ခွေးတွေ အတွက် ကျိန်စာသင့်တံတား (သို့) Overtoun Bridge

စကော့လတန်နိုင်ငံ၊ ရှေးဟောင်းအဆောက်အဦကြီးတစ်ခုနဲ့ ဆက်သွယ်ထားတဲ့ တံတားတစ်စင်းရဲ့ ထူးခြားချက်ကိုေ တာ့ နှစ်ကာလအလွန်ကြာမြင့်သည်အထိ ဒေသခံတွေက နားမလည်ကြသေးပါဘူး။ အကြောင်းကတော့ အဲဒီတံတားေ ပ်ါကနေ ခွေးတွေဟာ အခြားအကြောင်းပြချက် တစ်စုံတစ်ရာ မရှိပါဘဲ ခုန်ချသေကြောင်းကြံလေ့ရှိလို့ပါ။

JOHN GUNION- THE SUN GLASGOW

အဆိုပါ တံတားရဲ့ မူလအမည်က Overtoun Bridge ဖြစ်ပြီး၊ စကော့တလန်နိုင်ငံ Dumbarton မှာ တည်ရှိပါတ ယ်။ ဒါပေမယ့် ခွေးတွေဟာ သခင်အမိန့်မပေးရပါဘဲ၊ ဒါမှမဟုတ် တစ်ခြားအကြောင်းပြချက်မရှိပါဘဲ အောက်ကို ခုန်ချသေကြောင်းကြံလေ့ရှိကြလို့ မူလနာမည်ကို ဒေသခံတွေက မခေါ်တော့ဘဲ  ‘Dog Suicide Bridge’ လို့ ခေါ် တွင်ကြပါတယ်။အဲဒီတံတားပေါ်က ခွေးတွေ ခုန်ချတာကို သခင်တွေက အကြောင်းမဲ့ ငေးမောနေကြရပြီး၊ သူတို့ခွေးတွေ သေဆုံးတာကို ဘာအကူအညီမှ မပေးနိုင်ဘဲ ကြည့်နေရပါတယ်။ ဒါကြောင့်လည်း  ‘Dog Suicide Bridge’ လို့ နာမည်ကျော်ခဲ့တာပါ။ ထူးခြားချက်ကတော့ နှုတ်သီးရှည်ခွေးမျိုးဖြစ်တဲ့ Retriever ခွေးတွေ အများဆုံး ခုန်ချသေဆုံးကြတယ်လို့ သိရပါတယ်။

READ
လူတွေကြောက်သွားဖို့အတွက် ခွေးတစ်ကောင်ကို မိကျောင်းယောင်ဆောင်ခိုင်းလိုက်သောအခါ
JOHN GUNION- THE SUN GLASGOW

နောက်ထပ် ထူးခြားချက်က ရာသီဥတုပွင့်ပွင့်လင်းလင်းရှိချိန်မှာသာ ဒီလိုအဖြစ်မျိုး ဖြစ်လေ့ရှိပြီး၊ တံတားအလယ်ကနေ သာ ခုန်ချလေ့ရှိတယ်လို့ သိရပါတယ်။ ဒါကတော့ ဒီတံတားရဲ့ ထူးခြားချက်တွေဖြစ်ပြီး၊ အခုအချိန်ထိ ဘယ်လိုအေ ကြာင်းတွေကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာကို ဘယ်သူမှ မဖော်ထုတ်နိုင်သေးပါဘူး။ဒါပေမယ့် တိုက်ဆိုင်တဲ့ အကြောင်း အရာလေးတော့ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတံတားလေးဟာ Overtoun House အိမ်ကြီးရဲ့ တစ်စိတ်တဒေသမှာ ပါဝင်ပြီး၊ အဲဒီအိမ်ကြီးမှာနေထိုင်ခဲ့တဲ့ Lady Overtoun အမည်ရ အမျိုးသမီးဟာ 1931 ခုနှစ်မှာ သေဆုံးသွားခဲ့ပါ တယ်။ သူမရဲ့ နာမည်ကို White Lady လို့လည်း ခေါ်ကြပါတယ်။

JOHN GUNION- THE SUN GLASGOW

1908 ခုနှစ်နောက်ပိုင်း ခင်ပွန်းသည် Baron Overtoun သေဆုံးသွားခဲ့ပြီးနောက် White Lady ဟာ အဲဒီ အိမ်ကြီးမှာ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ အချိန်ကုန်နေခဲ့ပါတယ်။ သူမ သေဆုံးချိန်မှာ အရမ်းချစ်ခင်ရတဲ့ အိမ်ေ မွးခွေးတွေ များစွာကျန်ရစ်ခဲ့ပါတယ်။ အများကတော့ White Lady ဟာ အိမ်မွေးတိရစ္ဆာန်လေးတွေကို စွဲလမ်းပြီး၊ မကျွတ်လွတ်ဘူးလို့ ယူဆကြပါတယ်။

READ
ခွေးချည်ထားတာကို သတိမထားမိဘဲ ကားမောင်းခဲ့လို့၊ ဒဏ်ရာပြင်းထန်ခဲ့တဲ့ ခွေးလေး
JOHN GUNION- THE SUN GLASGOW

တံတားဝန်းကျင်မှာ သူမရဲ့ ၀ိဉာဉ်ကို အရိပ်အယောင်ပုံစံ မကြာခဏ တွေ့ရှိသူတွေရှိပြီး၊ တမလွန်ကနေ ခွေးတွေကို သူမက ခေါ်ယူနေသလားဆိုတာ စဉ်းစားစရာပါ။ 2015 ခုနှစ်တုန်းကတော့ ပေ 50 အမြင့်ကနေ ခုန်ချတဲ့ခွေးတွေ အနက် တစ်ကောင် အသက်ရှင်ခဲ့ပါသေးတယ်။ ခွေးပိုင်ရှင်ကတော့ Alice Trevorrow ဖြစ်ပြီး၊ သူမကတော့ ဒီအဖြစ်အပျက် မြင်ပြီး အတော်လေး စိတ်ခြောက်ခြားခဲ့ရတယ်လို့ ဆိုပါတယ်။

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE