(၂၀၂၁)ရဲ့ အော်စကာဆုရဖို့ အဆင့်မှီတယ်လို့ သတ်မှတ်ခံရတဲ့ အာရှရုပ်ရှင်ကားများ-အပိုင်း (၁)

IMDb

Parasite ရုပ်ရှင်ကားနဲ့ တောင်ကိုရီးယားရုပ်ရှင်လောကကို အော်စကာဆုတွေသိမ်းပိုက်ပေးခဲ့တာ စံချိန်ချိုးသွားခဲ့တာ အားလုံးလည်းအသိပါပဲ။ အခုလာမယ့် ၂၀၂၁ ရဲ့ အော်စကာဆုပေးပွဲမှာလည်း Parasite ခြေရာကို နင်းဖို့ အနှစ်သာရတွေရှိနေတဲ့ အာရှက ရုပ်ရှင်ကားတွေရှိနေတယ်လို့ ပညာရှင်တွေက ပြောလာခဲ့ကြပါတယ်။ အဲဒီအထဲကမှ ၅ ကားကိုတော့ အပိုင်း (၁) အနေနဲ့ ဖော်ပြပေးချင်ပါတယ်။

(၁) Asia – အစ္စရေး

ဒါရိုက်တာ Ruthy Pribar ရဲ့ လက်ရာတစ်ခုဖြစ်ပြီးတော့ မင်းသမီး Alena Yiv က အဓိကပါဝင်ထားပါတယ်။ Single mother တစ်ယောက်၊ ပြောရဆိုရခက်တဲ့ ဆယ်ကျော်သက်သမီးလေးတစ်ယောက်ကို ထိန်းကျောင်းရတဲ့အကြောင်းလေးကိုမှ မိခင်တွေမှာလည်း ကိုယ်ပိုင်လွတ်လပ်မှုလိုအပ်ကြောင်း ရိုက်ကူးပုံဖော်ထားပါတယ်။ ဒီကားဟာ အစ္စရေးရဲ့ အကယ်ဒမီဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆု၊ ဇာတ်ပို့ဆု စသဖြင့် ဆုပေါင်း ၉ ဆုကို ရရှိထားခဲ့တာပါ။

READ
မကစ်ကို လူကောင်မလေးဟုတ်ရဲ့လားလို့တောင် အထင်မှားမိတယ်ဆိုတဲ့ ပိုင်ဖြိုးသု

(၂) Better Days – ဟောင်ကောင်

Derek Tsang Kwok Cheung က ရိုက်ကူးထားတာဖြစ်ပြီးတော့ ကျောင်းမှာ အနိုင်ကျင့်ခံနေရတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဘဝအကြောင်းကို ရင်နင့်ဖွယ်ပုံဖော်ထားခဲ့တာပါ။ Hong Kong Film Awards မှာလည်း အကောင်းဆုံးရုပ်သေဓာတ်ပုံဆုအပြင် ဆုကြီးပေါင်း ၈ ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။

(၃) Broken Keys – လက်ဘနွန်

စန္ဒယားပညာရှင် Tarek Yaacoub ရဲ့ ဘဝအကြောင်းကို အတ္ထုပတ္တိလိုမျိုး ရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။ Cannes ပွဲတော်မှာလည်းပဲ ပြသခဲ့တာဖြစ်ပြီးတော့ အကယ်ဒမီ ဆန်ကာတင်စာရင်းထဲလည်း ဝင်ခဲ့ပါတယ်။

(၄) Jallikattu – အိန္ဒိယ

Lijo Jose Pellissery ရဲ့ အကောင်းဆုံးသော လက်ရာလို့တောင် ဘောလိဝုဒ်ရုပ်ုရှင်လောကမှာတော့ ပြောစမှတ်ပြုနေခဲ့ကြပါတယ်။ သာမန်ကြည့်နေကျ ရုပ်ရှင်ကားတွေလိုမျိုးမဟုတ်ဘဲနဲ့ အရမ်းကိုမှ ကြမ်းတမ်းတဲ့ ပုံစံမျိုးတွေနဲ့ တောတွင်းထဲက ခြောက်ခြားဖွယ်ဖြစ်ရပ်ကို ရိုက်ကူးထားခဲ့တာပါ။

READ
၂၀၁၈ နှစ်သစ်ကူးညမှာ ကျင်းပမဲ့ ပွဲကောင်းတစ်ချို့

(၅)Leap – တရုတ်

အားကစားဒရာမာကားတစ်ကားဖြစ်တဲ့ Leap ထဲ မင်းသမီးကြီး Gong Li က ပါဝင်ထာြးီးတော့ ၂၀၁၆ ခုနှစ် တရုတ်နိုင်ငံရဲ့အမျိုးသမီး ဗော်လီဘောအသင်း အိုလံပစ်ပြိုင်ပွဲဝင်တဲ့ ဇာတ်လမ်းလေးကို ရိုက်ကူးပုံဖော်ထားခဲ့တာပါ။

penny

SHARE