သြစတေးလျတောမီးလောင်မှုကြောင့် Koala ပေါင်း(၁၀၀၀) ကျော် သေဆုံးခဲ့ကြောင်း သိရ

Facebook/Koala Hospital Port Macquarie

သြစတေးလျနိုင်ငံမှာ ပြင်းထန်တဲ့ တောမီးတစ်ခုလောင်ကျွမ်းခဲ့တာပါ။ အဲဒီတောမီးလောင်မှုကြောင့်  Koala အကောင်ပေါင်း ၁၀၀၀ နီးပါးလောက် သေဆုံးခဲ့တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ ဒီလို ပြင်းထန်တဲ့ တောမီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့်ခဲ့ရတဲ့  Koala လေးတွေလည်း ရှိသလို၊ မီးလောင်ဒဏ်ရာကြောင့် သေဆုံးခဲ့ရတဲ့ Koala တွေလည်း အပါအဝင်ပါ။

တောမီးငြိမ်းသတ်နေတဲ့ မီးသတ်သမားတွေကတော့ တောထဲကနေ  Koala အကောင်လေးတွေကို ကယ်ဆယ်လာခဲ့တဲ့ ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။ တောမီးရဲ့ လက်ထဲကနေ လွတ်မြောက်လာတဲ့ Koala  အကောင်လေးတွေကို ရေတိုက်နေတဲ့ ပုံလေးတွေက ခံစားမှုတစ်စုံတစ်ရာကို ပေးနိုင်မှာပါ။

Facebook/Koala Hospital Port Macquarie

သြစတေးလျနိုင်ငံရဲ့  Koala ဖောင်ဒေးရှင်းရဲ့ ဥက္ကဌဖြစ်သူ Deborah Tabartကတော့ ဒီလိုတောမီးလောင်ကျွမ်းမှုကြောင့် Koala လေးတွေရဲ့ အသိုက်အမြုံ၊ သဘာဝတွေကို ၈၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ သူက တောထဲမှာ မီးသင့်ပြီး သေဆုံးခဲ့ရတဲ့ Koala တွေ၊ တောမီးထဲကလွတ်လာပေမယ့်လည်း မီးခိုးမွှန်လို့ သေဆုံးသွားခဲ့တဲ့ Koala တွေ၊ ရောဂါရသွားတဲ့ Koala လေးတွေ စုစုပေါင်း သေဆုံးမှုကို တွက်ကြည့်ရင် နှစ်လအတွင်းမှာ အကောင် ၁,၀၀၀ လောက် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ သူဟာ ဒီလို Koala လေးတွေ သေဆုံမှုနဲ့ ပတ်သက်ပြီး တောမီးလောင်ကျွမ်းမှုကို ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဖို့ အစိုးရကို တိုက်တွန်းထားတာပါ။

ဒီလို Koala လေးတွေ အစုံလိုက်အပြုံလိုက်သေဆုံးမှုဟာ Koala မျိုးသုဉ်းပျက်စီးခြင်းနဲ့ ကြုံတွေ့နိုင်ချေရှိတယ်လို့လည်း ဆိုပါတယ်။  ဘာကြောင့်လဲဆိုတော့ Koala လေးတွေဟာ သြစတေးလျနိုင်ငံမှာပဲ အများအပြားတွေ့နိုင်ပြီး Koala ကို တွေ့နိုင်တဲ့ နေရာတွေဖြစ်တဲ့ ကျန်တဲ့ New South Wales ဒေသတွေမှာ အကောင်ရေ ၁၆ သိန်းနဲ့ ၁၈ သိန်းကြားမှာ မရှိနိုင်တော့ဘူးလို့ Tabartက အချက်အလက်တွေနဲ့ ပြောဆိုခဲ့ကြောင်း Metro သတင်းစာက ဖော်ပြခဲ့ပါတယ်။

Bellangry SF Kate

Bellangry State Forest (SF) Kate on the day she was found in burnt out country by Darrel. He may have got the sex wrong, but he did the right thing by gently capturing her using a big blanket and bringing her to us. Bellangry SF Kate has burns to hands, feet, face and full singeing of her body. She arrived very dehydrated and is now in the 5 star service burns ward at the Koala Hospital.

Posted by Koala Hospital Port Macquarie on Wednesday, 13 November 2019

 Koala  လေးတွေပြန်လည်ကောင်းမွန်လာစေဖို့အတွက် ဖောင်ဒေးရှင်းတွေ၊ ပရိဟိတအဖွဲ့တွေက စုပေါင်းပြီး လှူဒါန်းမှုများလည်း ပြုလုပ်နေကြပါတယ်။

 

READ
တစ်ချို့က မကောင်းဆိုးဝါး၊ တစ်ချို့က ကာယနတ်ဘုရားမဆိုပြီး ပြောနေကြတဲ့ ကာယအလှမယ်

YYK

SHARE