အပြာဇာတ်ကားတွေ ကြည့်ခြင်းအားဖြင့် အပိုဝင်ငွေ ရတော့မည်

အပြာဇာတ်ကားတွေ၊ အပြာဝက်ဘ်ဆိုဒ်တွေဆိုတာ အမေရိကန်ကဲ့သို့သော နိုင်ငံကြီးမှာ လူကြည့်အများဆုံး ဝက်ဘ်ဆိုက်တွေ၊ ဇာတ်ကားတွေ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ အသက် (၁၈)နှစ်နဲ့ (၃၀)ကြားမှာရှိတဲ့ (၈၀)%ဟာ အပြာဇာတ်ကားကြည့်ကြောင်း ရှက်နေတဲ့သူတွေတော့ မဟုတ်ပါဘူး။ ဒီလိုလူတွေထဲမှာ သင်ပါတယ်ဆိုရင် အခုဆို ဝင်ငွေတောင်မှ ရနိုင်ပါတယ်တဲ့။

အပြာဇာတ်ကား အပြာဝက်ဘ်ဆိုဒ်တွေကလည်း လွယ်လင့်တကူ ဝင်ရောက်ကြည့်ရှုနိုင်တဲ့ ဆိုဒ်တွေ ဖြစ်နေတာကို အားလုံးလည်း အသိဖြစ်မှာပါ။ အခကြေးငွေလည်း ပေးစရာ မလိုပါဘူး။ ဒီအချက်မှာ အဓိက နစ်နာသူတွေက အပြာဇာတ်ကား သရုပ်ဆောင်တွေ ဖြစ်ပါတယ်။ တကယ်တော့ ဒီအပြာဝက်ဘ်ဆိုဒ်တွေဟာ အပြာဇာတ်ကား ကြည့်သူတွေမရှိရင် ရပ်တည်လို့ မရပါဘူး။ အထူးသဖြင့် ဒီကနေမှ သူတို့တစ်တွေ စပွန်ဆာတွေ ရတာမို့ပါ။

အပြာသရုပ်ဆောင်တွေကလည်း သူတို့တစ်တွေဟာ ထိုက်တန်တဲ့ အနုပညာကြေး ရခဲ့တယ်ဆိုတာ မှန်ပေမယ့်၊ တစ်ခြားမော်ဒယ်တွေလို ပုံရိပ်အသုံးပြုခနဲ့ ထင်ပေါ်ကျော်ကြားမှုကြေးကတော့ မရသလောက်ပါဘဲ။ ဒါကို ဖြေရှင်းဖို့နဲ့ အပြာဇာတ်ကာ ကြည့်ရှုသူတွေကိုလည်း တစ်နည်းတစ်ဖုံ အကျိုးရှိစေဖို့ Vice Industry Token က ကြိုးစားခဲ့ပါတယ်။

Vice Industry Token ရဲ့ အဆိုအရ မိမိဝယ်ယူလိုသော ပစ္စည်းတစ်ခု၊ ကြည့်ရှုလိုသော ဇာတ်ကားတစ်ခုကို အခကြေးငွေပေးရတာ ဘောဂဗေဒသဘောတရားအရ သင့်တင်လျှောက်ပတ်ပါတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီလိုကိစ္စမျိုးမှာ ကြည့်ရှုသူဘက်ကပါ ငွေရမယ်ဆိုရင် ပိုပြီး ထိရောက်နိုင်တယ်လို့ ယူဆပါတယ်။ VIT ဟာ ဝက်ဆိုဒ်ကနေ ထိန်းချုပ်ထားတဲ့ ကြော်ငြာအခြေခံကို ပြင်ဆင်ဖို့ ရည်ရွယ်နေပြီး၊ Blockchain တစ်ခု ဖန်တီးဖို့ ရည်ရွယ်ပါတယ်။

READ
ဆန္ဒတွေပြည့်ဝဖို့အတွက် ၃၅ နှစ်အရွယ်အမျိုးသားနဲ့ ချိန်းတွေ့ချင်နေတဲ့ ဖွားဖွား

ဒီနည်းအားဖြင့် ကြည့်သူ/ပြသူ ထုတ်လုပ်ရောင်းချသူတွေအတွက် အကျိုးအမြတ်တွေ ရှိလာဖို့ VIT က မျှော်မှန်းပါတယ်။ဆိုလိုရင်းကတော့ ဒီလို သူတို့ထိန်းချုပ်နိုင်ပြီဆိုရင် သူတို့နဲ့ ပါတနာဖြစ်နေတဲ့ အပြာဆိုဒ်တွေရဲ့ ဝင်ရောက်ကြည့်ရှုမှုနှုန်းကို စနစ်တကျ စိစစ်နိုင်မှာဖြစ်ပြီး၊ ဒီနည်းအားဖြင့် ကြည့်ရှုလိုသူတွေဟာ မိမိတို့ ကြည့်ရှုလိုတဲ့ ဝက်ဘ်ဆိုဒ်တွေက ဇာတ်ကားတွေအတွက် အလကားဖြစ်စေ အခကြေးငွေ ရယူ၍ဖြစ်စေ အကျိုးအမြတ် တိုးစေမှာပါ။ ဒါကို သူတို့က ‘Revolutionary adult cryprocurrency’ လုပ်တယ်လို့ ဆိုပါတယ်။

၎င်းဝက်ဘ်ဆိုဒ်မှာ ကြေညာထားတာက ” အပြာဖျော်ဖြေရေးအတွက် မူလသတ်မှတ်ချက်တွေကတော့ ကြည့်ရှုသူတွေဟာ ဇာတ်ကားတစ်ခုချင်းကိုဖြစ်စေ Subscription လုပ်၍ဖြစ်စေ ကြည့်ရှုရမှာ ဖြစ်ပါတယ် .. ဒါပေမယ့် အလကားဆိုတဲ့ကဏ္ဍကလည်း သေချာပေါက် လိုအပ်နေတယ်လို့ ထင်ရပေမယ့် … ဒီအတွက် ပိုက်ဆံရတာမျိုးက ပိုမကောင်းဘူးလားလို့ စဉ်းစားသာကြည့်လိုက်ပါ …”

READ
ဂြိုဟ်သားများရဲ့လက်သည်းနဲ့ ဦးခေါင်းခွံလို့ယူဆရတဲ့အရာကို ပီရူးသဲကန္တာရမှာ ရှာဖွေတွေ့ရှိ

” အခုဆိုရင် VIT က အပြာဇာတ်ကားဝက်ဘ်ဆိုဒ်တွေနဲ့ အဓိကချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး၊ သူတို့ဆီကနေ ပြစရာရှိတာတွေကို VIT ကတစ်ဆင့် သင်တို့ရှေ့မှောက်ကို ရောက်လာမှာပါ … ဒီအတွက် သင်တို့က အခကြေးငွေ ရရှိမှာပါ … အပြာဇာတ်ကားဖျော်ဖြေရေးဟာ ဒေါ်လာသန်းပေါင်းများစွာ ရင်းနီးမြှုပ်နှံရတဲ့လုပ်ငန်းဖြစ်ပြီး၊ ဒါကို သင်တို့ တို့ထိခံစားစေဖို့ VIT က စွမ်းဆောင်မှာပါ “လို့ ရေးသားထားပါတယ်။

အခုဆိုရင် VIT နဲ့ ချိတ်ဆက်မှု ပြုလုပ်ထားတာ Cams.com နဲ့ Exxxtasy ဝက်ဘ်ဆိုဒ်တို့ ဖြစ်ကြပြီး၊ မကြာမီမှာ တစ်ခြားဝက်ဘ်ဆိုဒ်တွေလည်း ပါဝင်ပူးပေါင်းမယ်လို့ VIT က ယုံကြည်နေပါတယ်။ အကြောင်းကတော့ မိမိတို့ ငွေကြေးရမယ့် ကိစ္စကို ဘယ်အပြာဇာတ်ကားဆိုဒ်က တာဝန်ရှိသူမဆို လိုချင်ကြမှာမို့လို့ပါဘဲ။ ဒီလိုပဲ အပြာကားကြည့်နေရင်း အလိုလို ဝင်ငွေတိုးစေမယ့် ကိစ္စရပ်ကို ဘယ်သူကမှ ငြင်းပယ်မျာ မဟုတ်ဖူးလို့ ဆိုပါတယ်။

နတ်စည်တော် (Shwemom)

source : unilad.co.uk

SHARE