အမိုက်စား Optical Illusion တွေ ကြောင့် နာမည်ကြီးနေတဲ့ Hannah Grace

Image:IG/theillusionartist

Hannah Grace ဆိုတဲ့ အမျိုးသမီး က တော့ လန်ဒန်ကပါ။သူမရဲ့ မိတ်ကပ်ပညာကို အသုံးချပြီး အမိုက်စား Optical Illusion တွေကို ဖန်တီးခဲ့သူပါ။လက်ရှိမှာတော့ အောင်မြင်တဲ့ Artist တစ်ယောက် အဖြစ်နဲ့ ရပ်တည်ေ နပါတယ်။အရင် တုန်းက တော့ သူမရဲ့ အလုပ်က စားဖိုမှူး ပါ။မိတ်ကပ် ပညာကို ကိုယ့်ဟာကိုယ် လေ့လာပြီး နောက် မှာတော့ facial makeup illusion တွေကို ၂၀၁၈ တည်းက စတင် ဖန်တီးခဲ့တာပါ။သူမရဲ့ မျက်နှာကို ချယ်သ နေရတဲ့ အချိန်က သူမ အတွက် အ ပျော်ဆုံးပဲလို့ Hannah Grace က ပြောခဲ့ပါတယ်။ဒီအ ကြောင်းကိုတော့ odditycentral မှာ ဖော်ပြထား ပါတယ်။

အရင်က စားဖိုမှူးလုပ်ခဲ့ပေမယ့် နောက်ပိုင်း မိတ်ကပ် ပညာပိုင်းမှာ သူမက တော်တယ်ဆိုတာကို သိလိုက် ပြီး နောက်မှာတော့ ဒီဖက် လိုင်းကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။အဲ့ဒီတည်းက စပြီး ကာတွန်းဇာတ်ကောင်ပုံစံ တွေ အဖြစ် သူမ ကိုယ်သူမ ပြောင်းလဲ ခဲ့ပါတယ်။သူမရဲ့ makeup ပညာကို အစ က တော့ ၀ါသနာ အရ နဲ့ စ ခဲ့ ပေမယ့် နောက်ပိုင်း မှာ တော့ အောင်မြင်တဲ့ လမ်းေ ကြာင်း ပေါ်ကို ရောက်လာခဲ့တာပါ။အခုဆိုရင်တော့ အွန်လိုင်း ပေါ်မှာ Fan တွေ အများကြီး ပိုင် ဆိုင် နေပါပြီ။

” တစ်နေ့ မှာ ၀ါသနာကို Career လမ်း ကြောင်း တစ်ခု အဖြစ် ပြောင်းနိုင်ဖို့ အတွက် ဘယ်လို ပြောင်းလဲ မှု လုပ်ရမလဲ ဆိုတာ သင်ယူခဲ့တယ်။ကျွန်မက Perfect ဖြစ်မှ ကြိုက်တဲ့ လူမျိုး ဖြစ်တာ ကြောင့် ဆိုရှယ်မီဒီယာ ပေါ် ပုံ မတင် ခဲ့ပေမယ့် သေချာ ပြင်ဆင်ပြီး အားလုံးကို အံ့သြ သင့်စေ တာ မျိုးကိုပဲ လိုချင်တယ်..။တစ်ပတ်မှာ ပုံစံ သုံးလေး ခု လောက် ပြောင်း ဖြစ်တယ်။ကျွန်မ သား အိပ် နေတဲ့ အချိန်မှ လုပ် ရတာ လေ.” လို့ ပြောခဲ့ပါတယ်။

Optical Illusion တွေ ရ ဖို့ အတွက် တော့ မိတ်ကပ် တစ်ခုတည်း မဟုတ်ပဲ Painting ကိုပါ ရောပြီး ဖန်တီး ခဲ့တာပါ။အချိန် က တော့ နာရီ နဲ့ ချီပြီး ပေးရပါတယ်။ပုံဖန်တီးတာရော ဖန်တီးထားတာကို ပြန်ဖျက် တာ ရော အားလုံးက အချိန် သေချာ ယူရပါတယ်။သူမ အတွက်က တော့ ၈ နာရီ က နေ ၁၀ နာရီ လောက် အထိ အချိန်ယူ ဖန်တီး ရတယ်လို့ ဆိုပါတယ်။သူမရဲ့ လက်ရာ တွေကို ဒီ့ထက်ပို သေချာ လေ့လာချင်ရင် တော့ theillusionartistဆိုတဲ့ IG မှာ သွားရောက် လေ့လာ လို့ ရပါတယ်။

#SHWEMOM

SHARE