ကျီးကန်းလားယုန်လား ဘယ်သူမှမသဲကွဲတဲ့ Twitter က အငြင်းပွားဖွယ်ဗီဒီယိုဖိုင်တစ်ခု

@dsquintana/Twitter

ကဲ ဇာတ်လမ်းကတော့စပါပြီ။ အရင်တုန်းကလည်း အင်တာနက်တစ်ခွင်မှာ ဒီလိုမျိုး တစ်ယောက်တစ်မျိုးထင်ခဲ့ကြတဲ့ အကြောင်းအရာတွေအများကြီးရှိနေပါတယ်။ ဥပမာ ဂါဝန်တစ်ထည်တည်းကိုမှ အဖြူနဲ့ရွှေရောင်လား အမည်းနဲ့အပြာလားတို့၊ သစ်သားတံခါးလား ပင်လယ်ကမ်းခြေလားတို့၊ ဖိနပ်အရောင်ကဘာလဲတို့ ဘာညာပေါ့။

@dsquintana/Twitter

ဒီတစ်ခေါက်မှာတော့ ဓာတ်ပုံမဟုတ်တော့ပါဘူး။ ဗီဒီယိုကြီးပါကြည်ကြည်လင်လင် ထွက်ပေါ်လာတာပါ။ ဒီပုံထဲကအကောင်ကို ဘယ်လိုထင်ကြလဲ? ကျီးကန်းလား၊ ယုန်လား ဆိုတာ အရင်ဆုံးထင်ကြေးပေးကြပါဦး။ ဗီဒီယိုကိုတော့ Dan Quintana ဆိုတဲ့ Twitter account ကနေ တင်ထားခဲ့တာဖြစ်ပြီး Dan Quintana ဟာ Oslo က biological psychiatry ကျွမ်းကျင်သုတေသီတစ်ယောက်ပါ။ ဗီဒီယိုကိုတင်ထားခဲ့ပြီး “Rabbits love getting stroked on their nose.” ဆိုတဲ့ စာသားနဲ့ တင်ထားခဲ့ပါတယ်။

READ
မျက်နှာခွဲခြားမှုနည်းပညာသုံးပြီး တရားခံမျက်နှာကို ဝရမ်းထုတ်ခဲ့လို့ ရယ်စရာဖြစ်ခဲ့ရ
@dsquintana/Twitter

 

မူရင်းဗီဒီယိုပိုင်ရှင်က ယုန် လို့တင်ထားတာကိုတောင်မှ တခြားလူတွေကတော့ သူတို့စိတ်ထဲမှာ ကျီးကန်းကြီးလို့ပဲမြင်နေကြောင်း ဝိုင်း comment ရေးခဲ့ကြပြီး ဗီဒီယိုဟာ တော်တော်လေးကိုနာမည်ကြီးလာခဲ့ပါတယ်။ တစ်ဖက်မှာလည်း အများထင်နေကြတဲ့ ကျီးကန်းဆိုတာမဟုတ်ကြောင်း၊ ယုန်အမည်းရောင်သာဖြစ်ကြောင်း အချင်းချင်းတွေ ပြန်လည်ငြင်းကြရင်း အခုအချိန်အထိ အဖြေမထွက်သေးပါဘူးတဲ့။ ဒီလိုငြင်းခုန်နေကြတဲ့လူတွေကြားထဲ တစ်ယောက်ရဲ့ comment လေးကတော့ တော်တော်လေး စဉ်းစားစရာပါပဲ။ ယုန်မဟုတ်ပါဘူး၊ ကျီးကန်းမျိုးနွယ်ထဲက corvid ဆိုတဲ့ငှက်ပါ၊ ဘာကြောင့်လဲဆိုရင် မျက်လုံးခဏပိတ်လိုက်၊ ပွင့်လိုက်ဖြစ်သွားတုန်းက ဒေါင်လိုက်မဟုတ်ဘဲ တစောင်းအနေအထားနဲ့ခတ်သွားတာတစ်ကြောင်း၊ အဲဒီလိုတစောင်းအနေအထားနဲ့ ခတ်လိုက်တဲ့အတွက် နှုတ်သီးလားရာနဲ့တူနေတာကြောင့် ခေါင်းငုံ့ဟန်တူနေတဲ့ယုန်မဖြစ်နိုင်ကြောင်း၊ ပြောသွားခဲ့ပါတယ်။

Penny

SHARE