သေသွားတဲ့ ခွေးလေးရဲ့အရိုးကို ပုံသွင်းပြီး သိမ်းထားဆဲဖြစ်တဲ့ Orlando Bloom

Instagram/Orlando Bloom

ကိုယ့်ရဲ့အိမ်မှာ ကိုယ်မွေးထားတဲ့ခွေးလေးသေသွားရင် မိသားစုဝင်တိုင်ခံစားကြရမှာပဲ။ဘာလို့လဲဆိုတော့ ခွေးမွေးထားတဲ့ အိမ်တော်တော်များများဟာ ခွေးလေးတွေကို ကိုယ့်မိသားစုဝင်လို ချစ်နေလို့ပဲ ဖြစ်ပါတယ်။အခုလည်း Pirates Of The Caribbeanသရုပ်ဆောင် Orlando Bloomလဲ အဲဒီလိုပါပဲ။

လွန်ခဲ့တဲ့ (၃)နှစ်ကတည်းက ဆုံးပါးသွားတဲ့ Orlandoရဲ့ ခွေးလေးSidiကို အခုထိမေ့လျော့နိုင်ခြင်းမရှိတဲ့ Orlandoဟာ အခြားသူတွေလို Sidiကို မြေမမြှုပ်ဘဲ အရိုးလေးတွေကို အခုထိသိမ်းထားဆဲဖြစ်တယ်လို့ သိရပါတယ်။ဒါမှလဲ သူ့နားမှာခွေးလေးSidiတစ်ယောက်ရှိနေတာပဲလို့ ထင်နေရအောင်ပဲ ဖြစ်ပါတယ်။

Instagram/Orlando Bloom

အသက်(၄၂)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Orlandoဟာ “ဒီလိုလုပ်ကိုလုပ်ရမှာပါ။ ကျွန်တော် Sidiရဲ့ အရိုးလေးတွေကို ပုံစံမပျက်လုပ်ပြီးတဲ့အချိန်မှာ Instagram မှာတောင် ဓာတ်ပုံတင်ခဲ့ပါတယ်။ ငါ့ရဲ့ အကောင်းဆုံးသူငယ်ချင်းလေး….ငါမင်းကိုဘယ်လိုလက်လွှတ်ခံရမှာလဲ”လို့တောင် ကျွန်တော်ရေးခဲ့ပါသေးတယ်”လို့ (၂၀၂၀)ဇန်န၀ါရီလ(၂)ရက်နေ့က Daily Starသတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့ပါတယ်။

Instagram/Orlando Bloom

“Sidi က ကျွန်တော့်အတွက် အကောင်းဆုံးအဖော်ပဲဗျ။ သူသေသွားခဲ့တဲ့ အချိန်တုန်းက ကျွန်တော့်အတွက် ကမ္ဘာပျက်သလို ခံစားခဲ့ရတာဗျ။ အဲဒါကြောင့်မို့လို့လဲ ဒီလိုSidiအရိုးကိုထုတ်ပြီး ပုံစံပြန်သွင်းထားတာပါ”လို့ ပြောပြခဲ့ပါတယ်။

 

View this post on Instagram

 

#toocute not to post tuesday – #puppylove – when mighty was a peanut

A post shared by Orlando Bloom (@orlandobloom) on

“ဒီလိုကိစ္စကို လူတော်တော်များများက လက်ခံနိုင်မှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်အတွက်တော့ တော်တော်အဆင်ပြေတယ်ဗျ။ စိတ်ဓာတ်တွေကျရင် သူ့အရိုးပုံစံလေးနားမှာ ရင်ဖွင့်တယ်။ ညအိပ်ရာဝင်တိုင်း ကျွန်တော်Sidiကို good nightလို့ နှုတ်ဆက်ပြီးမှ အိပ်တယ်ဗျ”လို့ Orlandoက ရှင်းပြခဲ့ပါတယ်။ လက်ရှိမှာတော့ Orlando ဟာ Mighty လို့ အမည်ပေးထားတဲ့ ခွေးလေးတစ်ကောင်ကို မွေးထားတယ်လို့လည်း သိရပါတယ်။

SHARE