အထဲကပုံဟာ တံခါးလား ကမ်းခြေလား

Twitter / @9GAG

ဒီလို နှစ်ခွထင်စေတဲ့ပုံတွေကို optical illusion photos အမြင်လှည့်စားစေတဲ့ဓာတ်ပုံတွေလို့ ခေါ်ပါတယ်။ အရင်ကလည်း အပြာရောင်ဂါဝန်လား အမည်းရောင်ဂါဝန်လား ဆိုတာနဲ့ ဖိနပ်တစ်ဖက်ကိုပြပြီး စိမ်းပြာနဲ့ မီးခိုးလား ဒါမှမဟုတ် ပန်းရောင်နဲ့ အဖြူလား ဆိုတဲ့ပုံတို့လို စသည်ဖြင့် နှစ်မျိုးနှစ်စား ထင်စေတဲ့ပုံတွေ ပေါ်ပေါက်ခဲ့ဖူးပါတယ်။

MetaFilter
MetaFilter

အခုတစ်ခါမှာလည်း နောက်ဆုံးပေါ်ထားတဲ့ တံခါးလား ကမ်းခြေလားဆိုတဲ့ ပုံတစ်ပုံနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီပုံဟာ 9GAG က Twitter ပေါ်တင်ထားရာမှ နာမည်ကြီးလူသိများခဲ့တာပဲဖြစ်ပါတယ်။

Twitter / @9GAG

ပုံကို ဒေါင်လိုက်ကြည့်လိုက်မယ်ဆိုရင် တံခါးလို့ထင်ချင်စရာပါပဲ။ အပြာရောင်ဟာ တံခါးချပ်၊ စိမ်းပြာရောင်ဟာ တံခါးဘောင်နဲ့ အဖြူညစ်ရောင်ဟာ ကွန်ကရစ်နံရံလို့ ထင်ချင်စရာပါ။

ဒါပေမဲ့ ပုံကို အလျားလိုက်ကြည့်ကြည့်ပါ။ အဖြူညစ်ရောင်ဟာ သဲအဖြစ်၊ စိမ်းပြာရောင်ဟာ ပင်လယ်ရေအဖြစ်နဲ့ အပြာရောင်ဟာ ကောင်းကင်အဖြစ်ပြောင်းမြင်ပြီး ပုံတစ်ပုံလုံးဟာကမ်းခြေရဲ့ သဲ၊ရေ၊ကောင်းကင်လို့ ထင်စေပါတယ်။

Twitter / @9GAG

Twitter မှာ like လုပ်သူပေါင်း (၃၀၀၀) ကျော်ရှိပြီး တစ်ယောက်တစ်ပေါက်နဲ့ အငြင်းအခုန်တွေတောင်ဖြစ်လို့နေပါတယ်။ တံခါးဆိုတဲ့ ဘက်ကတော့ အားသာသော်လည်း 9GAG အောက်က Comment တစ်ခုမှာတော့ ဓာတ်ပုံရဲ့ မူလပုံလို့ယူဆရတဲ့ ပုံတစ်ပုံတက်လာပါတယ်။ ပြောထားတာက ဒီပုံဟာ ကမ်းခြေပုံဖြစ်ပြီး အခုလိုအထင်မှားဖို့အတွက် ရေထဲမှာရှိနေတဲ့ လူတွေကို application တစ်ခုနဲ့ ဖျောက်ပစ်ထားကြောင်းပြန်ရှင်းထားပါတယ်။

READ
လူသားတွေနဲ့အပြိုင် ဘောလုံးကစားဖို့ကြိုးစားခဲ့တဲ့ နွားတစ်ကောင်ရဲ့ဗီဒီယိုနာမည်ကြီးနေ
Twitter / @9GAG

ဒါဟာလည်း အချက်အလက်တိတိကျကျနဲ့မဟုတ်တဲ့အတွက်ကြောင့် မယုံသူတွေက မယုံသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီပုံဟာ တံခါးလား ကမ်းခြေလားဆိုတာကိုတော့ ဘယ်သူမှ သေချာမသိကြသေူးပါဘူး။ ပရိတ်သတ်ကြီးရော ဘာပုံလို့ ထင်ပါသလဲ။

Source : Daily Mail

Penny

SHARE