ရိုးရိုးရှင်းရှင်း မျဉ်းတွေနဲ့ အံ့မခန်း အမြင်အာရုံလှည့်စားမှုတွေ ဖန်တီးနေတဲ့ အမျိုးသမီး

ကေတီအန်းဂီးလ်မောဟာ လော့စ်အင်ဂျလိစ်အခြေစိုက် အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ သင်္ချာအထူးပြုနဲ့ ဘွဲ့ရထားတာကြောင့် သူမရဲ့ ကွန့်မြူးတီထွင်မှုဟာ ဘယ်နေရာကနေ လာတယ်ဆိုတာ ပြောစရာမလိုလောက်အောင်ပါပဲ။ ကေတီရေးဆွဲထားတဲ့ မျဉ်းကြောင်းတွေက အရမ်းအသေးစိတ်လွန်းပါတယ်။ အသေးစိတ်လွန်းသလို ဟန်ချက်ညီညီ အချိုးကျကျနဲ့ ရှိနေတာကိုလည်း တွေ့ရပါတယ်။

boredpanda
boredpanda

(၂၀၁၄) ခုနှစ်မှာ ဘွဲ့ရပြီးကတည်းက သူမဟာ အမေရိကန်တစ်လွှားမှာရှိတဲ့ အနုပညာပြခန်းတွေမှာ သူမရဲ့ လက်ရာတွေကို ပြသခဲ့ပါတယ်။ သူမဟာ 2D ၊ 3D ၊ ထောင့်မှန်မျဉ်းတွေနဲ့ မြေမျက်နှာသွင်ပြင်တု ဖန်တီးစီမံရတာတွေကို ၀ါသနာထုံကြောင်း သိရပါတယ်။ ကေတီမှာ 2D မျဉ်းတွေ ရေးဆွဲပုံနဲ့ ပတ်သက်လို့ ပါရမီထူးပါလာတယ်ဆိုတာကို သူမလက်ရာတွေကြည့်ရင် သိနိုင်ပါတယ်။

boredpanda
boredpanda

အနုပညာနဲ့ သင်္ချာပညာရောနှောပေါင်းစပ်ထားတဲ့ သူမရဲ့ လက်ရာတွေဟာ ထောင့်တွေအကုန်လုံးကို အချိုးညီညီနဲ့ မှန်မှန်ကန်ကန် တွက်ချက်ထားရတာပဲ ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ စနစ်တကျနဲ့ ထောင့်ချိုးတွေ အခုံးအကွေ့တွေကို သေချာတွက်ထားတာကြောင့် ကေတီ့ကို အနုပညာရှင်တစ်ဦးထက်စာရင် အင်ဂျင်နီယာတစ်ဦးအနေနဲ့ ထင်မြင်ချင်စရာပါပဲ။ ဂျီသြမေတြီရဲ့ အခြေခံကျတဲ့ အပိုင်းတွေကနေ တဆင့် ကေတီဟာ သူမရဲ့ လက်ရာတွေကို တဖြည်းဖြည်းနဲ့ အဆင့်မြှင့်လာခဲ့တာ ဖြစ်ပါတယ်။ သာမန်ရိုးရှင်းတဲ့ လိုင်းတွေကနေ မျဉ်းဖြောင့်တွေ၊ မျဉ်းကွေးတွေကိုသုံးပြီး မျက်စိပသာဒဖြစ်အောင် ဖန်တီးလာနိုင်တာ ဖြစ်ပါတယ်။ ဆော့ပင်တစ်ချောင်းသုံးပြီး မျဉ်းတွေကို လက်ရေးနဲ့ လိုသလိုပုံဖော်နေတဲ့ ကေတီရဲ့ စွမ်းရည်ကတော့ အံ့အားသင့်စရာပါပဲ။

READ
မြင်လိုက်တာနဲ့ အံ့သြဘနန်းဖြစ်သွားရမယ့် ထူးခြားဆန်းပြား ဓာတ်လှေကားများ
boredpanda
boredpanda
boredpanda

ကေတီဟာ သူမရဲ့ ပထမဆုံးကားကိုလည်း အခုလို ပြုပြင်ခဲ့ပါသေးတယ်။ “ဒီ (၂၀၀၂) ခုနှစ်ထုတ် Nissan Maxima ကားက ကျွန်မရဲ့ ဦးဆုံးကားလေးပေါ့။ ကျွန်မကားသစ်တစ်စီးဝယ်လိုက်တော့ ကားဟောင်းလေးကို ပြန်ပြင်ဖို့ စိတ်ကူးရလိုက်တယ်။ ကားအပေါ်ခွံအဖုံးက အစတုန်းက အသားရောင်။ ကျွန်မက တစ်စီးလုံးကို အနက်ရောင်ဆေးဖြန်းပြီး အပေါ်ကနေ အဖြူရောင်လိုင်းတွေ ထပ်ဆွဲခဲ့တာ။” လို့ ကေတီက ပြောပြပါတယ်။ အောက်မှာတော့ သူမရဲ့ ထူးခြားတဲ့ အနုပညာလက်ရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

boredpanda
boredpanda
boredpanda
boredpanda
boredpanda
boredpanda
boredpanda
boredpanda

လင်းလင်း (ShweMom)

Ref: Boredpanda

SHARE