အသန့်ကြိုက်လွန်းလို့ မကြာခဏ လက်ဆေးလေ့ရှိတဲ့ မျောက်မလေး Sandra

[email protected]

အခုအချိန်မှာ ဖြစ်ပွားနေတဲ့ COVID 19 ကူးစက်ရောဂါကို ကာကွယ်ဖို့အကောင်းဆုံးနည်းလမ်းကတော့ အိမ်မှာနေပြီး လက်ကို မကြာမကြာဆေးဖို့ပါပဲ။ လူတိုင်းလူတိုင်း ဒီအချက် (၂) ချက်ကိုတော့ ဒီလိုအချိန်မျိုးမှာ လိုက်နာသင့်ပါတယ်။ အခုတောင် လူမပြောနဲ့၊ တိရစ္ဆာန်ရုံက မျောက်မလေးတစ်ကောင်တောင် တိရစ္ဆာန်ရုံက ဝန်ထမ်းတွေ သင်ကြားပေးမှုကြောင့် မကြာခဏ လက်ဆေးတတ်နေပြီဖြစ်ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Sandra the Orangutan Washing Her Hands

She definitely scrubbed her hands for longer than 20 seconds, good job Sandra! :)#washyourhands

Posted by Center for Great Apes on Saturday, March 14, 2020

Germany နိုင်ငံရှိ တိရစ္ဆာန်ရုံတစ်ခုက Sandra လို့ အမည်ရတဲ့ မျောက်မလေးတစ်ကောင်ဟာ သူမရဲ့လက်ကို မကြာခဏ ဆေးတတ်နေပြီဖြစ်ကြောင်း သိရှိရပါတယ်။ ဒီလိုဆေးတတ်တယ်ဆိုတာကလည်း အဆိုပါတိရစ္ဆာန်ရုံက ဝန်ထမ်းတွေရဲ့ သင်ကြားပေးမှုကြောင့်ပါပဲ။ Sandra လေးဟာ လက်တစ်ခါဆေးရင် အနည်းဆုံး စက္ကန့် (၂၀) ထက်မနည်းကြာအောင်ဆေးတတ်ကြောင်း သိရပါတယ်။

READ
ရေတွေက အောက်ကနေအထက်ဖက်ကို စီးဆင်းနေတဲ့ ဗီဒီယိုဖိုင်
CenterForGreatApes

ဒီလိုလက်ဆေးရင်လည်း Sandra ဟာ လက်နှစ်ဖက်ကို ဒီအတိုင်းပွတ်တိုက်ဆေးကြောတာမျိုးမဟုတ်ပဲ လက်ကို ဆပ်ပြာရေပုံးထဲ တော်တော်ကြာအောင်နှစ်ထားတတ်ပါတယ်။ ခဏကြာမှ Brush တစ်ချောင်နုပ လက်တစ်ဖက်ဆီကို စိမ်ပြေနပြေပွတ်တိုက်ဆေးကြောလေ့ရှိကြောင်း သိရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုအချိန်မှာ တိရစ္ဆာန်တစ်ကောင်ဖြစ်တဲ့ မျောက်ကလေးတောင် လက်ကို မကြာမကြာဆေးနေပြီဆိုတော့ လူတွေဖြစ်တဲ့ ကျွန်တော်တို့ကလည်း လက်ကို မကြာခဏ ဆေးသင့်ပါတယ်လို့ ထင်ပါတယ်။

CenterForGreatApes

Pyi Hein Kyaw

SHARE