အင်္ဂလိပ်လူမျိုး အဆိုတော် ဦးဆောင်ဖျော်ဖြေခဲ့တဲ့ (၂၀၁၈)ရုရှားကမ္ဘာ့ဖလားဖွင့်ပွဲ အခမ်းအနား

AP Photo/Victor Caivano

(၂၀၁၈) ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ အိမ်ရှင်ရုရှားအသင်းနဲ့ အာရှတိုက်ကိုယ်စားပြု ဆော်ဒီအာရေဗျ အသင်းတို့ ယှဉ်ပြိုင်ကစားမယ့် မော်စကိုမြို့က Luzhniki ကွင်းကြီးထဲမှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။ ဒီနှစ်အဖွင့်ပွဲရဲ့ ထူးခြား ချက်ကတော့ အရင်နှစ်တွေက ကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲတွေထက် ကျင်းပ ချိန်တိုခဲ့တာပါ။ ISIS အဖွဲ့ရဲ့ ခြိမ်း ခြောက်မှုကြောင့်လည်း ဖွင့်ပွဲအခမ်းအနား ကျင်းပချိန် သိပ်မကြာ ခဲ့တာဖြစ်သလို လုံခြုံရေးအစောင့်အရှောက် တွေလည်း တင်းတင်းကျပ်ကျပ် ချထားတာကို တွေ့ရပါတယ်။

(AP Photo/Matthias Schrader)
AP Photo/Antonio Calanni

ဖွင့်ပွဲအခမ်းအနားဖျော်ဖြေမှုအတွက် တေးသီချင်းတွေကိုတော့ အင်္ဂလိပ်အဆိုတော် ရော်ဘီဝီလျံ (Robbie Williams)က သီဆိုခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ မီးတောက်ငှက်ကြီးလိုမျိုး ပုံဖော်ထားတဲ့ အရုပ်ကြီးနဲ့အတူ ရုရှားအော်ပရာအဆိုတော် အေဒါ ဂါရီဖူလီနီ(Aida Garifullina)တို့က ဖျော်ဖြေရေး စင်မြင့်ပေါ်ကို ရောက်လာပြီး ရော်ဘီဝီလျံနဲ့ အတူ တွဲဖက်သီဆိုခဲ့ပါတယ်။

READ
မန်စီးတီးနဲ့ပွဲမှာပြန်လာပါဝင်ဖို့ အသင့်ဖြစ်နေတဲ့စီရော်နယ်လ်ဒို
AP Photo/Victor Caivano
(AP Photo/Hassan Ammar)

ရော်ဘီဝီလျံနဲ့ အေဒါတို့ သီဆိုနေချိန်မှာတော့ ကွင်းထဲမှာ ကျွမ်းဘားသမားနဲ့ အကမယ်တွေ အပါအ၀င် အိမ်ရှင် ရုရှားနိုင်ငံသူ၊ နိုင်ငံသား ဖျော်ဖြေရေးသမား(၈၀၀)က အမျိုးမျိုးသော တင်ဆက်မှုပေါင်းစုံနဲ့ ပရိသတ်တွေကို ဖျော်ဖြေခဲ့ပါတယ်။ ရော်ဘီဝီလျံရဲ့ ဖျော်ဖြေရေးအစီအစဉ်က တတိယမြောက်သီချင်း Angel ကို အေဒါနဲ့အတူ တွဲဖက် သီဆိုနေချိန်မှာပဲ (၂၀၁၀)ကမ္ဘာ့ဖလားချန်ပီယံ စပိန်အသင်းခေါင်းဆောင်ဟောင်း ကက်ဆီးလက်ဟာ ကမ္ဘာ့ဖလားရုပ်တုကို ကိုင်မြှောက်ဖို့ ကွင်းထဲကို ၀င်လာခဲ့ပါတယ်။

(AP Photo/Darko Bandic)
AP Photo/Darko Bandic
AP Photo/Antonio Calanni

ကမ္ဘာ့ဖလားရုပ်တုကိုတော့ တန်ဖိုးမြင့် LV အမှတ်တံဆိပ် သေတ္တာထဲကို ထည့်သွင်းထားတာပါ။ ကက်ဆီးလက် နဲ့အတူ အိမ်ရှင်ရုရှားနိုင်ငံကို ကိုယ်စားပြုပြီး LV သေတ္တာထဲကနေ ကမ္ဘာ့ဖလားကို ထုတ်ယူခဲ့သူ လှပျိုဖြူက တော့ ရုရှားစူပါမော်ဒယ် နာတာလီယာ ဗိုဒီနိုဗာ(Natalia Vodianova) ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ရော်ဘီဝီလျံရဲ့ သီဆိုဖျော်ဖြေမှုလည်း တက်သုတ်ရိုက် အဆုံးသတ်ခဲ့ရပြီး ရုရှားသမ္မတ ပူတင်နဲ့ ဖီဖာဥက္ကဌ အင် ဖန်တီနိုတို့က အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။

READ
၂၃-၇-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ စုစည်းမှု
AP Photo/Matthias Schrader
AP Photo/Hassan Ammar

(၂၀၁၈)ဖွင့်ပွဲအခမ်းအနားကို ပရိသတ်(၈၀,၀၀၀)ကျော် တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒီနှစ်ဖွင့်ပွဲ အခမ်းအနားမှာတော့ လူပြောသူပြောများပြီး မျက်နှာပျက်စရာ အဖြစ်အပျက်(၂)ခု ရှိခဲ့ပါတယ်။ ပထမတစ်ခုက တော့ ဖွင့်ပွဲအခမ်းအနားဟာ အတော်ကို တိုလွန်းခဲ့တာကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ ပရိသတ်တွေရဲ့ ဝေဖန်သံ တွေ များပြားခဲ့ပါတယ်။ ဒုတိယအဖြစ်အပျက်ကတော့ အင်္ဂလိပ်အဆိုတော် ရော်ဘီဝီလျံဟာ တိုက်ရိုက် ထုတ်လွှင့်နေချိန် ကင်မရာရှေ့မှာ လက်ခလယ်ထောင်ပြီး မဖွယ်မရာ ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

 

 

SHARE