Hollywood Live-action ပြန်ရိုက်ကူးတော့မယ့် One-Punch Man

One-Punch Man

ကမ္ဘာကျော် manga နဲ့ anime ဇာတ်လမ်း One-Punch Man ကတော့ otaku တွေနဲ့ မစိမ်းလှပါဘူး။ One-Punch Man ရဲ့ ရာဇဝင်လေး တစ်ချက်လောက် ပြန်ကြည့်လိုက်ရအောင်။

ဖန်တီးသူ ONE မှ ၂၀၀၉ ခုနှစ်ထဲ web comic အဖြစ် personal website မှာ စကာ ဇာတ်လမ်းလေးတွေ စမ်းတင်ရင်း တင်ရင်း သုံးနှစ်အကြာမှာတော့ ပရိတ်သတ်တွေအများကြီးရကာ အောင်မြင်လာခဲ့ပါတော့တယ်။ ဒီလိုအောင်မြင်လာတဲ့အခါကျမှ Weekly Shonen Jump မှာ တရားဝင်ပါဝင်ဖို့အတွက် ပုံဆွဲဆရာ Yusuke Murata နဲ့ပူးပေါင်းခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး One-Punch Man ဟာ manga လောကမှာ တဟုန်တိုးလူကြိုက်များလာပါတော့တယ်။

ဒီလို ဂန္တဝင်မြောက် One-Punch Man ကို Hollywood ကနေပြီး Live-Action အဖြစ် ပြန်လည်ရိုက်ကူးတော့မယ်ဆိုပြီး Sora News 24 မှာ ဖတ်လိုက်ရပါတယ်။

READ
ပွဲဦးမထွက်ခင်တည်းက ပရိသတ်ကြား ရေပန်းစားနေတဲ့ မိန်းကလေး idol (၅)ယောက်

သိရသလောက်ကတော့ Sony Pictures က ရိုက်ကူးသွားမှာဖြစ်ပြီး Scott Rosenberg နဲ့ Jeff Pinker ကို လျာထားပါတယ်တဲ့။ နောက် screen writing အနေနဲ့ကတော့ နောက်ထွက်ခဲ့တဲ့ Jumanji ဇာတ်ကား နှစ်ကားလုံးနဲ့ Venom တို့ကို ရေးခဲ့တဲ့ အဖွဲ့တွေကို အပ်ထားပါတယ်တဲ့။ Producer တွေကတော့ Avi နဲ့ Ari Arad ပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ Ghost in the Shell တို့ Spider-ManL Into the Spider-Verse, Iron Man နဲ့ Daredevil တို့ရဲ့ ထုတ်လုပ်သူတွေပါ။

One-Punch Man
One-Punch Man

One-Punch Man ဟာ comic နဲ့ manga အပြင် anime တို့မှာ အရမ်းနာမည်ကြီးလူကြိုက်များခဲ့တဲ့အတွက် အမှားခံမှာမဟုတ်ဘဲ ပထမဆုံး live-action ရိုက်ဖို့အတွက် အဓိကထားစဉ်းစားရတာက စီတောင်မစီစဉ်ရသေးတဲ့ ဒုတိယမြောက်၊ တတိယမြောက်စတဲ့ နောက်ထွက်ဇာတ်လမ်းတွေအတွက်ပါပဲတဲ့လေ။

READ
စမတ်ကျကျနဲ့ ဆွဲဆောင်မှုရှိလွန်းတာကြောင့် ပရိသတ်တွေသဘောကျနေတဲ့ မိုးဟေကို

ကမ္ဘာ့စွမ်းအားအကြီးဆုံး ကတုံးစူပါဟီးရိုးကိုတော့ live-action မှာ ဘယ်လိုမြင်ရမလဲဆိုတာ ရင်ခုန်စရာပါပဲ။

One-Punch Man

Penny

SHARE