တောင်ကိုရီးယားမှာ သတ်စားခံရမယ့် ခွေး(၁၀၀)ကျော်ကို ကယ်တင်နိုင်ခဲ့တဲ့ ပရဟိတအဖွဲ့

[email protected]

တောင်ကိုရီးယားနိုင်တို့၊ တရုတ်နိုင်ငံတို့၊ ဗီယက်နမ်နိုင်ငံတို့ အစရှိတဲ့ နိုင်ငံတွေမှာ ခွေးသားရောင်ဝယ်ရေးဈေးကွက်တွေ အမြောက်အမြားရှိပြီး သူတို့နိုင်ငံသားတွေ တော်တော်များများကလည်း ခွေးသားကို နှစ်ခြိုက်စွာ စားသုံးလေ့ ရှိပါတယ်။ တစ်ကယ်တမ်းတော့ ခွေးသားဆိုတာ စားလို့လုံးဝမသင့်တော်တဲ့ အရာတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ ခွေးတွေဟာ လူတွေအပေါ်မှာ သစ္စာအရှိဆုံး တိရစ္ဆာန်တွေ ဖြစ်နေလို့ပါပဲ။ အခုလည်း မကြာသေးခင်က တောင်ကိုရီးယားနိုင်ငံက ခွေးသားရောင်းဝယ်ရေး ဈေးကွက်တွေကနေ ခွေးအကောင်ရေ(၁၀၀)ကို ကယ်တင်နိုင်ခဲ့ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ဒီလိုခွေးသားဈေးကွက်ထဲ တင်ပို့ရောင်းချဖို့အတွက် ခွေးမွေးတဲ့နေရာတွေက လယ်တောအိမ်တွေမှာပါ။ အဲဒီလိုလယ်တောအိမ်တွေမှာ ခွေးသားဈေးကွက်ကို ပို့ဖို့အတွက် မွေးမြူထားတဲ့ ခွေးတွေဟာ အခုအချိန်အထိ မြောက်မြားစွာရှိနေပါသေးတယ်။ လွန်ခဲ့တဲ့ ၂၀၂၀ မေလကစပြီး HSI(Human Society International) အဖွဲ့အစည်းနဲ့ တောင်ကိုရီးယာလယ်သမားအဖွဲ့အစည်းတို့ ပူးပေါင်းပြီးရောင်းဖို့ မွေးထားတဲ့ခွေးတွေကိုဝင်ရောက်ဖမ်းဆီးကယ်တင်ခဲ့ရာ အကောင် ၇၀ ကျော် ဖမ်းဆီးရရှိခဲ့သလို တရားမဝင်ဖွင့်ထားတဲ့ ခွေးသားရောင်းချတဲ့ဆိုင်တွေကို ဝင်ရောက်ဖမ်းဆီးခဲ့ရာ ခွေးအကောင်ရေ ၄၀ ကျော် ဖမ်းဆီးရရှိခဲ့မိပါတယ်။

READ
MRI ဓာတ်မှန်စက်ရဲ့ သံလိုက်ဆွဲငင်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသား

 

[email protected]

The 70+ dogs rescued from a South Korean dog meat farm, along with 30+ additional dogs saved from the dog meat trade, are about to embark on their journey to the U.S.! Donate NOW to help us continue our fight to end animal cruelty.

Posted by Humane Society International on Tuesday, 14 July 2020

အခုဒီလိုဖမ်းဆီးရရှိခဲ့မိတဲ့ ခွေးအကောင်ရေ ၁၀၀ ကျော်ကို HIS အဖွဲ့အစည်းက ဦးဆောင်ပြီး အမေရိကန်နိုင်ငံရှိ Virgina ပြည်နယ်၊ Pennsylvania ပြည်နယ်၊ New Jersey ပြည်နယ်၊ Maryland ပြည်နယ်နဲ့ New York မြို့ရှိ ခွေးဂေဟာတွေကို ပို့ဆောင်သွားမှာဖြစ်ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

READ
ချစ်သူဟောင်းကို အရှက်ခွဲခဲ့တဲ့ အမျိုးသမီး၊ လျှော်ကြေး ဒေါ်လာတစ်သိန်းခွဲ ပေးရမည်
[email protected]

Pyi Hein Kyaw

SHARE