ဒီတစ်ပတ်၁၃ ရက်သောကြာနေ့တွင် လူ၂၀ဦးမှာ၁ဦး အိမ်ပြင်မထွက်ဖို့ဆုံးဖြတ်ထား

အနောက်နိုင်ငံမှာ ၁၃ ရက်သောကြာနေ့ကို ပြဿဒါးနေ့လို့ယူဆသတ်မှတ်ထားကြပြီး အဲ့ဒီနေ့မှာဆို ကံမကောင်းတတ်ဘူးလို့ဆိုကြပါတယ်။အင်္ဂလန်နိုင်ငံမှာ လူအယောက် ၂၀ မှာတစ်ယောက်ဟာအယူသီးကြပြီးတော့ သူတို့တွေဟာ ဒီလာမဲ့ ၂၀၁၇ ဇန်န၀ါရီ ၁၃ ရက်သောကြာနေ့မှာ ကံမကောင်းမူတွေကို ရှောင်ရှားတဲ့အနေနဲ့ အိမ်မှာပဲနေကြမယ်လို့ဆိုပါတယ်။၁၃ ရက်သောကြာ ရက်ကိုထင်မြင်ကြပုံနဲ့ ပါတ်သတ်ပြီးစစ်တမ်းကောက်ယူခဲ့ရာ  ၈၀ % က ဒီ၁၃ ရက်သောကြာနေ့နဲ့ပါတ်သတ်ပြီးအစွဲအလန်းကြီးကြပါတယ်လို့ ဆိုပါတယ်။

အင်္ဂလန်နိုင်ငံ အရှေ့ဆက်ဆပ်စ်ပြည်နယ်တွင်နေထိုင်သူ အသက် ၃၁ နှစ်အရွယ် ကလာရီတေလာဟာ ပြီးခဲ့တဲ့ ၂၀၁၆ မေလ သောကြာနေ့မှာ အပြင်ထွက်ခဲ့မိခဲ့လို့ အဲ့ဒီနေ့မှာ ကားတိုက်မူအသေးစားဖြစ်ပွားခဲ့ပြီး ကုန်စုံဆိုင်မှ အသစ်ဝယ်လာတဲ့ ၀ိုင်ပုလင်းနှစ်လုံးလည်း အိမ်မီးဖိုချောင်မှာ မှောက်သွားခဲ့လို့ ဒီနှစ်၁၃ ရက်သောကြာနေ့တော့ အလုပ်ကခွင့်ယူထားပြီး အိမ်တွင်းပဲအောင်းနေတော့မယ်လို့ ဆိုပါတယ်။ဒီစစ်တမ်းဟာ ဗြိတိန်နိုင်ငံသား အယောက် ၂၀၀၀ ကို စစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး လူအယောက် ၁၀၀ ကျော်က ၁၃ ရက်သောကြာနေ့မှာ အိမ်တွင်းပဲ အောင်းတော့မယ်လို့ဖြေကြားခဲ့တာဖြစ်ပါတယ်။ဒါဟာ ဗြိတိန်လူဦးရေဖြစ်တဲ့ သန်း ၆၀ နဲ့နိုင်းယှဉ်လိုက်ရင် လူ၃သန်းကျော်ဟာ ကံမကောင်းမူတွေကို ရှောင်ကြဉ်တဲ့အနေနဲ့ အိမ်မှာပဲနေကြမယ် လို့အဓိပ္ပါယ်ရပါတယ်။၁၃ ရက်သောကြာနေ့ ကိုကြောက်ရွံ့တဲ့ သမိုင်းဟာ အီစတာနေ့သမိုင်းနဲ့ သက်ဆိုင်ပြီး ယေရူခရစ်တော်နဲ့ သူရဲ့ နောက်လိုက်တပည့်တော်တွေ နောက်ဆုံးညစာ စားတဲ့နေဟာ ၁၃ ရက်သောကြာနေ့ဖြစ်နေလို့ အယူသီးကြတာဖြစ်ပါတယ်။ဗစ်တိုးရီးယားခေတ်ကတည်းက ၁၃ ရက်သောကြာနေ့ကို ကြောက်လန့်တဲ့အယူအဆရှိခဲ့တာဖြစ်ပြီး ၁၉၉၃ ခုနှစ် စစ်တမ်းအရ ၁၃ ရက်သောကြာနေ့မှာယာဉ်မတော်တဆမူပိုမိုဖြစ်ပွားတယ်လို့ဖော်ပြထားပါတယ်။

Lumos(Shwemom)

READ
ယခုခေတ်ငှက်များ၏နှုတ်သီးများမှာ ဒိုနိုဆောများသွားလဲခြင်းအလေ့အထမှဖြစ်ပေါ်လာဟုဆို

Ref : Mirror

SHARE