Online Scholarship အစီအစဉ်အတွက် သင်တန်းသား(၁)သိန်း လက်ခံမယ့် Google

Freepik- ijeab

CNBC မှဖော်ပြချက်အရ ဇူလိုင်လ ၁၃ ရက်နေ့တုန်းက Google ကနေပြီး အွန်လိုင်း Scholarship အစီအစဉ်အတွက် သင်တန်းသားပေါင်း (၁)သိန်း လက်ခံသွားမယ်လို့ ကြေငြာလိုက်ခဲ့တယ်ဆိုပြီး သိရပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ကပ်ရောဂါဘေးကြောင့် ကမ္ဘာတစ်လွှားမှာရှိနေတဲ့ တက္ကသိုလ်တွေ၊ ကောလိတ်ကျောင်းတွေဟာ အွန်လိုင်းမှ စာသင်တဲ့စနစ်ကို ပြောင်းလဲကျင့်သုံးလျက်ရှိနေပါတယ်။ ဒီအပြင် ဟားဗတ်လိုမျိုး တကယ့်ထိပ်တန်းကျောင်းတွေကလည်း အွန်လိုင်းကနေ ပညာသင်ဆုပေးတာမျိုးတွေ၊ အခမဲ့အွန်လိုင်းမှပညာသင်ခွင့်တွေကို ချပေးနေခဲ့တာကြာပါပြီ။

Google

Google အနေနဲ့ ကြေငြာခဲ့တဲ့ scholarship တွေကတော့ အမျိုးအစား ၃ မျိုးတည်းပါ။ Date analytics, project management နဲ့ user experience design ဆိုတာတွေပါ။ ဒီသုံးခုတည်းအတွက် scholarship အယောက်ပေါင်း ၁ သိန်းခေါ်ယူသွားမှာပဲဖြစ်ပါတယ်။ စာသင်ကြားမှုကိုတော့ Google ရဲ့ အဲဒီအခန်းကဏ္ဍတွေမှာ လက်တွေ့တာဝန်ယူနေတဲ့ အတွေ့အကြုံရင့်ပညာရှင်တွေက သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ဘွဲ့ကိုတော့ diploma အနေနဲ့ ပေးအပ်သွားမှာပါ။

READ
နှစ်(၁၀၀)ကျော် သက်တမ်းရှိ သစ်ပင်ကို ခုတ်ချခဲ့လို့ ပေါင်သုံးသိန်းဒဏ်ကြေးဆောင်ခဲ့ရသူ
Google
Freepik- thaspol_s

ကြာမြင့်ချိန် ၆ လ သက်တမ်းရှိတဲ့ ဒီသင်ခန်းစာတွေကိုတော့ Coursera ဆိုတဲ့ online learning platform မှာ သင်ကြားသွားမှာဖြစ်ပြီး သင်ခန်းစာတွေကတော့ ၄ နှစ်စာ ကောလိပ်ကျောင်းက သင်ခန်းစာတွေနဲ့ အတူတူပဲလို့လည်း Google ရဲ့ vice president Lisa Gevelber မှပြောခဲ့ပါတယ်။

အသေးစိတ်ဖတ်လိုသူတွေနဲ့ လျှောက်ထားချင်တယ်ဆိုရင်တော့ ဒီလင့်ခ်လေးကို နှိပ်လိုက်ပါ။ https://grow.google/certificates/

penny

 

SHARE