ဆိုရှယ်မီဒီယာပေါ်က follower တွေရဲ့ မဲအင်အားနဲ့ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ကြိုးစားနေသူ

ဖိလစ်ပိုင်နိုင်ငံမှာတော့ ဆီးနိတ်ရွေးကောက်ပွဲကို လာမယ့် မေလ ၁၃ ရက်နေ့မှာ စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေအနက် ဒေါက်တာ Willie Ong ဆိုသူကတော့ ဖိလစ်ပိုင်သတင်းခေါင်းစဉ်တွေမှာ အသားပေးဖော်ပြခြင်း ခံနေရပါတယ်။

ABS-CBN News

ဒေါက်တာ Ong ဟာ ဆီးနိတ်လွှတ်တော်အမတ်ဖြစ်လာဖို့ ရွေးကောက်ပွဲ ဝင်တဲ့ ကိုယ်စားလှယ်တွေထဲမှာ တစ်ဦးတည်းသော နိုင်ငံရေးသမားမဟုတ်သူ ဆရာဝန်ဖြစ်ပါတယ်။ သူ မဲနိုင်ဖို့ အဓိကအားကိုးထားတဲ့ နေရာကတော့ ဆိုရှယ်မီဒီယာဖြစ်ပါတယ်။ တကယ်တော့ Ong ဟာ YouTube ပေါ်မှာ follower ၁၀ သန်းနီးပါးပိုင်ဆိုင်ထားတဲ့ ကျန်းမာရေးဗဟုသုတ ချန်နယ်တစ်ခုကို တည်ထောင်ထားတာပါ။ သူ့ကို ထောက်ခံမဲပေးကြဖို့ရာမှာ follower ၁၀ သန်းလုံးက မဲထည့်ဖို့တော့ မမျှော်လင့်ထားပေမယ့် တစ်ဝက်ဖြစ်တဲ့ လူအယောက် ၅ သန်းက မဲပေးဖို့ Ong က မျှော်လင့်လျက်ရှိပါတယ်။

READ
သရဲမပုံစံ နောက်ပြောင်မှုကြောင့် အရိုက်ခံရမလို ဖြစ်ခဲ့တဲ့ မြန်မာPrank Star
ABS-CBN News

“ရိုးသားစွာ ပြောရရင် ကျွန်တော့် follower တစ်ဝက်ဖြစ်တဲ့ လူ ၅ သန်းလောက်ကတော့ ကျွန်တော့်ကို မဲပေးကြဖို့ မျှော်လင့်နေပါတယ်။ ကျွန်တော် follower ၉ သန်းပြည့်တုန်းက ကျွန်တော့်ပရိသတ်တွေများစွာက ကျွန်တော့်ကို ရွေးကောက်ပွဲဝင်ပြိုင်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။ အနည်းဆုံးတော့ သူတို့အတွက် ကြိုးစားကြည့်မယ်ဆိုတဲ့ စိတ်နဲ့ ကျွန်တော် အခုလို ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာပါ” ဆိုပြီး ဖိလစ်ပိုင်အခြေစိုက် ABS-CBN သတင်းချယ်နယ်မှာ Ong က ဖြေကြားခဲ့ပါတယ်။

ABS-CBN News

နိုင်ငံရေးလောကထဲကို ဝင်ဖို့ အစက စိတ်ကူးမရှိခဲ့ပေမယ့် လူတွေကို ကူညီဖို့ ပိုကောင်းတဲ့ နည်းလမ်းတွေ ဖန်တီးလိုတဲ့ ဆန္ဒရှိလာတဲ့အတွက် ရွေးကောက်ပွဲဝင်မှာဖြစ်တယ်လို့ ဒေါက်တာ Ong က ဆိုပါတယ်။ သူဟာ ဆိုရှယ်မီဒီယာပေါ်မှာ လူတွေအတွက် ကျန်းမာရေးဗဟုသုတဆောင်းပါး ၅,၀၀၀ ရေးသားခဲ့ပြီး ၂၀၀၁ ခုနှစ်ကတည်းက ပြည်သူတွေအတွက် အွန်လိုင်းပေါ်ကနေ အခမဲ့အကျိုးပြုလာခဲ့တာဖြစ်ပါတယ်။

READ
ပုံရက်သားလဲကျသွားတဲ့ သခင်ကို အရေးပေါ်ကားခေါ်ပြီး အသက်ကယ်ခဲ့တဲ့ ခွေးလေး

Ref: ABS-CBN News

SHARE