တစ်ယောက်တည်းကိုပဲ စွဲစွဲမြဲမြဲချစ်တတ်တဲ့ ကောင်လေးတွေဆိုတာ….

သင်တစ်ယောက်တည်းကိုပဲ စွဲစွဲမြဲမြဲချစ်တတ်တဲ့ ကောင်လေးတွေဆိုတာ ဘယ်လောက်ဆိုးဆိုး၊ ဘယ်လောက်ချွဲချွဲ ၊ ရစ်တဲ့အချိန်တွေ၊ တမင်ဂျီကျနေတဲ့ အချိန်တွေ၊ နောက်ဆုံး သူမကြိုက်တာ တစ်ခုခုကိုသင်လုပ်လိုက်မိရင်တောင် သည်းခွင့်လွှတ်ပေးတဲ့သူပါ…ဘာလို့ အရမ်းသည်းခံတယ်ဆိုတာကလည်း သင်တစ်ယောက်တည်းကိုပဲ အရမ်းချစ်လွန်းလို့ဖြစ်ပါတယ်။ သင်ကိုအရမ်းချစ်တဲ့ ကောင်လေးတွေရဲ့ အပြုအမှုတွေကို ဖော်ပြပေးလိုက်တယ်နော်…

(၁) သင့်ကို လုံးဝလက်လွှတ်မခံဘူး

သင်တို့နှစ်ယောက်ကြားမှာ ဘယ်လောက်ပြဿနာတွေ ရှိနေပါစေ၊ အတားအဆီးတွေ ဘယ်လောက်ပဲရှိနေပါစေ သူဆုပ်ကိုင်ထားတဲ့ သင်ရဲ့လက်တစ်စုံကို ဖြုတ်မယ့်သူမျိုး မဟုတ်ပါဘူး။  အချစ်အတွက်ဆိုရင် လွယ်လွယ်လက်မလျှော့တတ်သလို အရာအားလုံးကို ရင်ဆိုင်ကျော်ဖြတ်ရဲပြီး သင့်ကိုပိုင်ဆိုင်နိုင်ဖို့ အစွမ်းကုန်ကြိုးစားမယ့်သူမျိုးဖြစ်ပါတယ်။

(၂) သင် တန်ဖိုးကိုနားလည်တယ်။

ချစ်သူကိုတန်ဖိုးထားတတ်တဲ့ ကောင်လေးတွေဆိုတာ သူတို့ချစ်ရတဲ့သူ ဝမ်းနည်းသွားမှာ၊ စိတ်ထိခိုက်သွားမှာ အရမ်း
စိုးရိမ်ကြပါတယ်။ တစ်ခါတစ်လေ စိတ်အခန့်မသင့်လို့ ပြသာနာလေးတွေဖြစ်လာတဲ့အခါ ဆူတာ၊ ဟောက်တာ၊ လက်ပါတာတွေလုပ်မယ့်အစား ခေါင်းအေးအေးထားပြီး သင့်ဖက်ကို ကြည့်ပြီး အကောင်းဆုံးဖြေရှင်းပေးတတ်သူတွေပါ။

(၃) သ၀န်အရမ်းတိုတတ်တယ်။

သင့်ကို တစိမ်းယောက်ကျားတွေက  ထိလားကိုင်လားလုပ်ဖို့မပြောနဲ့ ကြာကြာကြည့်ရင်တောင် မကြိုက်ကြတဲ့သူတွေပါ။ သင်နဲ့ပတ်သတ်ရင် အရမ်းသ၀န်တိုတတ်သူတွေပေါ့။ ဒါပေမယ့် သူရဲ့သ၀န်တိုစိတ်ကြောင့် သင်စိတ်ဆင်းရဲမှာစိုးလို့ သူတို့သ၀န်တိုစိတ်ကို မျိုသိပ်ထားပြီး ချစ်သူကိုလည်း မရစ်ချင်တာကြောင့် ထိန်းချုပ်ထားရင်းနဲ့ ဆူပုတ်ပုတ်ကြီး ဖြစ်နေတတ်တဲ့သူတွေပါ။

READ
သင့်ကို တစ်နေ့သေချာပေါက် အသဲခွဲမယ့် ယောက်ျားတစ်ယောက်၏ လက္ခဏာ(၇)မျိုး

(၄) ဘယ်တော့မှ သစ္စာမဖောက်ဘူး။

သူတို့ဟာ လွယ်လွယ်လည်း မချစ်တတ်သလို လူတစ်ယောက်ကို ချစ်မိပြီဆိုရင်လည်း အချစ်တွေအားလုံးပုံအောပြီး တစ်ယောက်တည်းကိုပဲ စွဲစွဲမြဲမြဲချစ်တတ်ကြပါတယ်။ သင်သူဘေးနားမှာ ရှိနေမပေးနိုင်တဲ့အချိန်မျိုးတွေမှာ သင့်အကြောင်းပဲတွေးနေတတ်ပြီး အလုပ်တွေများလို့ သူ့ကို မေ့ပြီး မဆက်သွယ်ဖြစ်ရင်တောင် သူတို့ဘက်က မမေ့မလျော့ဆက်သွယ်တတ်တဲ့သူမျိုးတွေပါ…

(၅) သင်နဲ့ပတ်သတ်ရင် စိတ်ထိခိုက်လွယ်တယ်။

သင်နဲ့ပတ်သက်ရင် နည်းနည်းလေးမှ အထိခိုက်မခံနိုင်လောက်အောင်ထိ စိုးရိမ်နေတယ်ဆိုတာက အရမ်းချစ်မိနေလို့ပါ။တစ်ခါတလေ သင့်ရဲ့ စကားတစ်ခွန်း၊ အပြုအမူလေးတစ်လေးတစ်ခုကအစ သူ့ကို အရမ်းဝမ်းနည်းသွားစေနိုင်ပါတယ်။ ဒါကြောင့် တို့ကို ဝမ်းနည်းအောင် ခဏခဏ မလုပ်မိပါစေနဲ့…..

ကဲ ဒီအချက်တွေနဲ့ ကိုက်ညီနေပြီး တစ်ယောက်တည်းကိုပဲ စွဲစွဲမြဲမြဲချစ်တတ်တဲ့ ကောင်လေးကိုပိုင်ဆိုင်ထားရင် သင်က ဒီကမ္ဘာမှာ ကံအကောင်းဆုံးလူတစ်ယောက်ပါနော်…

SHARE