အမျိုးသမီး (၃)ဦးလျှင် တစ်ဦးမှာ အစားအစာ အလကားစားချင်လို့ Date တာဟု ဝန်ခံချက်ပေး

von Evan Marc Katz_Pexels

မျက်မှောက်ခေတ်မှာ တစ်ယောက်နဲ့တစ်ယောက် Date တာဟာ သိပ်ပြီး လွယ်ကူလွန်းနေပါပြီ။ ယခင်တုန်းကတော့ ကောင်မလေးတစ်ယောက်နဲ့ Date ရဖို့ဟာ အခက်အခဲတွေ အများကြီးရှိပြီး၊ အဆက်အသွယ်လုပ်ဖို့တောင် စာပို့စာယူ စေတနာ့ဝန်ထမ်းမျိုးရှိမှ အဆင်ပြေတာမျိုးပါ။

အခုခေတ်မှာတော့ ဆက်သွယ်ရေးနည်းပညာတွေ တစ်ရှိန်ထိုးမြင့်လာသည်နှင့်အမျှ Date ဖို့က သိပ်မခဲယဉ်းတော့ပေ။ ဒါ့အပြင် ယဉ်ကျေးမှုခြင်းလည်း ပြောင်းလဲသွားပြီဖြစ်ပြီး Date တာနဲ့ ချိန်းတွေ့တာ မတူဟု ခံယူသူတွေက များလာလေပြီ။ Date က အခြားအကြောင်းတွေအရ ဖြစ်နိုင်ပြီး ချိန်းတွေ့တာက ဘာလိုလို ညာလိုလိုကြောင့်ဟု အကြောင်းပြကြလေသည်။

ထားပါတော့။ အခု ပြောချင်တာက အမျိုးသမီး (၃)ယောက်မှာ တစ်ယောက်က တစ်စုံတစ်ယောက်နဲ့ Date တယ်ဆိုတာ အစားအစာ Free ဂုံးဆင်ချင်လို့ ဂွင်ဆင်တာဖြစ်ကြောင်း အွန်လိုင်းလေ့လာမှုနှစ်ခုက အခိုင်အမာဆိုထားပါတယ်။ ဒါလေးကို မျှဝေချင်တာပါ။

rex features/freepik

စိတ်ပညာရှင်တွေ စတင်ခဲ့တဲ့ လေ့လာမှုနှစ်ခုမှာ အမျိုးသမီး (၂၃)%ကနေ (၃၃)%နှုန်းသော အမျိုးသမီးတွေဟာ ကောင်လေးတွေနဲ့ သူတို့ Date ရခြင်းရဲ့အဓိက အကြောင်းအရင်းက အစားအသောက်ကို Free ဂုံးဆင်းချင်လို့ ဖြစ်ကြောင်း အတည်ပြုထားပါတယ်။ ဒီအချက်ဟာ မိန်းကလေးတွေအတွက်တော့ မကျေနပ်စရာပါ။

READ
ခြေဖ၀ါးကိုနှိပ်နယ်ပေးခြင်းကြောင့် ရရှိလာမယ့်အကျိုးကျေးဇူး(၅)ချက်

ဒီလေ့လာမှုကို ဦးဆောင်ပြုလုပ်ခဲ့သူတွေကတော့ Society for Personality and Social Psychology(SPSP) နဲ့ Department of psychology at Azula Pacific University မှ ပါမောက္ခတွေဖြစ်ပြီး၊ အဲဒီအမျိုးသမီးတွေမှာ စိတ်ပညာအားဖြင့် Psychopathy, Machiavellianism နဲ့ narcissism အစရှိတဲ့ စိတ်ပိုင်းဆိုင်ရာတွေကို ခံစားနေရသူတွေဖြစ်ကြောင်း၊ သူတို့က အစားအသောက်ကို အတော်လေး ဦးစားပေးတယ်လို့ ဆိုပါတယ်။

HotFriday/Pexels

အဆိုပါ တက္ကသိုလ်ကနေ ပထမဆုံး အမျိုးသမီး (၈၂၀)ကို လေ့လာခဲ့ရာ သူတို့ကို Date ခြင်းနဲ့ပတ်သက်တာတွေ၊ ယုံကြည်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ ခံယူချက်တွေ၊ သူတို့ အစားအသောက် နေထိုင်မှုပုံစံတွေကို မေးခွန်းတွေ မေးမြန်းခဲ့ရာကနေ အထက်ပါ ကောက်ချက်တွေ ထွက်ပေါ်လာခဲ့တာပါ။

READ
အိနြေ္ဒကြီးတစ်ခွဲသားနဲ့ တကယ်တမ်းကျတော့ အရမ်းပေါတဲ့ကောင်မလေးတွေဆိုတာ ဒီလိုပါ…

သူတို့တစ်တွေကို တစ်ခြားအကြောင်းပြချက်နဲ့ Date ဖို့ခေါ်တာထက် Foodie call လို့ ခေါ်တဲ့ အစားအသောက်ဗန်းပြပြီး ဖိတ်တာမျိုးကို အမျိုးသမီး (၂၃)%က ငြင်းလေ့မရှိကြဘူးလို့ လေ့လာမှုမှာ ဖော်ပြထားပါတယ်။ နောက်ထပ် ဒုတိယ လေ့လာမှုမှာတော့ အမျိုးသမီး (၃၅၇)ယောက်ကို မေးခဲ့တာပါ။

သူတို့တစ်တွေကတော့ Heterosexual တွေကို သီးခြားရွေးထုတ်လိုက်တာ ဖြစ်ပြီး Heterosexual ဆိုတာ ကိုယ်နဲ့လိင်ကွဲနေတဲ့သူမျိုးပဲ စိတ်ဝင်စားတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။ ဒီလို အမျိုးသမီးတွေကတော့ (၃၃)%အထိ အစားအစာဗန်းပြပြီး ဖိတ်ရင်ကို ခေါင်းညိတ်တတ်ကြပါတယ်တဲ့။

ဒါပေမယ့် ပိုဆိုးတာက အခုခေတ် လူငယ်ငယ်တွေကြားမှာ Foodie call ကို booty call လို့ ဘန်းစကားအဖြစ် အသုံးပြုနေကြပြီး၊ ဒီအသုံးကိုတော့ မဟာမဝါဒီတွေက နည်းနည်းလေးမှ သဘောမကျကြပါဘူး။ အဓိပ္ပါယ်ကတော့ အစားအစာကျွေးပြီးရင် ‘ကြိုက်ရာ’ဆိုတဲ့ သဘောဖြစ်နေလို့၊ အဲဒီအသုံးကို ကျွဲမြီးတိုနေကြပါကြောင်း။

လင်းသူရိန် (Shwemom)

SHARE