သေလောက်အောင် ဗိုက်ဆာတဲ့အဖြစ်မျိုး ကြုံခဲ့ဖူးသူတွေပဲ နားလည်နိုင်မယ့် ခံစားချက်များ

“သမုဒ္ဒရာ.. ၀မ်းတစ်ထွာ” ဆိုတာ လူတိုင်း ကြားဖူးနားဝ ရှိပြီးသား စကားတစ်ခွန်းပါ။ ခန္ဓာကိုယ်ရဲ့ ၀မ်းဗိုက်ထဲ မှာရှိတဲ့ အစာအိမ်ဟာ အတိုင်းအတာ ပမာဏ တစ်ထွာဝန်းကျင်ခန့်ပဲ ရှိတယ်ဆိုပေမယ့် သမုဒ္ဒရာကြီးလိုမျိုး ဘယ်လောက်ဖြည့်ဖြည့် မပြည့်တာကို ဆိုလိုပါတယ်။ ဒါတောင် တော်သေးတာပေါ့။ “သမုဒ္ဒရာ .. ၀မ်းတစ်ထွာ” မို့လို့ .. “၀မ်းတစ်တောင်” သာဆိုရင် တစ်သက်လုံး ထိုင်စားနေဖို့ပဲ ရှိပါတာ့မယ်။ အစာစားဖို့အတွက် အသက်ရှင်တာ မဟုတ်ပဲ .. အသက်ရှင်ဖို့အတွက် အစာစားရတာ ဖြစ်ပေမယ့်လည်း တစ်ခါတစ်ရံမှာတော့  ကံဆိုးစွာနဲ့ အငတ်ဘေးဆိုက်ပြီး သေလောက်အောင် ဗိုက်ဆာတဲ့ ဒုက္ခကို လူတိုင်းနီးပါး ကြုံဖူး ကြပါလိမ့်မယ်။ အဲဒီ့လို ဗိုက်အရမ်းဆာလာတိုင်း အောက်မှာ ပြောပြထားတဲ့ ခံစားချက်မျိုးတွေ ခံစားဖူးကြတယ်မလား..။

 

Mental Floss

(၁) ဒေါသတွေ အရမ်းထွက်နေမယ်။ ဗိုက်ဆာတာပဲ သိတယ်။ ဘုတောတဲ့ အပြုအမူတွေချည်း ရွေးလုပ်နေမိသ လိုဖြစ်နေတယ်။

(၂) အလိုလိုနေရင်း ပင်ပန်းနေမယ်။ အိပ်ရေးမ၀လို့၊ အလုပ်များလို့၊ အနားယူချိန်နည်းလို့ ပင်ပန်းတာမျိုး မဟုတ်ပါဘူး။ ဗိုက်ဆာလွန်းလို့ကို ပင်ပန်းနေတာပါ။

READ
ကလေးတွေ ခန္ဓာကိုယ်ဖွံဖြိုးကြီးထွားလာအောင် စားသင့်တဲ့အစားအစာများ

(၃) မျက်စိထဲ မြင်မြင်သမျှအားလုံး ဘာမှ အချိုးမပြေဘူး။ စကားပြောတာ အရမ်းဒဲ့ဆန်နေသလို ဟာသတွေ ပြောရင်လည်း မရယ်နိုင်တော့ဘူး။ ဒေါသအရမ်းထွက်တယ်ဆိုတဲ့ နံပါတ်(၁)အချက်က ဒီနေရာမှာလာပြီး အစွမ်းပြတော့တာပဲ။

(၄) အာရုံစိုက်လို့ကို မရတော့တာ။ လွယ်လွယ်ကူကူနဲ့ ပြီးရမယ့် အလုပ်လေးတွေတောင် နှစ်ချီပြီး လုပ်ရမယ့် အလုပ်တွေလို ခံစားနေရတယ်။ အလုပ်ပြီးမှ အစာ စားရမယ် .. အစာစားရမှ အလုပ်ပြီးအောင် လုပ်နိုင်မယ် .. အဲ့ဒါကိုပဲ ထပ်ခါထပ်ခါ တွေးနေမိပြီး တိုင်တွေပတ် … ။

(၅) ဘေးလူတွေက သင့်ကို ရှောင်ဖယ်ရှောင်ဖယ် လုပ်တယ်လို့ ထင်နေလိမ့်မယ်။ သိပ်သေချာတာပေါ့။ ဗိုက်ဆာလို့ ဒေါသထွက်၊ သင်ဒေါသထွက်နေတာလည်း သူတို့ သိနေတာကိုး။ ၀ါးလုံးရှည်နဲ့ ရမ်းပြီး ပြဿနာရှာတဲ့ရန်က လွတ်ဖို့ သင့်အနား ကနေ လွတ်ရာကျွတ်ရာ ခပ်ဝေးဝေး ရှောင်နေကြတာပါ။ မုန်းလို့တော့ မဟုတ်ပါဘူး။

READ
မွှေးကြိုင်သော ပုဇွန်ချဉ်ငံစပ် ခေါက်ဆွဲပြုတ် ချက်နည်း
Vixen Daily

(၆) ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်စွမ်း လုံးဝမရှိတော့ဘူး။ ၀ိတ်လျှော့နေတာလား … ထမင်းတစ်နပ် လျှော့စားနေ တာလား .. ။ ဘာမှလာ ရှင်းပြမနေနဲ့။ ဗိုက်ဆာတာပဲ သိတယ်။ စားမှာပဲ။

(၇) ပိုက်ဆံ ဘယ်လောက်ကုန်ကုန် ဂရုမစိုက်နိုင်တော့ဘူး။ ဘတ်ဂျက်ခြွေတာရေးဆိုတာ ကိုယ့်သဘောနဲ့ ကိုယ်ဘာ့သာ ထောက်ခံအတည်ပြုပြီး၊ ကိုယ့်သဘောနဲ့ ကိုယ့်ဘာသာ ကန့်ကွက်ပယ်ဖျက် လို့ရတဲ့ တစ်ကိုယ်တော် စီမံကိန်းလေ။

(၈) ချိန်းထားတဲ့ အချိန်တွေ မတိကျတော့ဘူး။ (၁၂း၃၀)မှာ နေ့လည်စာ စားခွင့်ရတယ်။ (၁း၀၀)နာရီ အစည်း အဝေးကို (၁း၃၀)မှ ရောက်တယ်။ ပြဿနာ မရှိပါဘူး။ နောက်ကျလို့ ဆူလည်း ခံလိုက်ရုံပဲ။ ဗိုက်ပြည့်ဖို့ အရေးပို ကြီးတယ်။

Mashed

(၉) ဘယ်နေရာမှာ ဘာမဆို စားနိုင်တယ်။ သန့်ရှင်းတာတွေ၊ ညစ်ပတ်တာတွေ၊ လမ်းဘေးဆိုင်တွေ၊ ပူတာတွေ၊ အေးတာတွေ အားလုံး နားထား…။

Source : Shared

SHARE