သင်္ချာမှာ ချာတူးလန် ညံ့သူလေးများသာ နားလည်နိုင်မယ့် အခက်အခဲ (၁၁) မျိုး

ကျောင်းတုန်းက မြန်မာစာတို့ အင်္ဂလိပ်စာတို့မှာသာ ဘာလာမေးမေး ပြုံးပြုံးလေး လုပ်နေနိုင်ပေမယ့် သင်္ချာဆိုတဲ့ အသံကြားလိုက်တာနဲ့ ခေါင်းမူးချင်သလိုလိုတောင် ဖြစ်လာဖူးသူတွေ ရှိကြတယ်မလား..။ လူငယ်ပဲ ဖြစ်ဖြစ်၊ လူကြီးပဲ ဖြစ်ဖြစ် သင်္ချာအားနည်းတဲ့သူတွေမှာ ကြုံရတဲ့ အခက်အခဲကိုယ်စီ ရှိတတ်ကြပါတယ်။

ဒီတစ်ခါမှာတော့ သင်္ချာမှာ အားနည်းသူတွေ ကြုံလေ့ရှိတဲ့ အဖြစ်တွေကို အပျော်သဘောလေးအဖြစ် တင်ဆက်ပေးထားပါတယ်။ ပရိသတ်ကြီးထဲမှာရော ငယ်ငယ်တည်းကလည်း သင်္ချာကြောက်၊ ကြီးလာတော့လည်း ဂဏန်းတွေနဲ့ ပတ်သက်လို့ တဝဲလည်လည် ဖြစ်နေကြသူတွေရှိရင်တော့ အောက်က အချက်လေးတွေကို တစ်ချက်မဟုတ် တစ်ချက်တော့ ကြုံဖူးကြမှာနော်။ 😛

Shutterstock/ By Undrey

(၁) အရေအတွက်တွေကို ရေရဖို့ လက်ချောင်းတွေကို သုံးနေရတုန်းပဲ

(၂) လက်ချောင်းသုံးလို့ မလောက်တော့ဘူးဆိုတာနဲ့ ဂဏန်းပေါင်းစက်ကို အားကိုးရတဲ့ဘဝ

(၃) လူတွေက သင်္ချာအကြောင်း ဆွေးနွေးနေကြတာ ဒါမှာမဟုတ် အတွက်အချက်တွေနဲ့ ပတ်သက်တာ ပြောနေကြတာ ကြားရင် ဂြိုဟ်သားစကားတွေ ကြားနေရသလိုလို..

Shutterstock/ By Andrey_Popov

(၄) ရာခိုင်နှုန်းတွေက မကောင်းဆိုးဝါးတွေပါပဲ။ ဂဏန်းပေါင်းစက်မှ မရှိရင် ဘယ်ဂဏန်းရဲ့ ဘယ်လောက်ရာခိုင်နှုန်းက ဘာမှန်း မသိတော့..

(၅) ဆိုင်တွေမှာ Discount ချထားတဲ့ ဈေးတွေကို တွေ့ရင် မူရင်းဈေးကို ပြန်မတွက်တတ်တာ သင်္ချာညံ့သူလေးတွေပါ..

Shutterstock/ By alphaspirit

(၆) တစ်စုံတစ်ယောက်က သင်္ချာမေးခွန်းတစ်ခုခု ရုတ်တရက်ထမေးလိုက်တဲ့အခါတွေမှာဆိုရင် stress တွေ ဖြစ်လာ..

(၇) အီကွေးရှင်းတွေကို ခေါင်းထဲမှာတင် အဖေရြအောင် တွက်နိုင်သူတွေတွေ့တိုင်း အံ့သြမှင်သက်ရ..

(၈) အတွက်အချက်တွေ၊ ဂဏန်းတွေနဲ့ ပတ်သက်တာတွေ သင့်ကို တစ်ယောက်ယောက်က လာပြောတိုင်း ဦးနှောက်အလုပ်လုပ်တာ အလိုလိုရပ်သွား.. 

Shutterstock/ By Hannah Gleghorn

(၉) အလုပ်လုပ်တာ သက်တမ်းနုသေးချိန်တွေမှာဆို Excel နဲ့ တစ်ခုခု အခိုင်းခံရတာနဲ့တင် ဖျားချင်သလိုလိုဖြစ်လာ..

(၁၀) သင်္ချာမှာ တကယ်ကို ထူးချွန်ပြီး ဝါသနာပါတဲ့သူမျိုးတွေကိုတွေ့တိုင်း ဒီလိုထူးဆန်းတဲ့ သတ္တဝါမျိုး ရှိသေးပါလားဆိုပြီး တွေးမိတဲ့ အခိုက်အတန့်..

(၁၁) အတွက်အချက်နဲ့ ပတ်သက်ရင် သိပ်ကို ချာလွန်းလို့ ငွေရေးကြေးရေးနဲ့ ပတ်သက်လာရင် အရမ်းကို အလိမ်ခံရနိုင်ချေများသူ.. 

Shwemom

SHARE