အွန်လိုင်းပေါ်မှာ ဂိမ်းတွေကို အလွယ်တကူကစားနိုင်စေတော့မယ့် Google “Stadia”

Google ကနေ ဂိမ်မာတို့အတွက် အွန်လိုင်းဂိမ်းဝန်ဆောင်မှုအသစ်တစ်မျိုးဖြစ်တဲ့ ‘Stadia’ ကို မိတ်ဆက်ပေးလိုက်ပါပြီ။

‘Stadia’ ဟာ ဂိမ်းတွေကို အွန်လိုင်းပေါ်က cloud server ပေါ်မှာတင် streaming လုပ်ပြီး ကစားနိုင်စေနိုင်မှာ ဖြစ်တဲ့အတွက် ဒေါင်းလုတ်လုပ်စရာလည်း မလိုဘဲ ကိုယ့်မှာရှိတဲ့ ဖုန်း၊ လက်ပ်တော့ပ်၊ desktop၊ တီဗီ၊ တက်ဘလက် ဘယ် device မှာမဆို online streaming ကစားနိုင်စေမှာပါ။ Update လုပ်စရာ၊ ဒေါင်းလုတ်လုပ်စရာမလိုဘဲ ကစားချင်တဲ့ ဂိမ်းကို တန်းရွေးပြီး အွန်လိုင်းပေါ်မှာ ကစားနိုင်မှာဖြစ်ပါတယ်။

Dailymail

‘Stadia’ ကိုတော့ Google ရဲ့ စီအီးအို Sundar Pichai က အင်္ဂါနေ့က ဆန်ဖရန်စ္စကိုမှာ ပြုလုပ်ကျင်းပတဲ့ Game Developer Conference မှာ မိတ်ဆက်ပေးခဲ့တာပါ။ ထိုပွဲမှာ Google က ထုတ်တဲ့ game controller ကိုပါ မိတ်ဆက်ပေးခဲ့ပါတယ်။ မနှစ်ကဆိုရင် ‘Stadia’ ကနေ Google Chrome browser ထဲမှာ Assassin’s Creed Odyssey ဂိမ်းကို streaming ကစားနိုင်စေခဲ့တဲ့ ‘Project Stream’ ကို လုပ်ခဲ့သလို ယခုလည်း ထိုနည်းတူပဲ Google ရဲ့ cloud server ထဲမှာ အရည်အသွေးမြင့်ဂိမ်းတွေကို ကစားလို့ရမှာ ဖြစ်ပါတယ်။

READ
သမီးဖြစ်သူရဲ့ ဗွီဒီယိုကြောင့် iPhone X အင်ဂျင်နီယာ အလုပ်ထုတ်ခံရ
Dailymail

အသုံးပြုသူတွေက Youtube ပေါ်မှာ ဂိမ်းတစ်ခုခုရဲ့ streaming ကို ကြည့်ရင်း ကိုယ်တိုင်ကစားချင်လာတာနဲ့ ‘play now’ button’ ကို နှိပ်ပြီး ကိုယ့် device ပေါ်မှာ ချက်ချင်းကစားနိုင်မှာပါ။ အစပိုင်းမှာတော့ ဂိမ်းတွေရဲ့ resolution ကို 4K HD resolution နဲ့ stream နိုင်မှာ ဖြစ်ပြီး နောက်ပိုင်းမှာ 8K resolution အထိ ရလာမယ်လို့လည်း သိရပါတယ်။

Dailymail

ဂိမ်းနဲ့ Google ရဲ့ wireless controller ကို wifi နဲ့ချိတ်ပြီး ဆော့နေစဉ်မှာလည်း capture button ကို နှိပ်ပြီးတော့ ကိုယ်ဆော့နေတဲ့ဂိမ်းကို Youtube ပေါ်မှာ ဝင်ကြည့်နိုင်ကြအောင် share နိုင်ပါသေးတယ်။ Google Assistant button ကိုလည်း ဂိမ်းထဲက feature တွေကို အသံနဲ့ ထိန်းချုပ်နိုင်အောင် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Stadia က multiplayer mode နဲ့ ကစားနိုင်အောင်ပါ စီစဉ်ထားမှာပါ။

READ
ခွေးတွေတီဗီလိုင်းပြောင်းချင်ရင်ပြောင်းနိုင်ဖို့ တီထွင်ပေးလိုက်တဲ့Remote
Dailymail

ကိုယ်နဲ့ တူတူဆော့မယ့်သူတွေက ဘယ် device ကို သုံးနေနေ ဂိမ်းထဲမှာ ချိတ်ဆက်ဆော့နိုင်စေမယ့် cross-platform play feature လည်း ထည့်သွင်းပေးထားပါတယ်။ Google ကနေ ဂိမ်း ဝန်ဆောင်မှုကို ဖန်တီးဖို့ ‘Project Yeti’ ဆိုတဲ့ လျှို့ဝှက်ပရောဂျက်ကို လုပ်နေတယ်ဆိုပြီး ၂၀၁၈ ကတည်းက သတင်းထွက်ခဲ့တာပါ။

အခုဆိုရင် Google အပြင် Amazon နဲ့ Google တို့လည်း ကိုယ်ပိုင် ဂိမ်း streaming ဝန်ဆောင်မှု ဖန်တီးဖို့ စီစဉ်နေကြပြီဆိုတဲ့ သတင်းတွေလည်း ကြားထားရပါတယ်။

Ref: Dailymail

SHARE