သတင်းထောက် တစ်ယောက်ကြောင့် Sulli ရဲ့ ဈာပန ပွဲနေရာ ပေါက်ကြား

Image:IG/Sulli

Sulli ရဲ့ ဈာပနပွဲကိုတော့ ဘယ်မီဒီယာကိုမှ ၀င်ခွင့်မပေးပဲ မိသားစု၊မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ တိုးတိုးတိတ်တိတ် ကျင်းပဖို့ စီစဉ်ထားခဲ့ပါတယ်။SM ဘက်ကနေလည်း ဈာပန ပွဲနဲ့ ပတ်သက်ပြီး မီဒီယာတွေကို တောင်းဆိုမှု တစ်ခု လုပ်ထားပါတယ်။အဲ့ဒါကတော့ ဈာပန ပွဲကို Private အနေနဲ့ပဲ ကျင်းပပြုလုပ်လိုပြီး၊ကျင်းပမယ့် နေရာကိုလည်း သတင်းထောက် တွေ သတင်းလာယူတာမျိုး မဖြစ်ရအောင် လျှို့ဝှက်ထားမယ်လို့ ပြောခဲ့ပါတယ်။”အသုဘ လိုက် ပို့ ကြမယ့် သူတွေနဲ့ မိသားစုတွေရဲ့ ဆန္ဒအရ Sulli ရဲ့ နောက်ဆုံး ဈာပန ပွဲကို တိုးတိုးတိတ် တိတ်ကျင်းပသွားပါမယ်။သတင်းလာရောက်ယူတာမျိုးကိုလည်း မိသားစုဝင်တွေ ဘက်က မလိုလား တဲ့ အတွက် သတင်း ထောက် တွေ အနေနဲ့ နားလည် ပေးကြဖို့ မျှော်လင့်ပါတယ်။Sulli ရဲ့ နောက်ဆုံးခရီးကို အေးအေး ဆေးဆေး လေး နဲ့ ပြီးသွားဖို့ အားလုံး ပူးပေါင်း ပါဝင်ပေးကြပါ..” လို့ SM က ပြောခဲ့ပါတယ်။

Image:IG/Sulli
Image:IG/Sulli

ဒါပေမယ့်လည်း ဘယ်လောက်ပဲ လျှို့ဝှက်ထားဖို့ ကြိုးစားခဲ့ပေမယ့် ဈာပန ပွဲကျင်းပမယ့် နေရာကတော့ ပေါက်ကြား သွားခဲ့ပါတယ်။သတင်းထောက်တစ်ယောက်က နေရာကို ဖော် ကောင် လုပ်လိုက်တာပါ။SPOTV News က Kang Hyojin ဆိုတဲ့ သတင်းထောက် က  တော့ သူ့ရဲ့ လုပ်ရပ်ကြောင့် ဝေဖန် ပြောဆိုမှုတွေ နဲ့ ရင်ဆိုင်နေရပါတယ်။ဈာပန ပွဲ လုပ်မယ့် နေရာကို အများပြည်သူကို ထုတ်ပြောလိုက်တာပါ။SM ဘက်ကနေ မိသားစုဝင်တွေရဲ့ တောင်းဆိုမှုကြောင့် Private ပဲ လုပ်မယ်လို့ ကြေညာခဲ့ပေမယ့် သတင်းထောက် က ဈာပန ပွဲနဲ့ ပတ်သက်တဲ့ သတင်းကို ရေးရင်း နေရာကိုပါ ထည့် ရေးလိုက်တာပါ။” ဈာပန ပွဲကိုတော့ ပုဂ္ဂိလိက ဆေးရုံး (…..) မှာကျင်းပသွားမယ်” လို့ နေရာ အတိအကျ ထည့် ရေးပစ်လိုက်တာပါ။

READ
အွန်လိုင်းမှာ ပျံ့နေတဲ့ ဓါတ်ပုံကိစ္စနဲ့ပတ်သက်ပြီး ဟန်နီထွန်း ထုတ်ပြော
Image:IG/Sulli
Image:IG/Sulli

ဒီလုပ်ရပ်ကြောင့်ပဲ လက်ရှိမှာတော့ အဲ့ဒီသတင်းထောက်က  Naver မှာ ရှာဖွေမှု အများဆုံး (၁၀) ခု စာရင်းထဲ အထိပါ ပါဝင်လာတဲ့ အထိ အရမ်းနာမည်ကြီးသွားခဲ့ပါတယ်။မိသား စုဝင်တွေရဲ့ နောက်ဆုံးဆန္ဒကို မလေးစားပဲ အခုလို ဖော်ကောင်လုပ်လိုက်တဲ့ အပေါ် ကိုရီးယား ပြည်သူ အများစုကတော့ ဒေါပွ နေကြပါတယ်။သတင်းထောက်ရဲ့ ညီမ ဖြစ်သူ  ကတော့ အထက်က လူက အဲ့ဒီသတင်းကို ရေးပြီး ရေးသူနေရာမှာတော့ သူ့ညီမ ရဲ့ နာမည်ကို ထည့်လိုက်တာ ဆိုပြီး ပြန်ဖြေရှင်းခဲ့ပါတယ်။စာအရှည်ကြီးရေးပြီး သတင်းအေဂျင်စီ ရဲ့ အထက် လူကြီးမှာဆိုရင် သတင်းကို Edit လုပ်နိုင်တဲ့ အခွင့်အာဏာရှိကြောင်း၊အထဲမှာ ပါဝင် နေတဲ့ အချက်အလက်တွေကို ညီမဖြစ်သူက ထည့်တာမဟုတ်ပဲ အဲ့ဒီလူက ထည့်တာပါလို့  ပြန်ဖြေရှင်းခဲ့ပါတယ်။

Image:IG/Sulli
Image:IG/Sulli

Sulli ကတော့ သူမရဲ့ နေအိ မ်မှာ ကိုယ့်ကိုယ်ကို ကြိုးဆွဲချ သတ်သေခဲ့တာပါ။ Sulli ရဲ့ အလောင်းကိုတော့  သူမရဲ့  မန်နေဂျာက  အောက်တိုဘာ (၁၄)ရက် ကိုရီးယားစံတော်ချိန် ည နေ (၃)နာရီ (၂၁) မိနစ် တုန်းက သူမရဲ့ နေအိမ်မှာ  တွေ့ခဲတာပါ။သူမဟာ March 29, 1994 မှာ မွေးဖွားခဲ့ပြီး October 14, 2019 အသက် (၂၅)နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာပါ။
(

 

View this post on Instagram

 

😍❣️#에스티로더

A post shared by 설리가진리 (Sulli) (@jelly_jilli) on

)

Source:Kstarlive

SHARE