3D မိတ်ကပ်ပညာနဲ့ အမိုက်စားဖန်တီးမှုတွေ လုပ်ပြနေတဲ့ အမျိုးသား မိတ်ကပ်ပညာရှင်

သုံးဖက်မြင်ရုပ်ပုံရေးဆွဲတဲ့ ပညာက တကယ်ကို အသက်ဝင်၊ ရုပ်လုံးကြွတဲ့ အနုပညာတစ်ရပ်ဖြစ်တယ်။ ဒီလို ရေးဆွဲရာမှာ သိပ်စကေးပိုင်တဲ့ သူတွေအမြောက်အမြားရှိနေပြီး သူတို့က နှစ်ဖက်မြင် အလွှာတွေကို သုံးဖက်မြင် (3D) ပုံရိပ်တွေနဲ့ လှည့်စားပြခဲ့ကြတယ်။

ဒီလို အရည်အချင်းရှိတဲ့ သူတွေထဲကမှ Luca Luce ဆိုတဲ့ ပရော်ဖက်ရှင်နယ် မိတ်ကပ် အနုပညာရှင်က အမြင်ရှု့ထောင့်တွေကို လှည့်စားတဲ့ ပညာနဲ့ ခံစားမှုတွေကို အနေအထားတစ်ခုထိ ရောက်အောင် တင်ဆက်ပြခဲ့တယ်။

mymodernmet

Luce က  TV အစီအစဉ်တွေက ဆယ်လီတွေကို မိတ်ကပ်လိမ်းပေးနေတာ (၁၈) နှစ်ကျော်ခဲ့ပြီလို့ သိရပါတယ်။ သူက အမြင်အာရုံ လှည့်စားတဲ့ မိတ်ကပ်ပညာကိုတော့ (၂၀၁၄) ခုနှစ်မှာ စတင်လိုက်စားခဲ့တယ်။ စစချင်းမှာ သူရဲ့ လက်နှစ်ဖက်ကို ကင်းဗတ်စတွေလို အသုံးချပြီး မြင်ရသူတွေကို မသတီစရာဖြစ်အောင်၊ အစိတ်အပိုင်းတွေ ချို့ယွင်းသလို အမြင်မှားအောင် လှည့်စားဖန်တီးပြခဲ့တယ်။

READ
ငယ်ငယ်က ငြင်းခဲ့တဲ့ crush တွေကို နောင်တရစေမယ့် သူတို့ ......

အဲ့ဒီ့နောက်ပိုင်းကစပြီး ဦးခေါင်းပိုင်း၊ မျက်နှာတစ်ဝိုက် အစိတ်အပိုင်းတွေကို ဖန်တီးမှုလက်ရာကောင်းကောင်းနဲ့ အော့အန်ဖွယ်အစိတ်အပိုင်းတွေ ဖြစ်အောင်တောင် ပြောင်းလဲပြသခဲ့တယ်။

အီတလီနိုင်ငံသား Luce ကသူကျွမ်းကျင်တဲ့ အနားသပ်တဲ့ စကေးနဲ့ ကောက်ကြောင်းဖော်တဲ့ စကေးကို ပိုင်ပိုင်နိုင်နိုင် အသုံးချပြီး အသွင်းအမျိုးမျိုးဖန်တီးပြနိုင်ပါတယ်။ သူ့ရဲ့ အနုပညာစွမ်းရည်ကို ပြသထားတဲ့ 3D အမြင်အာရုံလှည့်စားမှုတွေကို ခံစားကြည့်ကြည့်ကြပါဦး….။

1.

mymodernmet

2.

mymodernmet

3.

mymodernmet

4.

mymodernmet

5.

mymodernmet

6.

mymodernmet

7.

mymodernmet

8.

mymodernmet

9.

mymodernmet

10.

mymodernmet

11

mymodernmet

12.

mymodernmet

13.

mymodernmet

14.

mymodernmet

15.

mymodernmet

16.

mymodernmet

17

mymodernmet

Ref: My Modern Met

Matthew (ShweMOM)
SHARE