Austria နိုင်ငံတွင်းရှာဖွေတွေ့ရှိခဲ့တဲ့ နှစ်ပေါင်း ၅၀၀ သက်တမ်းရှိ အမျိုးသမီးဝတ်အတွင်းခံများ

Mary Pehlps Jacob ဟာ သမိုင်းတစ်လျှောက် အမျိုးသမီးဖက်ရှင်လောကမှာ အတော်ဆုံး ဒီဇိုင်နာတစ်ယော်အဖြစ် ကျော်ကြားခဲ့သူတစ်ဦးပါ။

ယခုအမျိုးသမီးများဝတ်ဆင်နေတဲ့ ဘရာပုံသဏ္ဍာန်ကို Mary Pehlps Jacob မှ စတင် တီထွင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီမတိုင်ခင်တုန်းက အမျိုးသမီးတွေမှာ ဝတ်စရာအတွင်းခံဆိုလို့ corsets တွေသာရှိခဲ့တာပါ။

Corset တွေဟာ သက်တောင့်သက်သာမရှိဘဲ ခန္ဓာကိုယ်ကိုပူစေတာကြောင့် ခေတ်မီဘရာများတီထွင်ပြီးနောက်ပိုင်းမှာတော့ အမျိုးသမီးအများစုဟာ corset တွေကို ပစ်ပယ်ခဲ့ကြပါတယ်။ Mary Pehlps Jacob တစ်ယောက် ဘရာစထွင်တုန်းက ၁၅၁၄ ခုနှစ်လောက်ကဖြစ်ပြီး အဲဒီအချိန်တုန်းက Leonardo Da Vinci တောင်မှ သက်ရှိထင်ရှားရှိနေဆဲပါ။

Image credits: Aufbauwerk der Jugend – Berufsvorbereitung Schloss Lengberg

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက Austria ရဲ့ ရဲတိုက်ထဲမှာ Mary Pehlps Jacob ရဲ့ လက်ရာလို့ ယူဆရတဲ့ အမျိုးသမီးဝတ်အတွင်းခံတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သက်တမ်းအရတော့ နှစ်ပေါင်း ၅၀၀ ကျော်ရှိနေပြီလို့ယူဆရပြီး ဖျင်ပိတ်စနဲ့ပြုလုပ်ထားတာကြောင့် အရင်ပိုင်ရှင်မှ သေချာသိမ်းဆည်းထားသော်လည်း စုတ်ပြတ်ဟောင်းနွမ်းသွားခဲ့ပါပြီ။

READ
မိန်းကလေးကို ခွေးရန်မှ ကာကွယ်ပေးရင်း မျိုးပွားအင်္ဂါကိုခွေးကိုက်ခံလိုက်ရတဲ့အမျိုးသား
Universität Innsbruck

Austria ရဲ့ Tyrol အရှေ့ဖက်ပိုင်း Langberg ရဲတိုက်ရဲ့ လျှို့ဝှက်ခန်းထဲမှာ အတွင်းခံများကို ရှာတွေ့ခဲ့တာပဲဖြစ်ပါတယ်။

Universität Innsbruck

နှစ်တွေကြာပြီမို့ ပုံပျက်နေပြီဆိုပေမယ့် ယနေ့ခတ်ဘရာများနဲ့ လွန်စွာဆင်တူနေတာကို တွေ့ရမှာပါ။

Universität Innsbruck

ဒီအတွင်းခံဘောင်းဘီကိုလည်း တစ်ဆက်တည်းတွေ့ရှိခဲ့ရပါတယ်။

Universität Innsbruck
Universität Innsbruck

ဒီအပြင် အတွင်းခံဘောင်းဘီဟု ယူဆရတဲ့ ဘောင်းဘီဇကတစ်ခုကိုလည်း တွေ့ခဲ့ရပါသေးတယ်။ အမျိုးသမီးဝတ်လား အမျိုးသားဝတ်လားဆိုတာကတော့ ခွဲခြားလို့ မရနိုင်ခဲ့ပါဘူး။

Universität Innsbruck

အောက်မှာဖော်ပြထားတဲ့ အတွင်းခံနဲ့ ချွေးခံတွေကို အစုလိုက်အပြုံလိုက်ရှာဖွေတွေ့ရှိခဲ့တာပါ။

Universität Innsbruck

Source: Boredpanda

Penny

 

SHARE