အသည်းနှလုံး Mighty လေးပျောက်သွားလို့ ရင်တွေကွဲနေပြီဆိုတဲ့ Orlando Bloom

Instagram- @orlandobloom

Lords of the Rings ထဲက ဆံပင်အဖြူရောင်အရှည်ကြီးနဲ့ elf Legolas အဖြစ်လည်းကောင်း၊ Johnny Depp နဲ့အတူတူ Pirates of the Caribbean မှာ Will Turner အဖြစ်လည်းကောင်း သရုပ်ဆောင်ခဲ့တဲ့ Orlando Bloom ကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။

Orlando Bloom ဟာ ပြီးခဲ့တဲ့ နာရီပိုင်းလောက်ကပဲ သူ့ရဲ့ Instagram မှာ post တစ်ခုတင်လာခဲ့ပါတယ်။

“🚨MIGHTY IS MISSING 🚨in Montecito California he is chipped and his collar has a number to call – if you take him to your local vet or shelter or police station he can be traced back to me for a reward please only send REAL INFO my heart is already broken so please don’t add insult to injury 🖤” ဆိုပြီးတော့ပါ။

View this post on Instagram

this is my New Years post #love #ya #2020

A post shared by Orlando Bloom (@orlandobloom) on

အကြောင်းကတော့ သူ့ရဲ့ချစ်ရပါသော ခွေးလေး Mighty ဟာ ပျောက်သွားလို့ပါတဲ့။ California, Montecito မှာပျောက်သွားခဲ့တာဖြစ်ပြီး ခွေးပျောက်ရင် ဆက်သွယ်ဖို့အတွက် ကော်လာမှာဖုန်းနံပါတ်တွေ အပြည့်အစုံထည့်ပေးထားတာကြောင့် တွေ့ရင် ဆက်သွယ်ပါ ဒါမှမဟုတ်လည်း သက်ဆိုင်ရာ ခွေးဂေဟာဖြစ်ဖြစ် စခန်းဖြစ်ဖြစ် အကြောင်းကြားပြီး အပ်ထားရင်လည်း အပ်ထားပေးပါလို့ ပြောလာခဲ့ပါတယ်။

READ
ဘောလိဝုဒ်ကားတွေ ဆက်မရိုက်တော့တဲ့ အကြောင်းအရင်းကို Riya Sen ထုတ် ပြော

ထပ်ပြီး Orlando Bloom က သူ့ရဲ့ဒဏ်ရာတွေကို မဟုတ်မဟတ်တဲ့သတင်းတုတွေပေးပြီး ဆားမဖြူးကြဖို့လည်း ပရိတ်သတ်တွေကို တောင်းပန်ခဲ့ပါသေးတယ်။

https://www.instagram.com/p/CCri-9xJPPc/?utm_source=ig_embed

Orlando Bloom ဟာ ခွေးချစ်သူတစ်ဦးဖြစ်ပြီး သူ့အနေနဲ့ ဒီခွေးလေး Mighty ကိုလည်း သံယောဇဉ်တော်တော်တွယ်ငြိနေတာပဲဖြစ်ပါတယ်။ အခုလို Mighty လေးပျောက်သွားခဲ့တဲ့အတွက် သူ့ခင်ဗျာ အသည်းတွေကွဲ ရင်တွေနာနေပါပြီလို့လည်း ပြောထားပါသေးတယ်။ အမြန်ဆုံးပြန်ရှာတွေ့နိုင်ပါစေနော်။

penny

SHARE