အိပ်ဆေး အလုံး(၂၀) ကျော်ကို မြိုချမိပြီး ဒုက္ခတွေ့ခဲ့ရတဲ့ တစ်နှစ်သမီးလေး

အသက်() နှစ်အရွယ် ကလေးမလေးတစ်ယောက်ဟာ နယူးယောက်ဟိုတယ်မှာ မိဘတွေနဲ့ အတူတည်းခိုနေရင်း မိဘတွေရဲ့ အိပ်ဆေးတွေကို မြိုချမိရက်သား ဖြစ်သွားခဲ့ပါတယ်။ ဟိုတယ်ဟာ မန်ဟက်တန်မြို့လယ်မှာရှိတဲ့ ဟိုတယ်တစ်ခုဖြစ်ပါတယ်။ အိပ်ဆေးမြိုချမိတဲ့ ကလေးမလေးတို့ မိသားစုကတော့ ဘရာဇီးနိုင်ငံသားတွေ ဖြစ်ကြပါတယ်။

ကလေးဟာ အမှတ်တမဲ့နဲ့ မိဘတွေ အလစ်မှာ အိပ်ဆေးတွေကို မြိုချမိခဲ့ပုံရပါတယ်။ ကလေးက တက်သွားတဲ့အခါမှာတော့ မိဘတွေက အရေးပေါ်ဆေးအကူအညီတွေကို ခေါ်ခဲ့ပြီး ဆေးရုံကို အလျင်အမြန် မောင်းပို့ပေးခဲ့ရတာ ဖြစ်ပါတယ်။

google maps

The New York Post သတင်းအရတော့ ကလေးမလေးဟာ အိပ်ဆေးအလုံး ၁၅ လုံးကနေ အလုံး ၂၀ ကြား မြိုချမိခဲ့တာဆိုပြီး မှတ်ချက်ပေးထားပါတယ်။ လက်ရှိမှာတော့ ကလေးဟာ ကယ်ဆယ်ရေး စက်ပစ္စည်းတွေ တပ်ဆင်ထားရဆဲဖြစ်ပေမယ့် အခြေအနေကတော့ တည်ငြိမ်နေတယ်လို့ သိရပါတယ်။ အိပ်ဆေးမြိုချတဲ့ ကလေးရဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က ထပ်မံစုံစမ်းခဲ့ပေမယ့် မသင်္ကာဖွယ်ရာ အခြင်းအရာမျိုးတွေ မတွေ့ရဖူးလို့ ဆိုပါတယ်။

အိပ်ဆေးလုံးတွေဟာ အလွန်အကျွံသောက်သုံးလို့ မရပဲ လွန်သွားရင် အသက်သေဆုံးနိုင်ဖွယ် ရှိပါတယ်။ (၂၀၀၆) ခုနှစ်တုန်းကလည်း (၂၀) လသားအရွယ် ကလေးတစ်ယောက်ဟာ မိခင်ဖြစ်သူရဲ့ အိပ်ဆေးလုံးတွေကို ယူသောက်ပြီးနောက်မှာ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့် မိဘတွေအနေနနဲ့ ဆေးပြားတွေ၊ ဆေးလုံးတွေကို ကလေးသူငယ်တွေ အလွယ်တကူ လက်လှမ်းမှီရာမှာ မထားကြဖို့ သတိပေးတိုက်တွန်းလိုက်ရပါတယ်။

pexels

လင်းလင်း (ShweMom)

READ
မွေးရာပါ မျက်နှာအမှတ်ကြီးကြောင့် သွားဆရာဝန်တွေရဲ့ ကုသဖို့ငြင်းပယ်ခြင်းခံခဲ့ရသူ

Ref: Dailymail

SHARE