အနောက်နိုင်ငံတွေမှာ ခေတ်စားနေတဲ့ Outdoor ရုပ်ရှင်ရုံအသေးစားလေးများ

[email protected] [email protected]

လက်ရှိ COVID 19 ဖြစ်ပွားနေတဲ့အချိန်မှာတော့ ရုပ်ရှင်ရုံတွေ၊ စားသောက်ဆိုင်တွေ၊ ပန်းခြံတွေ အစရှိတဲ့ အများပြည်သူ သွားလာနေတဲ့ နေရာတွေကို ပိတ်ထားကြပါတယ်။ ဒီလိုပိတ်ထားတဲ့အတွက်ကြောင့် လူတွေဟာ တစ်နေ့ပြီးတစ်နေ့ အိမ်မှာနေရင်း အချိန်တွေကို ကုန်ဆုံးနေကြရရှာပါတယ်။ ဒါပေမယ့် အနောက်နိုင်ငံက လူတစ်ချို့ကတော့ တော်တော်ကြံရည်ဖန်ရည်ရှိတဲ့ပုံပါပဲ။

COVID 19 ကာလမှာ ရုပ်ရှင်ရုံတော်တော်များများ ပိတ်ထားတာကိုတော့ အကုန်လုံးလည်း သိကြမှာပါ။ ရုပ်ရှင်ကြည့်တာကိုတော့ လူတိုင်းဝါသနာပါပါတယ်။ အခုလည်း အနောက်နိုင်ငံက အိမ်တော်တော်များများရှိ ခြံဝင်းထဲမှာ ကိုယ်ပိုင် ရုပ်ရှင်ရုံလေးတွေ ပြုလုပ်တာ ခေတ်စားနေကြောင်း Metro သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ဒီလိုခြံထဲမှာ ကိုယ်ပိုင်ရုပ်ရှင်ရုံလေးတစ်ခုဖြစ်အောင် လုပ်ဖို့ဆိုတာ အရမ်းလွယ်ကူပါတယ်။ Projector ကောင်းကောင်းတစ်လုံးရယ်၊ ပိတ်ကားဖြူအကြီးတစ်ခုရယ်ပါပဲ။ အဲဒီနှစ်ခုရှိတာနဲ့ ကိုယ်ပိုင်ရုပ်ရှင်ရုံလေးတစ်ခုဖြစ်အောင် လုပ်နိုင်ပါပြီ။ ပုံထဲမှာ တွေ့မြင်တဲ့အတိုင်းပဲ အိမ်ထဲက ဆိုဖာထိုင်ခုံလေးရယ်၊ စားစရာ သောက်စရာတွေတင်ဖို့ စားပွဲခုံတစ်လုံးလေးရယ်ရှိရုံနဲ့ တစ်ကယ့်ရုပ်ရှင်ရုံထက်တောင် ကောင်းမယ့် ကိုယ်ပိုင်ရုပ်ရှင်ရုံလေးတစ်ခု တည်ဆောင်နိုင်ပြီ ဖြစ်ပါတယ်။

ပြီးတာနဲ့ ကိုယ့်ဘော်ဒါအပေါင်းအသင်းတွေရယ်ပဲ ဖြစ်ဖြစ်၊ ကိုယ့်ချစ်သူနဲ့ပဲဖြစ်ဖြစ်၊ ကိုယ်မိသားစုနဲ့ပဲဖြစ်ဖြစ် အေးအေးဆေးဆးလွတ်လွတ်လပ်လပ် ကိုယ်ခြံလေးထဲရှိ ကိုယ်ပိုင်ရုပ်ရှင်ရုံလေးထဲမှာ ကြည့်ရှု့နိုင်ပြီ ဖြစ်ပါတယ်။

Pyi Hein Kyaw

SHARE