ဆောင်နေပြီဖြစ်ပါတယ်။တရုတ်နိုင်ငံပိုင်တွေကတော့ (၂၀၁၈)ခုနှစ်သြဂုတ်လကတည်းက ဒီရောဂါကိုကာကွယ်တားဆီးဖို့ ၀က်အကောင်ရေ(၁.၂)သန်းလောက်ကို သုတ်သင်ရှင်းလင်းမှုတွေလုပ်ေ ဆာင်ခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့တစ်နှစ်နီးပါးကထက် ၀က်သားဈေးနှုန်းဟာ (၂)ဆမြင့်တက်ခဲ့ပါ တယ်။ တရုတ်က ပြည်ပက၀က်သားကိုဝယ်ယူဖို့ကြိုးစားခဲ့ပေမယ့် အခြားနိုင်ငံတွေမှာလည်း ဒီဝက်တုတ်ကွေးရောဂါ ဟာလည်း အလားတူဖြစ်ပွားနေခဲ့တာကြောင့် သူတို့ရဲ့ကြိုးပမ်းမှုကိုလက်လျော့ခဲ့ရပါတယ်။

ကာကွယ်ဆေးထိုးတဲ့လုပ်ဆောင်ချက်ကိုတိုးမြှင့်လုပ်ဆောင်နေပေမယ့် ဗိုင်းရပ်စ်ပျံ့နှံ့မှုကအရမ်းကိုပြင်း ထန်နေတာကြောင့် ဒီလိုလုပ်ရပ်ဟာ ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်တယ်လို့ သြစတြေးလျရဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ဦးကပြောပါတယ်။

Unsplash/PigProg

အာဖရိက၀က်တုပ်ကွေးဟာ ၀က်တွေကြားမှာ အချင်းချင်းပျံ့နှံ့လွယ်တဲ့ရောဂါတစ်မျိုးဖြစ်ပြီး မသန့်ရှင်းတဲ့အစားအစာတွေကြောင့်လည်း ကူးစက်ပျံ့နှံ့လွယ်တာဖြစ်ပါတယ်။ ဒီရောဂါပိုး ဟာ (၁၉၆၀)ခုနှစ်က တောင်အာဖရိကမှာစတင်ပျံ့နှံ့ခဲ့ပြီး ဥရောပမှာပါဖြစ်ပွားလာခဲ့တာဖြစ်ပါ တယ်။ ဘယ်လ်ဂျီယံသစ်တောတွေမှာ အမဲလိုက်ဖို့ရည်ရွယ်ချက်နဲ့ တောဝက်တွေကိုလွှဲပြောင်းပေးရာမှတစ်ဆင့် ဒီရောဂါပိုးဟာ အရှေ့ဥရောပမှာ မကြာသေးခင်က ပြန်လည်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က တရုတ်နိုင်ငံမှာ ဒီရောဂါပိုးဟာ လျင်မြန်စွာပျံ့နှံ့သွားခဲ့တာကိုတွေ့ရတယ်လို့ Schipp ကပြောပါတယ်။ Mongolia နိုင်ငံ၊ ကိုရီးယားကျွန်းဆွယ်၊ အရှေ့တောင်အာရှနဲ့ အရှေ့တီမောနိုင်ငံတွေ မှာလည်း ဒီရောဂါပိုးဟာ ဖြစ်ပွားလျက်ရှိနေတယ်လို့ Schipp ကဆက်လက်ပြောပြခဲ့ကြောင်း Time မဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။

Thae Su

SHARE