အောင်မြင်တဲ့စီးပွားရေးကိုစွန့်ပြီး ပရော်ဖယ်ရှင်နယ်ပိုကာ ကစားနေတဲ့ အမျိုးသမီး

မလေးရှား၊ ကွာလာလမ်ပူသူတစ်ဦးဖြစ်တဲ့ Natalie Teh ဟာ အာရှရဲ့အအောင်မြင်ဆုံး ရှပ်ရှင် platform တစ်ခုဖြစ်တဲ့ iFlix တည်ထောင်သူများထဲမှ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ iFlix ကို အာရှရဲ့ Netflix လို့ တော်တော်များများက တင်စားနေကြပြီး အောင်မြင်မှုဟာလည်း ထိုးတက်လျက်ရှိပါတယ်။

Instagram

ဒီလိုအောင်မြင်တဲ့ လုပ်ငန်းကိုမှ စွန့်လွှတ်ပြီး အခြားဝါသနာပါရာတစ်ခုကို လုပ်ဖို့ဆိုတာ သိပ်ကိုခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုပါပဲ။ Natalie ကတော့ တည်ထောင်သူထဲက တစ်ဦးအပါအဝင် ဖြစ်ပေမယ့် မနှစ်တုန်းက လုပ်ငန်းနဲ့ပတ်သက်ပြီး စွန့်လွှတ်ကာ ဘာမှမသက်ဆိုင်တဲ့ နယ်ပယ်တစ်ခုအတွင်းသို့ ခြေစုံပစ်ဝင်ခဲ့ပါတယ်။

Natalie ဟာ iFlix ကို စွန့်လွှတ်ပြီး ပိုကာကစားနည်းကို တစိုက်မတ်မတ် လေ့လာကစားနေခဲ့တာ (၇) လရှိနေပါပြီ။ ဒီ (၇) လအတွင်းမှာတင် တစ်ကမ္ဘာလုံးရဲ့ အဆင့် (၂၅) နေရာသို့ မထင်မှတ်ထားလောက်အောင် မြန်ဆန်တဲ့အနေအထားနဲ့ တိုးတက်လာခဲ့တာပါ။

 

သူမ အနိုင်ရရှိခဲ့တဲ့ ပမာဏဟာဆိုရင်လည်း ဒေါ်လာ (၁၅၀,၀၀၀) တောင် ရှိနေခဲ့ပါပြီ။ မလေးရှားရဲ့အကောင်းဆုံး ပိုကာကစားသမား တစ်ဦးအဖြစ် ရပ်တည်နေပါတယ်။ ပိုကာကစားနည်းကို သူမကောလိပ်တက်စဉ်က သူငယ်ချင်းတွေနဲ့ အပျင်းပြေ ကစားရင်းနဲ့မှ ၀ါသနာပါခဲ့ကြောင်း သိရပါတယ်။

READ
ဘုရားရှိခိုးကျောင်းထဲဝင်ရောက်ပစ်ခတ်မှုကြောင့် အနည်းဆုံးလူ(၂၆)ဦးသေဆုံးခဲ့

 

iFlix မတိုင်ခင် Natalie ဟာ AirAsia မှာ chief executive အဖြစ် နှစ်အတော်ကြာအောင် လုပ်ကိုင်ခဲ့ပါတယ်။ iFlix ကိုစပြီးတည်ထောင်တော့မယ်ဆိုကာမှ Natalie ရဲ့သူဌေးဟာ သူမကို iFlix ဖက်ပြောင်းပြီး ဦးစီးစေခဲ့တာပါ။ ဒေါ်လာ (၂၅၀) မီလီယံတန်ကြေးရှိတဲ့ လုပ်ငန်းကြီးတစ်ခုရဲ့ အုပ်ချုပ်ခွင့်ကို ပစ်ပယ်ပြီး ပိုကာကစားသမားတစ်ဦး ဖြစ်လာခဲ့တာပါ။

Instagram

သို့ပေမယ့် Natalie ရဲ့အဆိုအရတော့ iFlix မှာ သူမပိုင်ဆိုင်တဲ့ ရှယ်ယာတွေကျန်သေးပေမယ့် ပိုကာကစားရင်းရတဲ့ဝင်ငွေနဲ့ယှဉ်ရင် အကွာကြီးကွာခြားတယ်လို့သိရပါတယ်။ အခြေခိုင်ခံ့တဲ့ ကုမ္ပဏီကြီးတစ်ခုမှာ ရာထူးအကြီးဆုံးနေရာကနေ အလုပ်လုပ်နေရတာ သူမအတွက်တော့ အဆင်ပြေပေမယ့် ရေရှည်မှာတော့ ဝန်ထမ်းဘဝနဲ့ တစ်သက်လုံးအရိုးမထုတ်ချင်ခဲ့တာကြောင့် ဘာမှမစဉ်းစား၊ မစီစဉ်ဘဲ အရင်ဦးဆုံး အလုပ်ထွက်ခဲ့ပါတယ်။

READ
(၁၆)နှစ်အရွယ်ကျောင်းသားကို အဓမ္မကျင့်တဲ့အမေရိကန်ဆရာမကိုဖမ်းဆီး
Instagram

အလုပ်ထွက်ထွက်ပြီးချင်းပဲ ခေါင်းရှင်းသွားအောင် ခရီးတွေပတ်သွားခဲ့ပါသေးတယ်။ နောက်မှ ရှေ့ဆက်ဘယ်လိုလုပ်မလဲဆိုတဲ့ အစီအစဉ်ကို သေသေချာချာစဉ်းစားရင်း ပိုကာလောကထဲ ခြေဆုံပစ်ဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

Instagram

ခြောက်လ၊ ရှစ်လလောက် ခရီးသွားလိုက်၊ လက်ရည်ပြန်သွေးလိုက်နဲ့ ဖိအားမရှိတဲ့ ဘဝကို ပိုင်ဆိုင်ရတာဟာ သူမအတွက်တော့ သိပ်ကို ကံကောင်းတယ်လို့ ဆိုခဲ့ပါတယ်။ Natalie ကို ပရော်ဖယ်ရှင်နယ်ပိုကာကစားသမားတစ်ဦးဖြစ်ဖို့ အစစအရာရာတိုက်တွန်းခဲ့သူမှာ Natalie ရဲ့ ချစ်သူ Christopher Micheal Soyza ပါ။ Christopher ဟာ Natalie အလုပ်မထွက်ခင်ကတည်းက ကမ္ဘာ့အဆင့် (၁၅) ရှိတဲ့ ပိုကာကစားသမားတစ်ယောက် ဖြစ်ပါတယ်။

Instagram

Natalie လည်း ပိုကာလောကထဲဝင်လာတဲ့အချိန်မှာတော့ Las Begas တို့ Prague တို့ Bahamas တို့လို လောင်းကစားမြို့တော်တွေဆီ နှစ်ယောက်သား မခွဲအခွာ အတူတကွ သွားလို့ရသွားခဲ့ပါပြီ။

၂၀၁၉ ခုနှစ်အတွင်းမှာတော့ Natalie ဟာ အဆင့် (၁၀) လောက်အထိ တက်ဖို့ကို ရည်မှန်းထားကြောင်း သိရပါတယ်။ နောက်ပြီး နည်းပညာနဲ့ ပိုကာကစားနည်းနဲ့ ပေါင်းစပ်ပြီး လုပ်ငန်းအကြီးကြီး တစ်ခုကိုလည်း အကောင်အထည်ဖော်ဖို့ လုပ်နေပါပြီတဲ့။

Source: SCMP

Penny

SHARE