လှေကားကနေ ပြုတ်ကျတော့မယ့် ကလေးငယ်ကို ကယ်တင်ခဲ့တဲ့ ကြောင်လေး

facebook/mauricio.tunjano

အိမ်မွေးတိရစ္ဆာန်တွေထဲမှာ ခွေးတွေဟာ လူတွေရဲ့ အရင်းနှီးဆုံးမိတ်ဆွေတွေလို့ ဆိုကြပါတယ်။ ဒါပေမယ့် ကြောင်တွေဟာလည်း လူတွေတကယ်အရေးကြုံလာတဲ့အခါ ကူညီပေးတတ်တဲ့ အသိဥာဏ်ရှိတဲ့ သတ္တ၀ါတွေဆိုတာ မေ့မထားသင့်ပါဘူး။ အထူးသဖြင့် အခုဖော်ပြပေးမယ့် ဖြစ်ရပ်လေးကို ကြည့်ရင် သိနိုင်ပါတယ်။

Asiaone သတင်းဌာနမှာ တွေ့ရတဲ့ သတင်းတစ်ပုဒ်အရ ကိုလံဘီယာနိုင်ငံနေ ကြောင်လေးတစ်ကောင်ဟာ အောက်တိုဘာ (၃၁) ရက်နေ့က ကလေးငယ်တစ်ဦး လှေကားပေါ်ကနေ လိမ့်ကျမယ့်ဘေးက ကာကွယ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ဒီအကြောင်းကိုတော့ စီစီတီဗီ ဗီဒီိယိုကနေတဆင့် ပြန်လည် သိမြင်ရတာပါ။

facebook/mauricio.tunjano

ဗီဒီယိုထဲမှာတော့ အနီရောင်ဝတ်ထားတဲ့ လေးဘက်တွား ကလေးလေးတစ်ယောက်ဟာ ဧည့်ခန်းထဲမှာ လျှောက်သွားနေပါတယ်။ သူ့ရဲ့နောက်က ဆိုဖာပေါ်မှာတော့ ကြောင်လေးတစ်ကောင်ဟာ ရှိနေပါတယ်။ ကလေးငယ်က တဖြည်းဖြည်းနဲ့ လျှောက်သွားရင်း အောက်ဆင်းမယ့် လှေကားထစ်တွေ ရှိရာ တံခါးနားကို ရောက်လာခဲ့ပါတယ်။

READ
မီးလောင်အမာရွတ်ဒဏ်ရာတွေကို နှစ်(၄၀)အကြာ ဖုံးအုပ်ထားတဲ့ အမေရိကန်အမျိုးသမီး

ဒါကို တွေ့မြင်လိုက်တဲ့ ကြောင်လေးဟာ ချက်ခြင်းပဲ ဆိုဖာပေါ်ကနေ ခုန်ဆင်းလာပြီး တံခါးနားရောက်နေပြီဖြစ်တဲ့ ကလေးကို တွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးနောက်မှာလည်း ကြောင်လေးဟာ ကလေးက တံခါးပေါက်နား ပြန်ရောက်လာမှာစိုးတဲ့အတွက် ထိုင်ပြီး စောင့်ကြည့်ပေးနေတာကိုလည်း တွေ့မြင်ရမှာပါ။

facebook/mauricio.tunjano

ကလေးဟာ သူ့ကို ထည့်ထားတဲ့ ပုခက်ကစားကွင်းထဲကနေ အပြင်ကို ဘယ်လိုရောက်လာသလဲဆိုတာ မသိရပါဘူး။ ဧည့်ခန်းထဲမှာတော့ ကလေးနဲ့ ကြောင်လေးကိုသာ တွေ့မြင်ရတာကြောင့် မိဘတွေအနေနဲ့ ကလေးကို ဧည့်ခန်းထဲ တစ်ယောက်တည်း ထားခဲ့သလား ဆိုတာလည်း မသိရပါဘူး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကြောင်လေးက ကယ်ဆယ်ခဲ့တဲ့အတွက် ကလေးဟာ လှေကားပေါ်က ပြုတ်ကျမယ့်ဘေးက ရှောင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ သားငယ်သမီးသယ်လေးတွေကို မျက်စိကွယ်ရာမှာ ဒီအတိုင်း လွှတ်မထားသင့်ပါဘူး။ ဆင်ခြင်ဖွယ်ကောင်းတဲ့ ဗီဒီယိုလေးကိုတော့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

Posted by Mauricio Tunjano on Sunday, November 3, 2019

လင်းလင်း (ShweMom)

SHARE