လူထောင်ချီ လမ်းသလားနေတဲ့ကြားက “ပျောက်ဆုံးနေတဲ့ကလေး”ကို လူ(၇)ဦးကသာ ကူညီပေးခဲ့

9 news/YouTube

အသက်(၇)နှစ်အရွယ်သာရှိသေးတဲ့ Aiden အမည်ရ ကလေးငယ်တစ်ယောက်ဟာ လူတွေ ပျားပန်းခတ်သွားလာနေတဲ့ကြားမှာ မယောင်မလည်နဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေတဲ့ပုံပါ။ သာမန်အားဖြင့် သူ့ပုံစံကို မြင်လိုက်တာနဲ့ ဒီကလေး အိမ်ကနေ လမ်းမှားရောက်လာတာလား၊ မိဘတွေနဲ့ အဖော်ကွဲပြီး ကျန်ခဲ့တာလားဆိုတာ တစ်ခုခုတော့ တွေးထင်မိစေမှာပါ။

တကယ်တော့ ဒါဟာ Social experiment သဘောမျိုး စမ်းသပ်ရိုက်ကူးထားတာဖြစ်ပြီး၊ ကလေးတစ်ယောက် ပျောက်ဆုံးနေတဲ့အခါ လူထုရဲ့တုန့်ပြန်မှုက ဘယ်လောက်အထိ ထိရောက်တယ်၊ ဘယ်အတိုင်းအတာအထိ လူတွေက ကူညီလိုစိတ် ရှိကြတယ်။ ဘယ်အတိုင်းအတာအထိ လူတွေက မသိကျိုးကျွန်ပြုကြတယ်ဆိုတာကို မြင်သာအောင် စမ်းသပ်ရိုက်ကူးထားတာပါ။

9 news/YouTube

Aiden ဟာ အဲဒီနေရာမှာ (၄၅)မိနစ်ကြာ ယောင်လည်လည် လုပ်ရင်း တစ်စုံတစ်ယောက်က ကူညီလာလေမလား မျှော်လင့်နေပါတယ်။ တွေ့ရှိချက်မှာတော့ အမျိုးသားတွေက တစ်စုံတစ်ယောက်ကို ကူညီဖို့ မသိကျိုးကျွန်အပြုဆုံးအဖြစ် သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ဒီလိုပဲ လူထောင်နဲ့ ရာနဲ့ချီရှိတဲ့အနက်က လူ(၇)ယောက်ကသာ ကလေးကို ကူညီဖို့ စိတ်ဝင်တစား ရှိခဲ့ကြပါတယ်။

READ
ငါးဖမ်းသင်္ဘောကိုနူးကလီးယားဒုံးကျည်နဲ့မှားဆော်လိုက်တဲ့ထိုင်ဝမ်ရေတပ်

အဲဒီ(၇)ယောက်မှာ (၆)ယောက်က အမျိုးသမီးတွေချည်းပါ။ တကယ်တော့ Aiden ရဲ့ အဖေနဲ့အမေက မလှမ်းမကမ်းမှာ ရှိနေပါတယ်။ သူတို့ဟာ မီတာအနည်းငယ်အကွာမှာ Aiden ကို စောင့်ကြည့်နေတာပါ။ ဒီအဖြစ်အပျက်ဟာ တကယ့် မိခင်ဖခင်တွေအနေနဲ့ သူတို့ကလေးတွေ ပျောက်သွားတဲ့အခါ ပြည်သူလူထုရဲ့ လိုလိုလားလား အကူအညီတွေ ရနိုင်ပါ့မလားဆိုတာ သံသယရှိစရာပါ။

ဒီရုပ်သံကို Australia’s 9 News ကနေ The Today Show အစီအစဉ်နဲ့ ထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီး Aiden ရဲ့မိခင်က “ ကျွန်မ လူတွေအများကြီးဆီက ထင်မှတ်ထားတဲ့ အကူအညီမျိုးတွေ မရတဲ့အတွက် အတော်လေး စိုးရိမ်မိပါတယ် … ”လို့ ပြောခဲ့ပါတယ်။ အမျိုးသမီးတစ်ဦးကတော့ Aiden ကို မိဘတွေက ဘယ်လိုပုံစံလဲဆိုပြီး မေးခဲ့သလို၊အခြားအမျိုးသမီးတစ်ဦးကတော့ Aiden ကို မကြောက်ဖို့၊ သူမကလည်း ကလေးအမေဖြစ်ကြောင်း၊ ရဲစခန်းလိုက်ပို့မယ့်အကြောင်း ကူညီဖို့ စိတ်အားထက်သန်နေခဲ့တာပါ။ Social experiment မှန်း သိတဲ့အခါကျမှ “ ကျွန်မ ကလေးသာ ပျောက်သွားခဲ့ရင် … လူတွေက ကူညီလိမ့်မယ်လို့ မျှော်လင့်ပါတယ် ”လို့ ပြောခဲ့ပါတယ်။

READ
မင်္ဂလာပွဲလာမတက်တဲ့ သတို့သားကို သံကြိုးနဲ့ ချည်နှောင်ပြီးခေါ်လာတဲ့ သတို့သမီး

ကလေးသူငယ်တွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးနေတဲ့ အေဂျင်စီ Key Assets ရဲ့ CEO ဖြစ်တဲ့ Rob Ryan က “ ကျွန်တော်ထင်တာကတော့ ယနေ့ခေတ်မှာ အားလုံး အလုပ်တွေရှုပ်နေကြတယ် .. ကလေးတွေကိုလည်း မမြင်တော့ မကြားတော့ဘူး … ဒီတော့ လူတိုင်းမှာ ကလေးတွေကို ကာကွယ်ဖို့ တာဝန်ယူရမှုတွေ ရှိတယ်လို့ … အခုဖြစ်ရပ်မှာ ယောက်ျားတွေထဲက တစ်ယောက်ပဲ ကူညီတယ် ..  ”

“ ဒါဟာ ယောက်ျားတွေအတွက် အတော်အရေးကြီးပါတယ် … သူတို့ဟာ ကလေးတွေကို ရပ်တန့်ပြီး ကူညီရမှာကို စိုးရိမ်ကြောင့်ကျနေတယ်ဆိုရင် အနီးအနားက လူတစ်ယောက်လောက်နဲ့ အဖော်စပ်ပြီး အဲဒီကလေးကို အကူအညီပေးဖို့ စည်းရုံးသင့်တယ် ”လို့ ပြောခဲ့ပါတယ်။

လင်းသူရိန်

SHARE