Perry ကိုပေးတဲ့ လက်စွပ်နဲ့ Ex ကိုပေးဖူးတဲ့ လက်စွပ် သွားတူနေတဲ့ Orlando Bloom

မင်းသား Orlando Bloom ကတော့ လက်တလောမှာ သူနဲ့ပတ်သက်တဲ့ အကြောင်းတစ်ခု တော်တော်လေးကို လူပြောများနေပါတယ်။Katy Perry  ကို ပေးတဲ့ စေ့စပ်လက်စွပ်ကတော့ အရမ်းကိုကြီးပြီး ပန်းပုံစံ လက်စွပ် ကြီးပါ။တန်ဖိုးအားဖြသ့်တော့ အမေရိကန်ဒေါ်လာ ($7.3m) သန်းလောက် အထိရှိနိုင်ပါတယ်။ဒါပေမယ့် အဲ့ဒီလက် စွပ် ဟာ Orlando Bloom တစ်ယောက် အရင်တုန်းက သူ့ရဲ့ ဇနီးဟောင်း စူပါမော်ဒယ် Miranda Kerr ကို ပေးခဲ့ဖူးတဲ့ လက်စွပ်နဲ့ သွားပြီး တူနေပါတယ်။

pinterest.
pinterest.

မျက်စိလျင်လွန်းတဲ့ သူတွေကလည်း Katy Perry  တစ်ယောက် Orlando Bloom ဆီကနေ ရလိုက်တဲ့ စေ့စပ် လက်စွပ်ကို သေချာကို စေ့စေ့စပ်စပ်ကြည့်ပြီး လေ့လာခဲ့ကြပါတယ်။Valentine’s Day မှာရိုမန်တစ်ဆန်ဆန် propose လုပ် ခဲ့တာပါ။ Orlando Bloom တစ်ယောက် Perry ရဲ့ မိဘတွေဆီမှာပါ ခွင့်တောင်းယူခဲ့ တယ်လို့ သိရပါတယ်။Perry တစ်ယောက်သူ့သတို့သားလောင်းဆီက ရလိုက်တဲ့ လက်စွပ်မှာတော့ ပန်းရောင် အလယ်မှာတော့ အဖြူရောင်စိန်ပွင့် (၈)ပွင့်က အလှဆင်ထားတာပါ။

READ
အိပ်ယာပေါ်က Bella Hadid ရဲ့ ပုံကိုတင်ပြီး ကြွားလိုက်တဲ့ The Weeknd
IG
IG
Daily Mail
E! News

ဒါပေမယ့်လည်း ပန်းပုံစံအဆင့်မြင့်မြင့်ဈေးကြီးတဲ့ လက်စွပ်က တစ်ချိန်တုန်းက Bloom တစ်ယောက် သူ့ရဲ့ ဇနီး ဟောင်း Kerr ကို propose လုပ်ခဲ့တဲ့ လက်စွပ်နဲ့ဒီဇိုင်းခြင်း သွားပြီး ဆင်တူနေပါတယ်။နှစ်ယောက်လုံး ရဲ့ လက်စွပ် တွေမှာ တူညီနေတဲ့ အချက်က ပုံစံတူ ပန်းဒီဇိုင်းပါ။ပန်းဒီဇိုင်းကပဲ ပုံစံတူနေတာဖြစ်ပြီး လက်စွပ်မှာ သုံးထားတဲ့ စိန်နဲ့ ကျောက်မျက်ရတနာကတော့ မတူပါဘူး။Kerr နဲ့ Bloom တို့ဟာ (၂၀၁၀-၂၀၁၃)အထိ အတူလက်တွဲခဲ့ကြပြီး သူတို့မှာ Flynn ဆိုတဲ့ (၈)နှစ်အရွယ်သားလေးတစ်ယောက်လည်းရှိပါတယ်။

Daily Mail
Daily Mail

Source

SHARE