ကျွန်တော်တို့အမြဲတမ်းလိုလို နားထောင်နေရတဲ့ မိုးလေသဝသတင်းကြေငြာချက်တွေဟာ ဘယ်လိုဖြစ်လာသလဲဆိုတာ မသိချင်ကြဘူးလား။ ခြုံငုံပြောရမယ်ဆိုရင်တော့ ကမ္ဘာကြီးမှာဖြစ်ပျက်သမျှ မြေနေရာအနေအထားတွေ၊ မိုးလေဝသအခြေအနေနဲ့ ပြောင်းလဲမှုတွေအားလုံးကို တွက်ချက်ဖို့အတွက် ဝင်ရိုးစွန်းဒေသတွေက စတယ်လို့ဆိုရမှာပါပဲ။

Airbnb အနေနဲ့ မကြာသေးခင်ကမှ ခရီးစဉ်သစ်တစ်ခုနဲ့ပတ်သက်ပြီး ကြောငြာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒါကတော့ မိုးလေဝခန့်မှန်းဖို့ လိုအပ်တဲ့အချက်အလက်တွေစုဆောင်မယ့် ပညာရှင်တွေနဲ့အတူတူ တစ်လကြာလိုက်ပါနိုင်ခွင့်ပါပဲ။ ပရောဂျက်ရဲ့နာမည်ကတော့ Ocean Conservancy ပါ။ Airbnb ကတော့ Antarctic Sabbatical လို့ နာမည်ပေးထားခဲ့ပါတယ်။


ဒီပရောဂျက်မှာ လိုက်ပါတွေအနေနဲ့ကတော့ သိပ္ပံပညာရှင် Kirstie Jones-Williams နဲ့အတူတူ ဝင်ရိုးစွန်းဒေသမယ် ပညာရှင်တွေဘယ်လိုနေထိုင်နေကြသလဲဆိုတာနဲ့ပတ်သက်ပြီး လေ့လာခွင့်ရမှာပါ။ ထပ်စောင်းပြောပြချင်တာကတော့ ဒီခရီးစဉ်ဟာ သာမန်အပျော်တမ်းအပမ်းဖြေခရီးစဉ်တစ်ခု မဟုတ်ဘူးဆိုတာပါပဲ။ ဘာကြောင့်လဲဆိုရင် ခရီးစဉ်လိုက်ပါဖို့ ရွေးချယ်ခံခဲ့ရသူတွေဟာ ပညာရှင်တွေအတိုင်း လာက်ထောက်ရာထူးပုံစံလိုမျိုး ရေခဲနမူနာတွေကောက်မယ်၊ ခရီးကြမ်းတွေနှင်ရမယ်၊ ပြီးရင် အစီးအဝေးပွဲတွေကိုလည်း တက်ရောက်ရမယ်အပြင် ဓာတ်ခွဲစမ်းသပ်မှုတွေကိုပါ လုပ်ဆောင်ရမှာမလို့ပါ။

၁ လသာကြာမယ့် အခမဲ့ခရီးစဉ်လေးကို လိုက်ပါချင်တယ်ဆိုရင်တော့ ဘာဘွဲ့၊ ဘာရာထူး၊ ဘာအတွေ့အကြုံမှတော့ မလိုအပ်ပေမယ့်လို့ သင်ဟာ ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံဘာသာရပ်ကိုအထူးစိတ်ဝင်စားသူတစ်ယောက်၊ ပတ်ဝန်းကျင်ကိုချစ်မြတ်နိုးသူတစ်ယောက်တော့ဖြစ်ရပါလိမ့်မယ်။ နောက်ပြီး အန္တာတိကလိုမျိုး ရေခဲပြင်ကြီးမှာနေထိုင်ရမှာဖြစ်တဲ့အတွက် ကျန်းမာရေးအထူးကောင်းမွန်သူတစ်ယောက်၊ အကြမ်းခံနိုင်သူတစ်ယောက်ဖြစ်ဖို့လည်း လိုပါသေးတယ်။ တစ်ကိုယ်ရည်တစ်ကာယကိစ္စတွေကိုလည်း ကိုယ့်အားကိုယ်ကိုးလုပ်ဆောင်ရဦးမှာမလို့ ဒီ ပရောဂျက်မှာ အရွေးမခံခင် သေချာပြန်စဉ်းစားဖို့တော့ လိုအပ်မှာပါ။
လျှောက်လွှာတွေကိုတော့ အွန်လိုင်းမှပဲသာလက်ခံမှာဖြစ်ပါတယ်။ အောက်တိုဘာလ ၈ ရက်နေ့ကစလို့ ဖောင်တင်နိုင်မှာဖြစ်ပြီး ဖောင်တင်ရမယ့် လင့်ခ်ကတော့ ဒီမှာပါ။ https://www.airbnb.com/

Penny