ကျောင်းသင်ခန်းစာဖတ်စာအုပ်ထဲ One Piece ကို ထည့်သွင်းခဲ့တဲ့ ပြင်သစ်နိုင်ငံ

One Piece

One Piece ကတော့ ဂျပန် anime ချစ်သူတွေ မသိတဲ့လူမရှိတဲ့ ဇာတ်လမ်းတွဲတစ်ခုပါပဲ။ အကျော်ကြားဆုံး ဂျပန် anime ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ One Piece ကို မကြည့်ဖူးရင် otaku မပီသဘူးလို့တောင် anime ချစ်သူတွေကြားထဲမှာ ခံယူထားခဲ့တာပဲဖြစ်ပါတယ်။

ဒီဇာတ်လမ်းနဲ့ပတ်သက်ပြီး လက်တလော Twitter မှာ နာမည်ကြီးနေတဲ့ ဓာတ်ပုံတစ်ပုံရှိနေပါတယ်။ @123NMYa ဆိုတဲ့ Twitter account မှ တင်ထားခဲ့တဲ့ပုံဖြစ်ပြီးတော့ ဓာတ်ပုံကတော့ ပြင်သစ်က ကျောင်းဖတ်စာအုပ်တစ်ခုထဲက စာမျက်နှာတစ်ခုပါတဲ့။

One Piece

ဒီစာမျက်နှာထဲ One Piece ထဲက ဇာတ်ဝင်ခန်းတစ်ခုကို ထည့်သွင်းထားတာပဲဖြစ်ပါတယ်။ Luffy နဲ့ Usopp ဆိုတဲ့ ဇာတ်ကောင်နှစ်ကောင်ဟာ ဒဏ်ရာရပြီး သတိမေ့နေတဲ့ လူနာကို သံပုရာရည်တွေ ပါးစပ်ထဲညှစ်ထည့်ပြီးတော့ အားအင်ပြည့်အောင် လုပ်ပေးနေတဲ့အခန်းပေါ့။ One Piece ပရိတ်သတ်တွေကတော့ ဒီအခန်းဟာ episode 20 မှာ ပါတဲ့အခန်းဆိုတာ မှတ်မိနေမှာပါ။

READ
ဟစ်တလာနောက်ဆုံး ပုန်းခိုခဲ့ရာနေရာကို အများပြည်သူ လေ့လာနိုင်ဖို့ဖွင့်လှစ်
One Piece

ဒီပုံကို မှီငြမ်းပြီးတော့ ပြင်သစ်နိုင်ငံရဲ့ ၆ တန်းကလေးတွေကို ဗီတာမင်ရဲ့ အရေးပါပုံနဲ့ ဗီတာမင် C ပြတ်လပ်တဲ့အခါ ဘယ်လိုမျိုး သဘာဝဆန်ဆန် အားအင်ပြည့်အောင် ပြန်လုပ်ကြမလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ ရှင်းပြားခဲ့တာပဲဖြစ်ပါတယ်။ Anime ပရိတ်သတ်တွေကတော့ အခုလိုမျိုး နိုင်ငံရဲ့ကျောင်းစာအုပ်မှာတောင် One Piece ကို တရေးတယူနဲ့ အသိအမှတ်ပြု ထည့်သွင်းဖော်ပြခြင်း ခံထားရတာကို မြင်ပြီးတော့ တော်တော်လေး ဝမ်းသာပြီး ဂုဏ်ယူနေကြပါတော့တယ်။

ဒါကတော့ One Piece ရဲ့ episode 20 ပါ။

penny

SHARE